♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 21, 2015

" ဆယ်နှစ်အရွယ် မိန်းကလေး ကျောင်းမှာ ကလေးမီးဖွားလို့ ဆိုသတဲ့တော့ .....ခမျာ ..သနားရှာပါတယ်အေ "

(၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦး ဗိုက်နာမှုဖြစ်ပွားပြီးနောက် ကျောင်းမှာကလေးမွေးဖွားခဲ့ပါတယ်။ ဆရာ/မတွေက အမည်ဖော်လိုသူ အဲဒီကောင်မလေးကို ဆေးရုံပို့ပေးခဲ့ကြပါတယ်။
ဒီလို အသက်အရွယ်လေးနဲ့ ကိုယ်ဝန် (၇) လသားလွယ်ထားရတဲ့ ကောင်မလေးဟာ ကလေးတော့ ကျန်းကျန်းမာမာ မွေးဖွားခဲ့ပါတယ်။
ယခုအချိန်မှာ သူကို ဘရာဇီးလ်နိုင်ငံအရှေ့တောင်ဘက်ရှိ ဆေးရုံမှာ ပြုစုစောင့်ရှောက်မှုပေးလျက်ရှိနေပါတယ်။
သူမရဲ့ ၄၀ နှစ်အရွယ် ပထွေးဟာ  ကလေးအဓမ္မပြုကျင့်မှုတစ်ခုနဲ့ တရားမဝင် သေနတ်တွေ လက်ဝယ်ထား
ရှိခြင်းအမှု စတာတွေနဲ့ စွပ်စွဲခံခဲ့ရခြင်းဟာ ဒါ့ကြောင့်ဖြစ်မယ်လို့ ယူဆထားကြပါတယ်။
ဘရာဇီးလ်နိုင်ငံက ကောင်မလေး မိခင်က သူမမှာ ကိုယ်ဝန်ရှိကြောင်း သူမ မသိခဲ့ကြောင့်နဲ့ ကလေးရဲ့ ဗိုက်ဟာလည်း ပုံမှန်ထက် ပိုကြီးလာတာမျိုး သတိမမူမိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကောင်မလေးက လွန်ခဲ့သော အောက်တိုဘာလ ကတည်းက တသီးတသန့် ပိုနေထိုင်လာခဲ့ပြီး
 ကျောင်းစာကို အပြင်းအထန်ကြိုးစားလာခဲ့တာကိုတော့ သိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့ပါတယ်။
တခြားမိသားစုဝင်တွေနဲ့ အတူ ကလေးမလေးရဲ့ သိုသိပ်စွာနေထိုင်ခြင်းကို စဉ်းစားပြီးနောက် သတိမပြုမိခဲ့ဘူးလို့ မိခင်က ဆိုကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်။
အဲ့ဒိနောက်မှာတော့ ကလေးမလေးက ဒီမတော် မတရားပြုမူခြင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါက ပထွေးဖြစ်သူက သူမမိခင်နဲ့ အစ်ကိုကို သတ်ပစ်မယ်လို့ သူမကို ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။ 



Credit : http://www.trend.com.mm/2015/07/20/news-7206

No comments:

Subscribe

လာလည်သူများ

free counters