♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 23, 2015

" မိခင်တစ်ယောက်ရဲ့ အရည်အသွေး (၁၄) ချက် "

 
မိန်းမတစ်ယောက်နဲ့ မိခင်တစ်ယောက်ဟာ အရမ်းကို ကွာခြားပါတယ်။ မရင့်ကျက်သေးတဲ့ မိန်းကလေးတစ်ယောက်ဟာ မိခင်ဖြစ်လာတဲ့အခါ နေ့ချင်းညချင်းပြောင်းလဲသွားနိုင်ပါတယ်။ မိခင်ဆိုတဲ့ဘ၀ကို ခံယူလိုက်တာနဲ့ တပြိုင်နက် ပြည့်စုံရမယ့်အရည်အသွေးတွေဟာ အတော်လေး များပြားလာပြီး တာဝန်ကြီးလာခဲ့ပါတယ်။ သားသမီးလေးတွေရဲ့ အကြီးမားဆုံးအားကိုးရာ မိခင် ဘ၀ကို ခုံမင်ပျော်ရွှင်စွာဖြတ်သန်းရင်း သားသမီးရတနာလေးတွေကို ပျိုးထောင်ပေးနိုင်ဖို့ လိုအပ်တဲ့ယေဘုယျအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) အမြဲတမ်း ကိုယ်ကစပြီး ဂရုစိုက်ပြ ချစ်ပြလိုက်ပါ၊ အမြဲပွေ့ဖက်ထားပေးပါ။

(၂) ကလေးရဲ့အမြင်ကနေ မြင်တတ်အောင်ကြိုးစားပါ။ ဘာပဲဖြစ်ဖြစ် ကလေးရဲ့အမြင်ကို တောင်းကြည့်ပါ။

(၃)စိတ်ရှည်ပါ။ ဒီအချက်က အရေးအကြီးဆုံးပါပဲ။

(၄) လိမ္မာသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘာပဲဖြစ်နေနေ ချစ်မှာဖြစ်ကြောင်း ကလေးကို ယုံကြည်ခွင့်ပေးလိုက်ပါ။

(၅) ကလေးတစ်ယောက်စီနဲ့ သီးသန့်နေချိန်လေးဖန်တီးပါ။ ကလေးတစ်ယောက်ထက်များ နေရင်လည်း စုစုစည်းစည်းနေတဲ့အချိန်အပြင် ကလေးတစ်ယောက်ချင်းစီနဲ့ နှစ်ယောက်တည်းသီးသန့်အချိန်ပေးပြီး စကားပြောပါ။ဖက်ထားပေးပါ။

(၆) မလုပ်ရဘူးလို့ပြောထားတာကို ကလေးက လုပ်ရင် ဘယ်လောက်ပဲအလုပ်များနေပါစေ လျစ်လျူမရှုမိပါစေနဲ့။ ကြမ်းတမ်းနာကျင်တဲ့ပြစ်ဒဏ်မဟုတ်တဲ့ ပြစ်ဒဏ်တစ်ခုခုပေးကို ပေးရပါမယ်။

(၇) လူ့လောကထဲကို ကလေးတွေရောက်ရှိလာတာဟာ ကိုယ်က မွေးဖွားလိုက်တာဖြစ်လို့ ကိုယ့်ဘ၀မှာ ဦးစားပေးလူသားလေးတွေပဲလို့ မှတ်ယူပြီး ပျိုးထောင်ပေးခြင်းဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ဖွံ့ဖြိုးတဲ့ကလေးတွေဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ အတုယူစရာ သင်ယူစရာ စံပြပုဂ္ဂိုလ်က မိခင်ပဲဖြစ်သင့်ကြောင်း အမြဲမှတ်ယူပြီး အကောင်းဆုံးကြိုးစားနေထိုင်ပါ။

(၈) ကလေးတွေ ၁၈ နှစ်မတိုင်ခင်အထိ သူတို့ရဲ့ မိဘအဖြစ် ဆုံးမသွန်သင်ပေးဖို့ တာဝန်ကျေခဲ့ရင် တသက်တာလုံး သူတို့ရဲ့မိတ်ဆွေအဖြစ် ယုံကြည်အားကိုးရာအဖြစ် အမြဲသတိတရနဲ့ အနားမှာရှိနေပေးကြပါလိမ့်မယ်။ သူတို့တွေကို ကိုယ်ပေးခဲ့တဲ့ ဂရုစိုက်မှုတွေအားလုံး သူတို့တွေဆီကနေ ပြန်ရပါလိမ့်မယ်။(မိတ်ဆွေ = ယုံကြည်အားထားသူ၊ အကြံဥာဏ်ပေးသူ၊ နားလည်ပေးသူ)

(၉) ရှူးရှူးနံ့ အီအီးနံ့တွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားရပါလိမ့်မယ်။ ရယ်မောပျော်ရွှင်စွာနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ရပါမယ်။ ရွံတတ်လို့မဖြစ်ပါ။

(၁၀) အိပ်ရေး၀၀မအိပ်ရခြင်းကို နှစ်ပေါင်းအတော်ကြာလည်း ကြုံတွေ့နိုင်ပါတယ်။ ကလေးအိပ်ချိန်မှာ အိပ်ပျော်တတ်အောင်၊ ကလေးနိုးချိန်မှာ အိပ်မငိုက်နေအောင် အလေ့အကျင့်လုပ်ထားရပါမယ်။

(၁၁) တစ်ခါတလေ အရမ်းပင်ပန်းငြီးငွေ့လာတဲ့အခါ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပဲမို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပဲ ကလေးတွေကို စိတ်ချရသူထံသေချာအပ်ခဲ့ပြီး ခရီးတိုလေးဖြစ်ဖြစ်ထွက်လိုက်ပါ။ ပြန်လာတဲ့အခါ အားအင်ပြည့်ဝနေလို့ ပိုပြီးတာဝန်ကျေတဲ့ မိခင်ဖြစ်လာပါလိမ့်မယ်။

(၁၂) ကလေးတွေကို မအော်မိခင်၊ မဆူမိခင်၊ မရိုက်မိခင် အရင်စဉ်းစားပါ။ မဟုတ်ရင်တော့ နောင်တတွေနဲ့ နေသွားရနိုင်ပါတယ်။

(၁၃)ကလေးတွေကို ဘ၀မှာ အံဝင်ခွင်ကျဖြစ်အောင် ပျိုးထောင်ပေးချင်ရင်တော့ သူတို့မလုပ်သင့်တဲ့ကိစ္စအားလုံးကို အမြဲလိုက်ကြည့်ကာကွယ်ပေးမနေသင့်ပါဘူး။ တခါတလေမှာ ကလေးကို အမှားအမှန် သူ့ဘာသာသင်ယူဖို့ အခွင့်အရေးပေးသင့်ပါတယ်။

(၁၄) ကလေးတစ်ခုခုကောင်းတာလုပ်လိုက်တိုင်း မပျက်မကွက်ချီးကျူးအသိအမှတ်ပြုပေးပါ။
သားသမီးရတနာတွေကို နိုင်ငံသားကောင်းရတနာတွေအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ကြပါစေ။




Credit : ဖိုးသူတော် (www.phothutaw.com)
Credit : yangon life

No comments:

Subscribe

လာလည်သူများ

free counters