တစ်ယောက် ယောက်ဆီကို သွားမယ်။ ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်မယ် , ညနေ ခြောက်နာရီခွဲလောက်ဆို အိမ်ပြန်မယ်။ အစ တုန်းက
ဒီလို ရည်၇ွယ်ခဲ့ ပေမယ့်  လမ်းမှာ နေလင်းအောင်နှင့် တွေ့ ပြီး သီရီမင်္ဂလာဈေးကို အဖော်လိုက်ခဲ့ ရတယ်။
ကျွန်တော်တို့ နှစ်ယောက် ဘူတာရုံလမ်းမှ နေ ပြီး 102 စီး ကာသွားရာတွင် နေလင်းအောင်က ကျွန်တော့် ကို
( ဒီမှာ ကိုရဲ သရဲတစ္ဆေ တွေကို မင်းယုံလား ) လို့  အစပ်အဆက် မရှိသော မေးခွန်းကို လာမေး၏ ကျွန်တော်ကလည်း ( မယုံဘူးရယ်လို့ တော့ 
မဟုတ်ပါဘူး မကြုံ ဘူးသေးတော့ ငါလည်းမသိဘူး ကွ ) လို့ ပြန်ပြောလိုက်ရာ သူက (မယုံဘူးဆိုရင် ငါပြတဲ့ သူကို မင်းသေသေချာချာကြည့် သူ့ မျက်
လုံးထဲမှာ မင်းအရိပ်က ဇော်ထိုးဖြစ်နေလိမ့် မယ် ) လို့  ထူးထူးဆန်းဆန်းစကားကို ပြောရာ ကျွန်တော်ကလည်း
( မဖြစ်နိုင်ပါဘူးကွာ အရိပ်က ဇောက်ထိုးပေါ်ရဦးမယ် ) သူက
( မင်းမယုံရင် ငါဈေးရောက်လို့ ပြရင် ကြည့်ပေါ့ ကွာ ) လို့  သူက ပြောရင်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားစပြတ်သွားတယ်
ကျွန်တော်လည်း ကျွန်တော့် အတွေးနဲ့ ကျွန်တော်လိုက်ပါလာခဲ့ တယ်, ဒါနဲ့ ပဲ ဈေးရောက်တော့ ကားပေါ်ကကျွန်တော်တို့ နှစ်ယောက်ဆင်း, ဈေး
ရုံထဲမှာ ၀ယ်စရာရှိတာ ၀ယ်ပြီး ပြန်ခါမယ်လုပ်မှ သူက ကျွန်တော့် ကို
( ဟေ့ ကောင် ....လာလိုက်ခဲ့ မင်းကိုပြမယ် ) လို့ ဆိုပြီး အမဲသားရောင်းတဲ့ ဆိုင်ကို ခေါ်သွားတယ် ပြီးတော့ အမဲ သားဆိုင်ရဲ့ မလှမ်းမကမ်းကနေပြီး
သူက ကျွန်တော့် ကို ( ကိုမိုး မင်းအမဲသားရောင်းတဲ့ ဆိုင်ရှင်အဒေါကြီးရဲ့ မျက်လုံးကိုသေသေချာချာကြည့် ကြည့် သူ့ မျက်လုံးထဲမှာ လူအရိပ်တွေ
ဇောက်ထိုးပေါ်နေလိမ့် မယ် ) လို့ ကျွန်တော့်အားတီးတိုးပြော၏ ကျွန်တော်လည်း သူပြောတာကို မကြည့်ပဲ စိတ်ထဲမှာ( ဒီကောင်တော့  တော်တော်
ရူးသွားပြီလား မသိဘူး) လို့ တွေးလိုက်သေးတယ် ။ ပြီးမှ သူပြတာကို ကြည့်မိသည်
( ဟာ ဟေ့ ကောင် ဘယ်လိုလို့ မြင်ရမှာလဲ ဒီလောက်အဝေးကြီးကို ) လို့ သူ့ အားပြောရာ...သူက
( အေး ဟုတ်သားပဲ ဒါဖြင့် ဒီလိုလုပ်ကွာ ငါမှာ ငါးရာ ပိုသေးတယ် မင်း သူ့ ဆိုင်က အမဲ သားသွားဝယ်
( ရင်း ကြည့်ခဲ့  ...........) လို့ ပြောပြီးကျွန်တော့် အား ပိုက်ဆံ ငါးရာထုတ်ပေး၏ ကျွန်တော်လည်း သူပေးတဲ့ ပိုက်ဆံ
ကို လက်ထဲမှာဆုပ်ကိုင်ရင်း အမဲသား သွားဝယ်ရလေသည်။ ဆိုင်ရှေ့ေ၇ာက်တော့  ဆိုင်ရှင် အဒေါ် ကြီးကို သေသေချာချာ ကြည့်မိတယ်။
အသားညိုညို ၀၀ ဖိုင်ဖိုင်ကြီး လက်မှာလည်း လက်ကောက်တွေ လေးငါးကွင်း , လည်ပင်းက ဆွဲကြိုးလုံးကြီင်္းကလည်း လက်ညိုးလုံးအရွယ်လောက်ရှိတယ်
အဲဒါနဲံကျွန်တော်လည်း...............( အန်တီ အမဲ သား တစ်ဆယ် သားဘယ်လောက်လဲ လို့ မေးလိုက်တယ် ) သူကလည်း ကျွန်တော့် ကိုကြည့်ပြီး
( တစ်ဆယ်သားကို လေးရာငါးဆယ် သားရေ .......... ) လို့ သူကလည်း ပြန်ပြော၏ ဒါနဲ့ ကျွန်တော်လည်း အမဲ သား တစ်ဆယ်သားလို့  ပြောပြီး ၀ယ်တယ်
သူက အမဲသားကို ခုတ်ထစ် ပြီး ချိန်ခွင်မှာချိန် ပြီးတော့ ကျွတ်ကျွတ်အိတ်ထဲထည့် ပြီးတော့  ကျွန်တော့်ကိုပေး , ကျွန်တော်လည်း လက်ထဲကကိုင်ထားတဲ့ 
ငါးရာတန်လေးကို သူ့ ကိုလှမ်းပေးရင်း သူ့ မျက်လုံးအိမ်ကို သေသေချာချာကြည့်လိုက်မိတယ်။
( ဟာ.......ဟုတ်တယ်ဟေ့  ) သူ့ မျက်လုံးအိမ်ထဲက ပုံရိပ်တွေက တကယ့် ကို ဇောက်ထိုးကြီး ကျွန်တော်လည်း အံ့ သြသွားပြီး သူပေးတဲ့ အမဲ သားထုပ်
လေးနဲ့ ပြန် အိမ်းငွေ ငါးဆယ်တန်လေးကို ယူပြီး သူငယ်ချင်းနေလင်းအောင်ဆီပြန်လာ ။ နေလင်းအောင်ကတော့  ကျွန်တော့် ကိုကြည့် ပြီး
( ဟေ့ ကောင် တွေ့ ခဲ့ လား ) လို့ မေးတယ် ။ ကျွန်တော်လည်း အံ့ သြစွာဖြင့်  ( အေးကွာ .....တွေ့ ခဲ့ တယ် တော်တော်ထူးဆန်းတာပဲ ငါ့ ပုံ၇ိပ်ကလည်း
ဇော်ထိုးကြီးကွ ) လို့ ပြန်လည်းပြောရော.......သူက ( မင်းအခု ယုံပြီ မှတိလား ငါပြောသားပဲ အဲဒီအန်တီကြီးက စုန်းတွေ ကဝေတွေတတ်ပါတယ်လို့  )
ကျွန်တော်ကလည်း............. ( ငါတော့ ကွာ အခုမှသာ ကြုံဘူးတာ တစ်ခါမှ ဒီလို အဖြစ်မျိုးမြင်ဘူး ကြုံဘူးတာ မဟုတ်ဘူးကွ ) လို့ ပြောရင်း
ကျွန်တော်တို့ နှစ်ယောက် ကားဂိတ်ကိုရောက်ခဲ့ တယ် မကြာမီ စီးရမယ့် ကားလာတာနဲ့ နှစ်ယောက်သားစီးရင်း ပြန်လာခဲ့ တယ်
ကားပေါ်မှာ တော့  အတွေးကိုယ်စီ ဖြင့်.......... ဆင်းရမယ့် မှတ်တိုင်မှာ ဆင်းပြီး သူက ကျွန်တော့် ကို ..........
( ကိုမိုး မင်း အမဲသားထုပ်ကို အိမ်ယူသွားကွာ ငါတို့ အိမ်က အမဲသား မစားဘူး အမဲ သားယူလာရင် အမေ့ ဆူလိမ့် မယ် )
လို့ ပြောရင်း လက်ထဲကို အမဲ သား ထုပ်ကြီးထည့် ပေး၏ ကျွန်တော်လည်း အလကားရတဲ့ ပစ္စည်းဆိုပြီး လက်ကကိုင်ကာ အိမ်ကို ယူခဲ့ လေ၏
အိမ်ရောက်တော့ အမေက ( ဟဲ့  သား ဘာတွေယူလာတာလဲ )လို့  မေးရာ ကျွန်တော်က ( အမဲ သား လေ အမေ သူငယ်ချင်းတစ်ယောက် ကျွန်တော်စား
ချင်တယ်ဆိုလို့  ၀ယ်ပေးလိုက်တာ ) လို့ ပြောလိုက်ရာ အမေက ......( ကြံကြံဖန်ဖန်ဟယ် ...) ဟုဆိုကာ အမဲ သားထုပ်လေးကို ကိုင်ပြီး မီးဖိုချောင်ထဲဝင်သွား၏
အဲဒီ ညတော့ ကျွန်တော် အမဲ သားချက်နဲ့ အာလူးရောချက်ကို ကောင်းကောင်းကြီးစားပြီး အိပ်လိုက်တာ ည ဆယ့် နှစ်နာရီလောက်ရောက်တော့  ကျွန်တော်ဖျတ်
ခနဲ ဆို လန့် နိုးသွားတယ်။ ပြီးတော့ ဗိုက်ထဲကရစ်ပြီး အောင့် လာတာကိုမခံနိုင်တာနဲ့ ကျွန်တော် အိပ်ရာကထပြီး အိမ်သာမှာသွားထိုင် , ထိုင်တာပဲ အဖက်တင်တယ်..ဘာမှလည်းမထူးဘူး ဗိုက်ကတော့ အောင့် မြဲအောင့် ဆဲ။ ဒါနဲ့ ကျွန်တော် အိပ်ရာထဲ ပြန်ဝင်ပြီး ပြန်စဉ်းစားမိတယ်
( ငါ ဘာများ အစားမှားသွားလဲလို့  ) အစားလည်း မမှားပါဘူး ,ဒါဆိုရင် .....။
( အမလေးဗျာ ....အောင့် တယ် အောင့် တယ် ....) ကျွန်တော့် အတွေးတွေ ဆုံးတောင်မဆုံးလိုက်ပါ။ ဗိုက်က အရင်ကထက် ရှစ်ဆလောက် ပိုအောင့် လာသဖြင့်  ငယ်သံပါအောင် အော်ဟစ်လိုက်လေတော့ တယ်။ တစ်အိမ်လုံးနိုးလာပြီး မီးတွေဖွင့်  ပြီးတော့ ကျွန်တော်ဆီကို အရင်ဦးဆုံးပြေးလာတာက
အမေ ........( သား .......သား........ဘာဖြစ်တာလဲ )လို့ မေးပြီး ကျွန်တော့ တစ်ကိုယ်လုံးကို ဟိုစမ်း ဒီစမ်း လျှောက်စမ်း၏
( အား အား နာတယ် နာတယ် အမလေးဗျာ ........ ) ကျွန်တော်ကလည်း အော် ,ကျွန်တော် အမေကလည်း ဟိုကိုင်ရမလို ဒီကိုင် ရမလိုဖြစ်, အဖေကတော့ 
(ဒီကောင် ဘာအစားမှားလဲ မသိဘူး ) ဟု ဆိုပြိး ကျွန်တော့ အား ဆေးတိုက်ရန် ဆေးပုလင်းတွေကို လိုက်ရှာနေ၏ ။
( အမလေးဗျာ အောင့် တယ် အောင့် တယ် ဟီးး ဟီးး )
အမေက ......( ဘာအောင့် တာလဲ သား ပြောလေ ဗိုင့် အောင့် တာလား ဘာတွေအစားမှားလို့ လဲ ) လို့ ဆိုပြီး ကျွန်တော့် ဗိုက်ကို နှိပ်ပေး၏ အဲဒီအချိန်မှာ
ဖြစ်ချင်တော့ ကျွန်တော့် ပါးစပ်က ( အောင့် တာမဟုတ်ဘူး ...ပြုစားခံရတာ စုန်းမကြီး ပြုစားတယ် ............စုန်းမကြီးပြုစားတယ် .)
လို့ ယောင်ပြီး ပြောထွက်သွားတယ် ။ အဲဒီ အခါအမေက ( ဘယ်က စုန်းမကြီးလဲ......နင်ဘာတွေပြောနေတာလဲ )လို မေးတော့  ကျွန်တော်က ( သီရီမင်္ဂလာဈေး
က စုန်းမကြီးဗျာ အား.......ဟ..........ဟား...........အီး...........) ပြောလဲ ပြော အော်လည်းအော်ရော ချက်ချင်းပဲ ကျွန်တော့် အမေက ကျွန်တော့် အနားက ခွာပြီး
အဖေ့ နားကို ကပ်သွားတယ် ။ ပြီးတော့ ပါးစပ်ကလည်း...............( အဖေကြီးရေ............တော့် သားတော့  သရဲကပ် လာပြီထင်တယ် အမဲသားစားချင်လို့ လား
မသိဘူး မေးမြန်းကြည့်ပါဦး ) လို့ ပြောလဲ ပြောရော ဗိုက်အောင့် နေတဲ့ ကျွန်တော့် မှာမျက်လုံးပြူံးသွားတယ်။ အဖေကတော့  ကျွန်တော့ ကိုကြည့်ပြီး လေသံ
အေးအေးဖြင့်  အမေ့ ကို..................
( မင်းပြောသလိုဖြစ်လိမ့် မယ်ကွ ငါလည်း မလုပ်ရဲ မကိုင်ရဲဘူး မနက်ဖြန်ကြမှ ဆရာဦးခင်မောင်ဝင်းကို သွားခေါ်ပြီးကုသရမယ် )လို့ လဲ ပြောလဲ ပြောလိုက်ရော
ကျွန်တော် မျက်လုံးပိုပြူံးသွား၏ အဘယ်ကြောင့် ဆိုသော် ဆရာဦးခင်မောင်ဝင်းဆိုသူမှာ ပယောဂ ကုရာတွင် အလွန် နာမည်ကြီးသောဆရာဖြစ်သည်။
သရဲပူးသောသူသည် သူ့ မျက်နှာမြင်ရင် ပြန်ထွက်၏ ပြန်မထွက်ပဲ အာခံရင်တော့  သူ့ ရဲ့ ဆေးကြိမ်လုံးဆိုလား ဘာဆိုလား နွားရိုက်တဲ့ ကြိမ်လုံးနဲ့ ခပ်ဆင်ဆင်
ကြိမ်လုံးရှိတယ်။
အဲ အဲဒါနဲ့ လှိမ့် ဆော်တော့ တာပဲ သရဲ ထွက်မထွက်တော့ မသိဘူး။ ဆရာပြန်သွားပြီးရင် လူနာကတော့ တစ်လနီးပါးလောက် လေးဘက်ထောက်သွားရတယ်။
အခုလည်း အဲဒီဆရာခေါ်မယ်ဆိုတော့ အသံကြားတာနဲ့ ကျွန်တော့် ဗိုက်ပို့ အောင့် လာသလိုပဲ။
( အမလေးဗျာ...........အမလေး ဟီးဟီး.....................)။
နောက်တစ်နေ့  ကျွန်တော် အိပ်ရာကနိုးတော့  မနက် ရှစ်စရာထိုးနေပြီ။ ညက ဘယ်ကဘယ်လို ဗိုက်အောင့် ရင်းကနေ အိပ်ပျော်သွားတာလဲ မသိ။ မနက်အိပ်
ရာထတော့ အကောင်းသားပဲ။ ဗိုက်လည်းမအောင့် တော့ ဘူး။ အဲဒါနဲ့ ကျွန်တော်မျက်နှာသစ်ဖို့ အိမ်ရှေ့ အလာ ပထမဆုံး ကြားလိုက်ရတဲ့ အသံက အမေ့ အသံ
( ဟော ဟော လာပြီဆရာ .......ဆရာ လာပြီ ) လို့ အသံလည်း ကြားရော ကျွန်တော်သေသေချာချာ ဧည့် ခန်းထဲကိုကြည့် လိုက်တော့  နှုတ်ခမ်းမွေး စစ,
အပေါ်မည်း အောက်အမည်းဆင်တူဝတ်စုံနဲ့ ပယောဂ ဆရာ ဦးခင်မောင်ဝင်းကို သွားတွေ့ တယ် ။ သူ့ လက်ထဲမှာလည်း ကြိမ်လုံးကြီးနဲ့ ။
ဧည့် ခန်းထဲမှာအဖေရယ် , အမေရယ် , ဦးခင်မောင်ဝင်းရယ် သုံးယောက်သားထိုင်ပြီ့း  ကျွန်တော့ ကို ကြည့် နေလိုက်တာ ကမ္ဘာဦးသတ္တ၀ါ တစ်ကောင်ကို
မမြင်ဘူးလို့ ကြည့်နေတဲ့ မတိုင်းပဲ ။ ကျွန်တော်လည်း သူတို့ ကို မချိသွားဖြဲလေး ဖြဲပြပြီး အိမ်ရှေ့ ထွက်ပြီး မျက်နှာသစ်မယ်အလုပ်............
( ဖြန်း ...........ဖြန်း...............ဟေ့ ကောင် သီဟ အနားလာစမ်း.......) မာကြောလှသော အထက်စီးလေသံပေါ်င်းပြီး ပိုင်ပိုင်နိုင်နိုင်ခေါ်လိုက်တဲ့ အသံရှင်ကတော့  ပယောဂဆရာဦးခင်မောင်ဝင်းပဲ ဖြစ်တယ် ။ ကျွန်တော်လည်း ပထမတော့ ကြောင်သွားတယ်ပြီးမှ လေသံနှင့် ....................
( ဘာဖြစ်လို့ လဲ ဆရာ ) လို့ ပြန်လည်းပြောလိုက်ရော အဲဒီမှာတင် ပိုစိုးပါလေရောဗျာ။
ဆရာ.............. .( ဘာကွ ...မင်းက ငါ့ ကို အာခံတယ်ဟုတ်လား )
ကျွန်တော် ............... ( အာမခံပါဘူးဗျာ မျက်နှာသစ်ဖို့ ထွက်လာတာပါ )
ဆရာ .................... (ကြည့် စမ်း ကြည့်စမ်း မြေဖုတ်ဘီလူး အဲဒါမြေဖုတ်ဘီလူးကွ ) လို့ ဆိုပြီး ကျွန်တော့် မိဘ များဘက်ကို လှည့် ပြီးပြောလိုက်၏
ကျွန်တော်ကလည်း ( မြေဖုတ်ဘီလူးတော့ မရှိဘူး ဆရာစားချင်ရင်တော့ မနက် ဆယ်နာရီဆိုရင် လမ်းထိပ်မှာ ပြောင်းဖူးဖုတ်ရောင်းတဲ့ အသည်တော့ ရှိတယ်
လို့ ပြောလိုက်ရာ.......ဆရာဦးခင်မောင်ဝင်းက ကျွန်တော့်အဖေဘက်ကိုလှည့် ပြီး ( ဒီကောင့် ကို ကျုပ်ရှေ့ ကို ရအောင် ခေါ်ခဲ့ ဗျာ ).......လို့ ကျွန်တော့်အဖေကို
ပြောလိုက်တော့ ကျွန်တော့ အဖေကလည်း ထလာကာ......................
( ဟေ့ ကောင်လာခဲ့ ) ဆိုပြီး ကျွန်တော့ ကို ဂုတ်ကိုကိုင်ကာ ပယောဂဆရာ ရှေ့ ကို အတင်းဆွဲခေါ်, သူ့ေ၇ှ့ ရောက်တော့ ထိုင်ခိုင်းပြီး ဆရာဦးခင်မောင်ဝင်းက
( မောက်တိုမောက်ရှည် လက်တိုလက်ရှည်
ကူလီကူမှာ ကြာလီကြာမှာ မလုပ်ပဲ ထွက်စမ်းဟဲ့ မြေဖုတ်ဘီလူး ) ဟုဆိုပြီး ကျွန်တော့်၏ ကျောပြင်အား နွားရိုက်တဲ့ ကြိမ်လုံ့းဖြင့် တအားလွဲရိုက်ရာ
( ဖျန်း )
( အား .....သေပါပြီဗျ )
(အောင်မယ် ..အခုမှ အခုမှ ကြောက်ချင်ယောင်ဆောင်နေတယ်ဟုတ်လား ထွက်မလား မထွက်ဘူးလား ပြော )
( ဘာကို ထွက်ရမှာလဲဗျာ .......... )
( အောင်မယ် ငါ့ ကို အာခံတယ် ဟုတ်လား ခင်မောင်ဝင်းတဲ့ ကွ တစ်ဝင်းပဲ ရှိတယ် နှစ်ဝင်းရှိရင် ဖုတ်စာကျွေးလိုက်မယ် လာလေရော )
ဟု ပြောပြီး ကျွန်တော့ ခေါ်င်းကို လက်တစ်ဘက်နှင့် ကိုင်ကာ ဘုရားစာ အရှည်ကြီးကို ရွတ်ဆိုလေတော့ သည်။ ကျွန်တော်လည်း စိတ်ညစ်ညစ်ဖြင့်  ကိုင်ထားသော သူ့ လက်ကို ဖယ်ချပြီး
( ဟာ ဗျာ ..... ဘာတွေလုပ်နေတာလဲ မျက်နှာသစ်ရဦးမယ် ) လို့ ဆိုပြီး ထမယ်အလုပ်..........
( ကြည့်စမ်း ကြည့်စမ်း .........ဒါအာခံတာ အာခံတာ ဘုရားစာကို အရွတ်ဆို မခံဘူး ကဲကွာ ကဲကွာ ) ဟု ဆိုကာ ကြိမ်လုံးဖြင့် 
ကျွန်တော့်ကျောပြင်အား တဖြန်းဖြန်း နဲ့ ရိုက်လေ၏ ။ ကျွန်တော်လည်း ထပ်ပြီး သည်းမခံနိုင်တော့ ပဲ.......................
( ရိုက်တယ်ဆို ချတယ်ကွာ ) ဟုအော်ဟစ်ပြီး ပယောဂဆရာ ဦးခင်မောင်ဝင်းရဲ့ ရင်ဝ ကို ခြေထောက်ဖြင့် ထ ကန်လိုက်လေ၏
အဲဒ်ီအခါမှ အဖေ ရော အမေပါ ကျွန်တော့်ကို ထ ပြီးဆွဲကြသည် ။ အမေ ဆိုလျင် ကျွန်တော့်အား............
( အမလေး ငါ့ သားတော့ သေချာပြီ ဖုတ်ဝင်နေတာ အရပ်ကတို့ေ၇ လာကြပါဦး) ဟု ငယ်သံပါအောင်အော်ဟစ်ပြီး ပြောလေသည်။
ကျွန်တော်ကလည်း အဖေဆွဲထားသည့် ကြားကနေ.........( ဟာ အမေ ဘာတွေလျောက်အော်နေတာလဲ သားဘာမှမဖြစ်ဘူး ဒီလူကြီးကသာ ဖုတ်ဝင်နေတာ)
ထို့ သို့ ပြောနေစဉ်မှာအိမ်ရှေ့ က နေ အသံတစ်သံထွက်ပေါ်လာသည်။
( ဟေ့  စောစော စီးစီး ဘာတွေဖြစ်နေတာလဲ ) လို့ ပြောသံ လည်းကြားလိုက်ရော ကျွန်တော့် ရင်ထဲ ထိတ်သွားသည်။ အဘယ်ကြောင့် ဆိုသော် ထိုအသံမှာ
ကျွန်တော်၏ရန်ဘက် ဆယ်အိမ်မှူး ဦးကျော်ဆန်း၏ အသံဖြစ်သောကြောင့် ဖြစ်သည်။ သူ့ မေးသံကြားသောအခါ ကျွန်တော့် အမေကလည်း အိမ်ထဲကနေပြီး...
( လာလာ ဦးကျော်ဆန်း ဒီမှာ ကျွန်မ သားဖုတ်ဝင်နေလို့ ဖုတ်ထုတ်နေတာ မရလို့ ကူညီပါဦး ) ထို အခါ ဦးကျော်ဆန်းသည်မျက်နှာဝင်းကနဲ ဖြစ်သွားပြီး
အကွက်မိပြီဆိုသော မျက်နှာထားနှင့် ... ( ဟာ ဒါမျိုးဆို ကျွန်တော်တို့ က ကူညီချင်တာကြာပြီ ) ဟု ပြောဆိုပြီး အိမ်ထဲကို ၀င်လာတော့ သည်။
ထို အချိန်တွင် ပယောဂဆရာ ဦးခင်မောင်ဝင်းလဲ စောစောက ကန်လိုက်သော အရှိန်ကြောင့် မထနိုင်ဖြစ်နေရာမှ အကူလာပြီ ဟူသော အသံကြားရော လူးလဲ
ထကာ ကျွန်တော့် နောက်မှ သိုင်းဖက်ပြီး ကျွန်တော့် အဖေအား ကြိုးတစ်ချောင်းယူလာရန်ပြောလေ၏
ကျွန်တော်လည်း အတင်းရုန်းကာ ပါးစပ်ဖြင့် လည်း (လွတ်ဗျာ .....လွတ် ..ကျုပ် ဘာမှမဖြစ်ဘူး.....) ဟုအော်ဟစ်ပြီးရုန်းကန်သည်။ သို့ သော်ပယောဂဆရာ
ဦးခင်မောင်ဝင်းမှာ ကျွန်တော့် ထက် ဗလကြီးသဖြင့်  ထိုကြားထဲမှာပင် ဆယ်အိမ်မှူးဦးကျော်ဆန်းက၀င်ရောက်ချုပ်ကိုင်ရာ ကျွန်တော့် မှာ မလှုပ်သာမရုန်းသာ
ဖြစ်လေတော့ သည်။ ထိုအခါ အဖေက ကုလားထိုင်တစ်လုံး ယူပေးပြီးပေးသောအခါ ကျွန်တော့် အားကုလားထိုင်ပေါ်တွင်ထိုင်စေပြီး ကိုယ်လုံးကို
ကုလားထိုင်နှင့် ပူးပြီးချည်ကာထားသည် ။ ပြီးနောက် ပယောဂဆရာဦးခင်မောင်ဝင်းက ကျွန်တော့် ရှေ့ တွင်ကျကျနနထိုင်ပြီး ကျွန်တော့် အား မချိုမချဉ်မျက်နှာထား
နှင့်  ( ဘယ့် နှင့် လဲ ) ဟူသောမျက်လုံးမျိုးနှင့် ကြည့်လေ၏ အားကိုးစရာ အဖေနဲံအမေကလည်း ပယောဂဆရာနားမှာ ရို့ ရို့ လေးရပ်လို့  ကျွန်တော့်မှ အားကိုး
စရာဆိုလို့ ဘယ်သူ့ မှမရှိ......................
ထိုအချိန်တွင် ပယောဂဆရာက စပြီး ကျွန်တော့် အား ( အနေဖုတ်တဲ့ မြေဖုတ် ထွက်မလား မထွက်ဘူးမလား ပြောစမ်း ........)
( ဘာမြေဖုတ်လည်း ဘာမြေဖုတ်မှ မရှိဘူး....ကျုပ်အကောင်းကြီးဗျ.......)
( အာခံတယ် အာခံတယ် ဟုတ်လား ........ငါ့ ကို ဒီလိုအာခံလို့ မရဘူးကွ.......) လို့ ပြောဆိုပြီး ကြိမ်လုံးဖြင့်  ကျွန်တော့် ခေါ်င်းအား ဘယ်ပြန်ညာပြန် တီးလေ၏ ကျွန်တော်ကလည်း သူရိုက်လေ ဆဲလေ ........ဆဲလေ ရိုက်လေဖြင့် နောက်ဆုံးသူလည်းမရိုက်
နိုင်တော့ ပေ ။ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးလည်း အရှိုးရာတွေဖြင့် ပြည့် နှက်လို့  နာကလည်းနာ စိတ်ကလည်း တိုဖြင့်  ကျွန်တော့် မှာ ရုန်းမရ ,ကုန်းမရ ဘဝ
ရောက်နေသည်။ ထိုသို့ သော် အခြေနေကိုရောက်စဉ်တွင် ဦးကျော်ဆန်းက တစ်စခန်း ထလာသည်။
( ဒီမှာ....ဆရာ ဒီကောင် ဒီလောက် တောင်ခေါင်းမှာနေရင် ကတုံး တုံးပြီးနေ ပူလှန်းရင် ကောင်းမလား မြေဖုတ်ဆိုတာနေပူတာကို ခံနိုင်မှာမဟုတ်ဘူး )
(ဟာ ......ဟုတ်တယ်ဗျ.........ကတုံးတုံးပြီး နေပူလှန်းရင်လိုက်ရင် ဒီမြေဖုတ် ဘာခံနိုင်သေးလည်း ။လာဗျာ ခင်ဗျားနဲ့ ကျုပ် ဒီကောင့် ကို ကတုံးတုံးရအောင် ) ဟု
ပြောလည်း ပြောရော ကျွန်တော်က .........( အောင်မယ် အောင်မယ် တုံးရဲ တုံးကြည့်  ပါလား ........လာကြပါဦးဗျို့  ကျွန်တော့် ကို ၀ိုင်းအနိုင်ကျင့် နေကြတယ်
ဟု ကျွန်တော်သည် အားကိုးရာအော်ခေါ်သော်လည်း ဘယ်သူ့ မှ ကူညီမည့် သူမရှိကြပါ။ ဦးကျော်ဆန်းကမူ လက်ပိုက်ပြီး ( သေချာပါပြီ ဆရာ အခု ကြည့်လေ
ကတုံးတုံးပြီးနေပူလှန်းမယ်လည်းဆိုရော အော်ဟစ်နေတာကြည့်ပါလား )........ပယောဂဆရာကလည်း ( ဟုတ်တယ်ဗျ ဒီမြေဖုတ်က နေလှန်းခံရမှာတော့ ကြောက်သားပဲ ......ကဲ ကြာတယ်ဗျာ.......ကတ်ကြေးနဲ့ ဗရိတ်ဓား ကျွန်တော့် ကိုပေး........) ဟုဆိုပြီးကျွန်တော့် အမေ ဘက်ကို လှည့် တောင်း၏
အမေ ကည်း ( ဟုတ်ကဲ့ ဟုတ်ကဲ့  )ဆိုပြီး ကတ်ကြေးနဲ့ ဓားယူရန် အိမ်ထဲသို့ ပြေးဝင်သွားသည် ။ ကျွန်တော်ကလည်းနောက်ဆုံးမထူးတော့ ပါဘူးဆိုပြီး လုပ်သမျှ
ခံရန် စိတ်လျော့ စဉ်မှာပင်............( ဘာတွေဖြစ်နေကြာတာလဲ ဒကာတို့  ) ဆိုတဲ့ အသံလည်းကြားရော ကျွန်တော့် အားတက်သွားသည်။ ဘာဖြစ်လို့ လဲဆို
တော့  အမေတို့ ကိုးကွယ်တဲ့ ဆရာတော် ဆွမ်းခံကြွလာပြီ။ ဆရာတော်သည် ပြောပြောဆိုဆိုဖြင့်  အိမ်ထဲ ကိုဝင် အထဲ ရောက်တော့ မျက်နှာမှာ အရှိုးရာတွေ
အထပ်သားနဲ့ ထိုင်ခုံပေါ်မှာ ကြိုးတုပ်ခံထားရတဲ့ ကျွန်တော့် ကိုတွေ့  , ကြိမ်လုံးတရမ်းရမ်းနဲ့ ပယောဂဆရာကို သေချာကြည့်, ဒီကြားထဲ ကတုံးတုံးမယ် တကဲကဲ
လုပ်နေတဲ့ ဦးကျော်ဆန်းကို မြင်တော့ ဆရာတော် အံ့ သြသွားပြီး ကျွန်တော့ အဖေကို အကြောင်းစုံမေးမြန်းတော့သည်
အဖေကလည်း အမဲ သားစားမိရာကစပြီး အခု အဖြစ်ပျက်ထိ သေသေချာချာ ရှင်းပြလိုက်တော့  ဆရာတော်က ( ဟေ ဟုတ်လား ဒကာ ဘုန်းကြီးသေသေချာချာ
ကြည့်ပါရစေဦး ) ဟု ဆိုပြီး ကျွန်တော့် နားကို သေသေချာချာ ကပ်ကြည့် ၏ ထို အခါ ကျွန်တော်ကလည်း ............
( ဆရာတော် ဘုရား တပည့် တော်ကို ကယ်ပါဦး ဘုရား တပည့် တော် အကောင်းကြီးပါဘုရား...လို့ လျောက်ထားတော့ ဆရာတော်က....
( အေး ဒါဆို သရဏံဂုံ သုံးပါး ရွတ်ပြစမ်း )လို့ ပြောတော့ 
( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .....ဓမ္မံ သရဏံ ဂစ္ဆာမိ......ဓမ္မံသရဏံ ဂစ္ဆာမိ ) လို့  သုံးကြိမ်လည်းရွတ်ပြရော ဆရာတော်က ဦးကျော်ဆန်းနဲ့ ပယောဂဆရာဦးခင်မောင်ဝင်း
တို့ ဘက်လှည့်ကာ ( ဟဲ ဒကာတို့  ဒီသူငယ်ဟာ အကောင်းကြီးပဲ ရှိသေးတယ် ဘာဖုတ်မှ မ၀င်ပါဘူး လို့ ဆိုလိုက်ရော ဦးခင်မောင်ဝင်းက ...
( သေချာလို့ လားဘုရား မြေဖုတ်ဘီလူးဆိုတာကကူလီကူမာလုပ်တတ်တယ် ) လို့ ပြောရာ ဦးကျော်ဆန်းကည်း
( ဟုတ်ပါတယ် ဘုရား မြေဖုတ်ဆိုတာမျိုးက.........)
( ဟာ ..ဒကာတို့ ငါကသေချာတယ်ပြောမှတော့  မင်းတို့ က အထွန့် တက်နေဦးမှာလား ...)လို့ ဦးကျော်ဆန်းရဲ့ စကားမဆုံးခင်မှာ ဆရာတော်က ၀င်ဟောက်လိုက်၏ ထို အခါမှ သာအဖေသည် ကျွန်တော့် ကို ကြိုးဖြေပေး၏ ကျွန် တော့်ကို ကြိုးဖြေပေးတာကိုလည်း မြင်ရော ဦးကျော်ဆန်းသည်
( ကဲ.. ဒါဆိုလည်း ကျုပ် လည်း အိမ်ပြန်လိုက်ဦးမယ်ဗျာ အိမ်မှာက မိန်းမ က တစ်ယောက်ထဲ ) ဟုဆိုကာ အိမ်ပြန်မယ်အလုပ် ပယောဂဆရာဦးခင်မောင်ဝင်း
ကလည်း ( ကျုပ်လည်းပဲ ပြန်လိုက်ဦးမယ်ဗျာ ဖုတ်မဟုတ်တော့ ပြီးပြီပေါ့  ဟဲ ဟဲ...............) ဟု ပြောလိုက်လျင် ကျွန်တော်ကလည်း ကြိုးပြေသွားပြီဖြစ်သည့် 
အတွက် ဦးခင်မောင်ဝင်းအား ......... ( နေပါဦင်္းဗျ အမောပြေရေလေးဘာလေးသောက်သွားပါဦး ရိုက်ရတာ မောနေမှာပေါ့  )လို့ ပြောလိုက်ရာ
( ရတယ် .ရတယ် ..မသောက်တော့ ဘူး သွားလိုက်ဦးမယ်နော် )ဆိုပြီး အပြင်ကို ထွက်မယ်အလုပ် ကျွန်တော်က အိမ်ထောင့် တွင် ထောင်ထားသော ၀ါးရင်းတုတ်ကို ကိုင်ကာ.....( ဒါလေး လဲ လက်ဆောင်ယူသွားဦး ........) ဟုဆိုပြီး မြောက်လိုက်ရာ ပါးနပ်လှသော ပယောဂဆရာ ဦးခင်မောင်ဝင်းသည် သူ့ 
ဆေးကြိမ်လုံးကိုတောင်မယူနိုင်တော့ ပဲ သုတ်ခြေတင်လေသည် ။ ဦးကျော်ဆန်းဆိုလျင် အစ န တောင်မမြင်ရတော့ ပေ။ တစ်ခါတည်းကိုဘယ်အချိန်ကတည်းက
ပျောက်သွားလဲ မသိ။ ကျွန်တော်ဝါးရင်းတုတ်ကို ကိုင်တာမြင်တော့ အမေကလဲ ( သား..မလုပ်နဲ့ လေ.. မှားမယ်.. ) ဟုပြောပြီးဝင်တားသည်။
အဖေက မူ (ဟေ့ ကောင် ...လွန်မယ် လွန်မယ် ...)လို့ ပြောပြီးဝင်ဆွဲရှာသည်။ ဆရာတော်ကတော့  ( ဟဲ့ .....သူငယ် လွန်မယ် ရပ်လိုက်ပါ ရုံးရောက်ဂတ်ရောက်
တွေ ဖြစ်ကုန်လိမ့် မယ် ) ....သူတို့ တွေ ဘယ်လိုပဲပြောပြော ကျွန်တော် ဂရုမစိုက်ပဲ ဖနောင့် နှင့် တစ်သားထဲကျအောင် သုတ်ခြေတင်နေသော ပယောဂဆရာ ဦး
ခင်မောင်ဝင်းအားလိုက်ရန်အတွက် ၀ါးရင်းတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အိမ်ရှေ့ လှေကားထစ်ကနေလွားခနဲ ခုန်ဆင်းပြီး မြေပေါ်သို့ မကျခင် ပါးစပ်က
ယောင်ပြီး စကားတစ်ခွန်း ထွက်သွားတာကတော့ ...................... ( မြေ..ဖုတ်..တဲ့  ကွ ) ........ဟူသတည်း.။
ပျိုးခင်းလက်
Credit : http://www.swesonemedia.org/5552.html
Credit : http://mgthihasoe.blogspot.co.uk/2015/03/blog-post_16.html
No comments:
Post a Comment