♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 25, 2015

" 3D ပရင့်တာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ အိမ်ကို(၃)နာရီနဲ့ အပြီး တည်ဆောက် " (ယုံချင်ယုံ မယုံချင်နေပါ)

အိမ်တစ်လုံးကို တည်ဆောက်ရာမှာ သုံးနာရီသာ ကြာမြင့်တာကြောင့် အံ့အား သင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဆင့်မီတဲ့ နေအိမ်တစ်လုံးကို သုံးနာရီနဲ့ အပြီးတည်ဆောက်မှုကို အများရှေ့မှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒီဆောက်လုပ်မှုကို တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇူလိုင် ( ၁၇) ရက်မှာ မိတ်ဆက် ပြသခဲ့တာ
 ဖြစ်ပါတယ်။ အိမ်ကို ဆောက်လုပ်ရာမှာ 3D ပရင့်တာနဲ့ ဒီဇိုင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အိမ်ကို အသင့်တပ်ဆင်ထားတဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး အားလုံးကို တစ်ပြိုင်တည်း တပ်ဆင်ပေး
လိုက်တာကြောင့် သုံးနာရီအတွင်း အိမ်တစ်လုံး အပြီး တည်ဆောက်နိုင်ခဲ့တာပါ။

အိမ်တစ်အိမ်ဆောက်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ အင်္ဂါရပ် အပြည့်အစုံဖြင့် အသင့် ပြုလုပ်ထားတဲ့အစိတ်အပိုင်း

တွေကို အရင် တည်ဆောက်ပါတယ်။ ရေချိုးခန်း၊ မီးဖိုချောင်း၊ အိပ်ခန်းစတဲ့ နေရာ  ခြောက်နေရာကို တစ်ခုစီ
 ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် အစိတ်အပိုင်းတွေကို ကရိန်းနဲ့ သွယ်ဆက်ပေးပြီး နောက်မှာ အိမ်တစ်လုံး ဖြစ်ခဲ့
တာပါ။ ဒီဇိုင်းကို 3D ပရင့်တာနဲ့ ပြုလုပ်ထားတာကြောင့် အလွန်လှပနေမှာ ဖြစ်ပြီး၊ အစိတ်အပိုင်းတွေကို တည်
ဆောက်ရာမှာတော့ (၁၀) ရက်ကျော် အချိန်ယူခဲ့ပါတယ်။ အစိတ်အပိုင်းတစ်ခု အလေးချိန်ဟာ (၁၀၀) ကီလို
ကျော် အထိရှိပါတယ်။ အိမ်ကို မိနစ်(၃၀)အတွင်း တည်ဆောက်ထားပေမယ့် ရာသီဥတုဒဏ် ခံနိုင်အောင် ပြုလုပ် ထားပါတယ်။ ငလျင်ဒဏ်၊ အအေးဒဏ်တွေကို ခံနိုင်ရည် ရှိတယ်လို့ သိရပါတယ်။

 
အောင်မယ်လေးဟယ်...... ဒါလေးများ...... 
အစကတည်းက အစိပ်အပိုင်းတွေကို  သေချာစီရင်
ထားတာတွေကို ပြန်ဆင်ပေးလိုက်တာများ....တကဒဲ ဟွန့်..... 




No comments:

Subscribe

လာလည်သူများ

free counters