♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 11, 2015

"မြေခွေး နဲ့ ရွှေကျီး ပုံပြင်"



တစ်ခါတော့ ကျီးကန်း တစ်ကောင်ဟာ သစ်ပင်တစ်ပင်ပေါ်မှာ နားနေတယ်။ ပါးစပ်ကလဲ ဒိန်ခဲတစ်ခုကို ကိုက်ထားတယ်။ မြေခွေးတစ်ကောင်ကလဲ ဗိုက်ဆာဆာနဲ့ လမ်းလျှောက်လာရင်းနဲ့ ကျီးကန်းပါးစပ်ထဲက ဒိန်ခဲကို တွေ့သွားတယ်။သူလဲစားဖို့ကြံတော့တယ်။ မြေခွေးက သစ်ပင်အောက်ကို သွားပြီးတော့ ကျီးကန်းကိုမော့ကြည့်တယ်။ ပြီးတော့
” အို အသင်ကျီး သင့်ကို ကြည့်ရတာ တခြားကျီးတွေနဲ့ မတူ တမူထူးခြားပြီးတော့ မဲနက်နေတဲ့ အမွှေးအတောင်တွေနဲ့ စူးရှတဲ့ မျက်လုံး ကြီးမားတဲ့ တောင်ပံတွေရှိတယ် အင်း ဒီလို ထူးခြားတဲ့ အသင်ကျီးရဲ့ အသံကို ကြားချင်စမ်းပါဘိဗျာ ”
ကျီးကန်းလဲ ကိုယ့်ကိုကိုယ် အထင်ကြီးသွားပြီးတော့ သူ့အသံကြားရအောင် အော်လိုက်တယ်။ အဲဒီအချိန်မှာပဲ ပါးစပ်ထဲက ဒိန်ခဲဟာ သစ်ပင်အောက်ကို ကျသွားပြီးတော့ မြေခွေးက တစ်ခါထဲ
ကုန်အောင် စားပစ်လိုက်တော့တယ်။
ပြီးတော့ မြေခွေးကပဲ ” ဒီမယ် ကျီးမိုက် နောက်တစ်ခါမှတ်ထား ကိုယ့်ကို မြှောက်တိုင်း မမြောက်နဲ့ကွ ” ဆိုပြီးတောအုပ်ထဲကို ၀င်ရောက်ပျောက်ကွယ်သွားတော့တယ်။
မောင်စိုင်း
အီစွတ်ပုံပြင်
Credit : kanaung.net

No comments:

Subscribe

လာလည်သူများ

free counters