♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 24, 2015

" ကလေးရှိသူ မိဘတိုင်းနှင့် တူတူမတွေကို ထိန်းသိမ်း သူ ဦးဦး ဒေါ်ဒေါ်တွေ အထူးမှတ်သားကြရန်ဖတ်ကြည့်ပေးပါ "

အောက်မှာကူးယူ တင်ပြထားတဲ့ ....................
"အပြစ်ကင်းသူ မရှိ" ဆိုတဲ့ပိုစ်မှာ ပါတဲ့ ဇာတ်လမ်းမှာ ကလေးငယ်သေ
ဆုံးရခြင်နှင့် ပါတ်သက်လို့ အဓိက တာဝန်အရှိဆုံး
သောသူဟာ အိမ်ထောင်ဦးစီး ဖြစ်တဲ့  ယောက်ျားဖြစ်
သူဟာ တာဝန်အရှိဆုံးပါ....
သူဟာ ...အဲဒီအဆိပ်ပုလင်းကိုတွေ့တွေ့ခြင်း အမြင့်မှာတင်လိုက်ရမှာ ဖြစ်ပါတယ်။ သူဟာ အန္တရာယ်ရှိတဲ့အရာကိုတွေ့တွေ့ခြင်း ကလေးနှင့် လက်လှမ်း မမီအောင်ထားရမှာက သူ့တာဝန်ပါ။  ဘယ်လောက်ပဲ အပြင်သွားဖို့ အရေးကြီးနေပါစေ ဒီလို ဆယ်စက္ကန့်အလုပ်ကလေးကိုတော့ သူလုပ်နိုင်ရမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေရှိတဲ့အိမ်တွေမှာ ဆေးဝါး
ပစ္စည်းတွေ၊ မျိုချနိုင်တဲ့အရွယ်ရှိတဲ့ တိုလီမုတ်စပစ္စည်းတွေ၊ ကလေးမျိုချနိုင်လောက်တဲ့ ကလေး ကစားစရာ 
ပစ္စည်းတွေကို ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ မထားရပါဘူး။ မျိုချနိုင်တဲ့ အရွယ် ကစားစရာပစ္စည်းလဲ ဝယ်မပေးရပါဘူး။ ပလပ်ခေါင်းတွေ၊ ပလပ်ပေါက်တွေ ဝိုင်ယာကြိုး တို့လို့တွဲလောင်းတွေလည်း မထားရပါဘူး။ အမြင်မှာတင်ထားတဲ့ ပစ္စည်းတွေ ကိုအစ ကြိုးစကနေ ကလေးဆွဲချလို့မရအောင် သေချာတင်ထားရပါတယ်။ တန်းတွေ စားပွဲတွေပေါ်မှာ ဓါးသို့မဟုတ် သံထည်အလေးအပင်ပစ္စည်းတွေ၊ အိုးပူ ခွက်ပူတွေ၊ ပုလင်းတွေ၊ 
ဖန်ထည်တွေကိုလည်း မတင်ထားရပါဘူး။ တင်ချင်ရင် အလယ်မှာ ကလေးဆွဲချလို့မရတဲ့နေရာမှာသာ
တင်သင့်ပါတယ်။  ဘီရိုတွေအပေါ်မှာ ပစ္စည်းအလေးတွေတင်ထားရင် ဘီရိုရဲ့ခြေထောက်တွေ ညီညာနေစေဖို့
အရေးကြီးပါတယ်။ ထော့နဲ့ဖြစ်နေတဲ့ ဘီရိုဆိုရင် အောက်ကနေလှုပ်မိတာနှင့် အပေါ်က အလေးချိန်နှင့်စောင်း
ပြီး ပိကျလာတတ်ပါတယ်။
 နောက်ပြီး သံချောင်းတို့၊ ကြယ်သီး၊ အပ်၊ နှိပ်သီး အစရှိတာတွေကိုလည်း ဗူးနှင့်သေချာထည့်ထားပြီး သူ့နေရာ
နှင့်သူ သိမ်းထားရပါတယ်။  ကလေးဆိုတဲ့ အမျိုးဟာ ဘာမှ စဉ်းစားဝေဖန် ပိုင်းခြားတတ်တာ မဟုတ်သေးတဲ့
အတွက်  လူကြီးမိဘတွေက အစစအရာရာ သတိထား ပေးရပါတယ်။ 

အန္တရာယ်ရှိတဲ့ အဆိပ်၊ ပိုးသတ်ဆေး အစရှိတာတွေကိုလည်း မီးဖိုချောင်မှာ မထားရပါဘူး။ ကလေးငယ်ရှိရင် အိမ်မှာ ခွေး၊ ကြောင်အစရှိတဲ့ သတ္တဝါတွေကိုလည်း မမွေးထားသင်ပါဘူး။ မွေးထားမယ်ဆိုရင်လည်း ကလေးနှင့်
ဝေးရာမှာ ထားသင့်ပါတယ်။ အိမ်ထဲမှာ ကလေးနှင့်အတူ လက်ပွန်းတတီးအတူမထားသင်ပါဘူး၊ ရောဂါရတတ်
ပါတယ်။  နိုင်ငံတိုင်းမှာ ဆေးပုလင်းတွေဆိုရင် ကလေးတွေ လှည့်ဖွင်လို့မရအောင် အရစ်ပြုန်း အဖုံးလည်နည်း
ကိုအသုံးပြုထားတဲ့ အဖုံးတွေကို အသုံးပြုကြတယ်။ ကလေးတွေဘယ်လောက်လှည့်ဖွင့်ဖွင့် အဖုံးသာ လည်နေ
ပြီး ပွင့်မထွက်သွားပါ။ ဆေးဝါးနှင့် တခြား ဓါတုဗေဒ ဆိုင်ရာ ပစ္စည်းတွေထည့်ထားတဲ့ ပုလင်းတွေ အထုပ်တွေ
မှာ ဆိုရင်  keep out of reach of children " ကလေးများ လက်လှမ်းမမီတဲ့ နေရာမှာထားပါ " ဆိုပြီး
သတိပေးစာတမ်း ရေးထိုးထားလေ့ရှိပါတယ်။ သင့် ရင်သွေးရဲ့ ကံကြမ္မာဟို သင့်ရဲ့ ပေါ့လျော့မှုကြောင့် မပျက်ဆီး
စေသင့်ပါ။
သားသမီးရှိသူတိုင်း ဘေးရန်ဟူသမျှနှင့် ကင်းဝေကြပါစေ။
အထူးကျေးဇူးတင်လျက်
((ရောရောသမမွှေ))


 " အပြစ်ကင်းသူမရှိ"

လင်မယား ၂ ယောက် ငါးနှစ်ကြာ အိမ်ထောင်ပြုနေထိုင်ပြီးမှ ကလေး တစ်ယောက် ရပါတယ်။ ကလေးငယ်လေး ၁ နှစ်သား အရွယ်အရွယ်ရောက်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေရှင်းဖို့ ဆေးဗူး တစ်ဗူး ရှိသတဲ့။ အဲ့ဒါကို ရုံးသွားခါနီး လှမ်းမြင်လိုက်တဲ့ အမျိုးသားက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဇနီးကို အရှေ့ရောက်ရင် ပိတ်လိုက်ပါအုံးလို့ လှမ်းအော်ပြီး ကမန်းကတန်းနဲ့ ထွက်သွား ပါတယ်။
မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ အမျိုးသမီးကလည်း အလုပ်များနေတော့ ချက်ချင်း လာမပိတ်နိုင်ဘူးပေါ့။ ဒါနဲ့ သွားလာတတ်ပြီ ဖြစ်တဲ့ ကလေးငယ်က အနံ့မွေးတဲ့ ဆေးဗူးကို စားစရာအမှတ်တဲ့ သောက်လိုက်ပါတယ်။ ဒါကိုနောက်မှ မြင်တဲ့ အမေက ဆေးရုံကို ခပ်မြန်မြန် ပို့ပေမယ့် အချိန် မမှီတော့ ပါဘူး။ ကွယ်လွန်သွားရှာ ပါတယ်။ ဒါနဲ့ မိခင် ဖြစ်သူက ခင်ပွန်းဖြစ်သူ လာရင် သူ့ကို ဆူဆဲမယ်။ ကြိမ်းမောင်းမယ်ဆိုတာကို ကြိုတွေးလို့လည်း စိုးရိမ် ပူပန်နေ ပါတယ်။ သူမ အမျိုးသားကို ဘယ်လို ရင်ဆိုင်ရမလဲလဲ မသိပါဘူး။
ဒီလိုနဲ့ ယောက်ျားဖြစ်သူ ယောက်လာပြီး ခဏသာ မင်သက်ပြီးမှ ဇနီးကို တယုတယ ဖက်လို့ စကားတစ်ခွန်း စပြောပါတယ်။

“I Love You Darling.”
ဇနီးဖြစ်သူဟာ အံ့သြ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ခဲ့ပါတယ်။
အမှန်တော့ အမျိုးသား ဖြစ်သူက ဆေးဗူးကို အလုပ်ဘယ်လောက် မျးများ သေချာ ပိတ်ခဲ့ရင် ဖြစ်လာစရာ အကြောင်းမရှိဘူးလို့လဲ သူလက်ခံတာကြောင့် အမျိုးသမီး ဖြစ်သူကိုလည်း သူ အပြစ် မတင်ပါဘူး။ အမျိုးသမီး ဖြစ်သူဟာလည်း အမျိုးသားကို အပြစ်မတင်တော့ ပါဘူး။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံး မှားယွင်းချက် ရှိတာကိုတော့ အတူ လက်ခံခဲ့ကြ ပါတယ်။

သင်ခန်းစာ -
တစ်ခါတစ်ရံမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာနဲ့ အပြစ်ဖို့လို့ ဘဝရဲ့ ပျော်ရွှင်မှုတွေကို အဆုံးရှုံးခံနေကြ ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုမှာပဲ ဖြစ်ဖြစ် ဘယ်သူ မှားမှား မှန်မှန် ကောင်းကောင်းဆိုးဆိုး တူတူ ပြုပြင်ပြီး ကျန်ရှိနေသေးတဲ့ ဘဝ အချိန်လေးမှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ လိုအပ် ပါတယ်။

အောင်ခမ်း (ရိုးရာလေး) 






Credit : http://maymaydim.blogspot.co.uk/2014/10/blog-post_31.html?m=0

No comments:

Subscribe

လာလည်သူများ

free counters