လက်သည်းကိုက်ခြင်းကြောင့် လက်သည်းများ လုံးဝပျက်စီးယိုယွင်းတာမျိုးမဖြစ်တတ်ပေမယ့်လက်သည်းတွေ မလှမပ ဖြစ်တတ်ပြီး လက်သည်းနဲ့ ပါးစပ်တွေမှာ ရောဂါပိုးတွေကူးစက်ဝင်လာစေနိုင်ပါတယ်။
လက်သည်း ကိုက်တတ်တဲ့ အကျင့်ဟာ အင်မတန် ဖျောက်ရ ခက်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့
အခါမှာတော့ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အလိုအလျောက် ပျောက်သွားတတ်ကြပါတယ်။
လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖျောက်ဖို့အတွက်စိုးရိမ်ပူပန်တတ်တဲ့ အကျင့်ကို ဖျောက်ပြီး နေထိုင်ရမှာပါ။ လက်သည်းကို မကိုက်မိစေဖို့အတွက် အရသာခါးတဲ့ အရောင်တင်ဆေး (nail polish) တွေကိုလည်း သုံးနိုင်ပါ တယ်။ တကယ်လို့ လက်သည်း ကိုက်ခြင်းအပြင် မိမိဆံပင်ကို မိမိဘာသာ ဆွဲချလေ့ရှိခြင်း၊ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပူးတွဲရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ပေါ်ထွန်း on 2015-07-20 17:43
Ref:Medicalnewstoday
Credit : http://www.trend.com.mm/2015/07/20/lifestyle-7211
No comments:
Post a Comment