♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 24, 2015

" ကိုရီးယားရိုးရာ လက်ထပ်မင်္ဂလာပွဲ "

ကိုရီးယားနိုင်ငံတွင် ရှေးယခင်ကာလများကတည်းက၊ အိမ်ထောင်ပြုခြင်းသည် ကျား၊ မ ၂-ဦးတည်းသာ မဟုတ်၊ နှစ်ဘက်မိဘများ ကိုပါ ကိုယ်စားပြုသော “ Taerye ” (ခေါ်) ကြီးမြတ်သောလက်ထပ်မင်္ဂလာထုံးတမ်း ဖြစ်သည်ဟု မှတ်ယူထားကြပါသည်။ သားပျို၊ သမီးပျိုများအတွက် အောင်သွယ်တော် ကဏ္ဍကလဲ အရေးပါအရာရောက်သ လို၊ ဗေဒင် ဆန်းကျမ်းကိုပါ အလေးထားလေ့ ရှိပါ သည်။ အထူးသဖြင့် “ ဂျိုဆောင် ” ခေတ်များတွင် ဆယ်ကျော်သက်ယောက်ျားပျိုများသည် ၄င်းတို့ ထက် အသက်အတော် အတန်ကြီးသော အမျိုးသမီးများဖြင့် လက်ဆက်လေ့ရှိပါသည်။

ယနေ့ ၂၁-ရာစု မှာတော့ အွန်လိုင်းမှ ကြင်ဖက်ရှာကြသလို၊ အောင်သွယ်တော် ကုမဏီ များဖြင့် ချိတ်ဆက်ခါ၊ ချိန်းဆိုတွေ့ ဆုံနေကြပါပြီ။ သားသမီးရတနာ ပွါးစီးစေရန်အတွက် လက်ထပ် မင်္ဂလာနေ့ တွင် သတို့ သား ဖခင်က၊ သတို့ သမီးကို အနီရောင် စွန်ပလွန်သီး ပစ်ပေါက်၍ ချီးမြှောက်ရသောဓလေ့၊ အပြန်အလှန်

သစ္စာစောင့်သိမှု ကိုဖော်ပြသည့်အေ နဖြင့် မင်္ဂလာပွဲတွင် ဘဲ (သို့ မဟုတ်) ဘဲငန်းအဖြူ တစ်စုံကိုပါ ခန်းဝင်ပစ္စည်းအဖြစ် ထဲ့သွင်း သောဓလေ့၊ သက်ရှည်ကျန်းမာစေရန်အတွက် သတို့ သမီး၏ မင်္ဂလာဝတ်စုံခါး စည်း တွင် ကြိုးကြာ အရုပ်ကလေးဖြင့် တန်ဆာဆင် သောဓလေ့… စသည်တို့ သည် ယနေ့ ထက်တိုင် အရိုးစွဲနေသောယဉ်ကျေးမှုဖြစ်ပါသည်။

ရှေးယခင်က သတို့ သမီး၏ အိမ်ခြံဝန်း ထဲတွင် မင်္ဂလာပွဲ ကျင်းပခဲ့ကြသော်လဲ၊ ယနေ့  မျက်မှောက်ကာလမှာတော့ ဘုရားကျောင်း၊ စားသောက်ဆိုင်၊ ဟိုတယ် စသည်ဖြင့် အဆင်ပြေသလို ဧည့်ခံနေကြပါပြီ။ ကိုရီးယားရိုးရာအရ မင်္ဂလာဟင်းလျာများအဖြစ် “bulgogi” (ခေါ်) အရသာပိုမိုနူးညံ့အောင် ဆီ၊ ၀ိုင်၊ အမွှေးအကြိုင်တို့ ဖြင့်စိမ်ထားသော အမဲသားလွှာကင် ၊ “galbi” (ခေါ်) အမဲနံရိုးဟင်းလျာ၊ “kimchi” (ခေါ်) မုန်လာဥနီ၊ ပင်လယ်စာများ၊ဟင်းခတ်ငရုပ်သီးမှုန့် ၊ငရုပ်ဆီ တို့ ရောပြွမ်းသော ဂေါ်ဖီထုပ်ကင် မ်ချီချဉ်ဖတ်၊ “gimbap” (ခေါ်) ဆန်စီး၊ကြက်ဥ၊ ဂဏန်းသား၊အစိမ်းရောင်ဟင်းရွက်၊ မုန်လာဥနီ တို့ ကို အရသာရှိအောင်ဟင်းခတ်မှုန့် အနဲငယ်ထဲ့ကာ တစ်လက်မ အရွယ် တကိုက် စာလှီးဖြတ်ထားသော ရေညှိထမင်းလိပ်၊ “Mandu” (ခေါ်) အသီးအရွက်နှင့်အသား တို့ ရောပြွမ်းထားသော ဖက်ထုတ်ပေါင်း၊ မုယောစပါးဖြင့်ပြုလုပ်ထားသော ဆန်မုန့် ..စသည့်ဟင်းလျာတို့ ကို အရသာအမျိုးမျိုးဖျော်စပ်ထားသော အချဉ်ရည်ခွက် အမျိုးစုံတို့ ဖြင့် စားလေ့ရှိကြပြီး၊ ကင်မ်ချီကြက်ချဉ်စပ်ဟင်းရည် (သို့ မဟုတ်) doenjang guk (ခေါ်) ပဲငပိဟင်း ရည် (သို့ မဟုတ်) ပင်လယ်ကျောက်ပွင့် နှင့်ဟင်းသီးဟင်းရွက်တို့ ဖြင့် ပြုတ်ထားသော ငါးပါးနီ ငခြောက်ဟင်းချို တို့ ဖြင့် တွဲဖက်ဧည့်ခံလေ့ရှိသည်။ ကိုရီးယားပန်းသစ်တော်သီးကတော့ အချိုပွဲတွင် မပါမပြီးဖြစ်ပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

Credit : http://maymaydim.blogspot.co.uk/2014/10/blog-post_65.html?m=0

No comments:

Subscribe

လာလည်သူများ

free counters