♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 9, 2015

" ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု "

၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော က်နဲ့ကို တွေ့ရှိခဲ့ပြီးသူတို့ရဲ့အသားအရေတွေကအစိမ်းရောင်တွေဖြစ်နေပါတယ်။ကလေးတွေကို သူကအိမ်ခေါ်သွားပါတယ်။သူတို့ကထူးဆန်းတဲ့ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ဝတ်ဆင်ထားတာတွေက လဲသတ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေးကတော့အစာမစားနိုင်ဖြစ်ပြီးတော့မကြာခင်သေ ဆုံးသွားပါတယ်။ကောင်မလေးကတော့ပဲစေ့နဲ့အခြားအရာလေးတွေကိုစားသောက်ပြီးကြီးပြင်းခဲ့ပါတယ်။နောက် ပိုင်းအခြားအစားအစာတွေနဲ့နို့တွေကိုသောက်ပြီးအသက်ကြီးလာတော့အသားအရောင်ပြောင်း သွားခဲ့ပါတယ်။နောက်ပိုင်းအင်္ဂလိပ်စကားကိုသင်ပေးပြီးတော့ မေးကြည့်တဲ့အခါမှာတော့သူမက နေမရှိတဲ့ မှောင် မဲနေတဲ့နေရာတစ်ခုကပါတဲ့။သူတို့လူတွေအားလုံးဟာအစိမ်းရောင်တွေပါ။သူတို့နှစ်ယောက်ဟာ မိဘေ တွမသိအောင် ခိုးထွက်ရင်းကနေ ဒီကိုရောက်ရှိလာတာပါ လို့ဆိုပါတယ်။
အလားတူဖြစ်ရပ်မျိုးကို၁၈၈၇စပိန်နိင်ငံBanjosမှာဖြစ်ပွားခဲ့ပါတယ်။ကောင်လေးတစ်ယောက်နဲ့ကောင် မလေးတစ်ယောက်ကိုအနီးအနားကဂူတစ်ခုမှာတွေ့ပါတယ်။အသားအရေတွေလဲစိမ်းနေပြီးတော့ မျက်လုံးတွေကတော့အာရှတိုက်သားတွေနဲ့တူနေပါတယ်။နေရောက်နဲ့တွေ့တဲ့အခါမှာ မေ့လဲကုန်ကြပါတ ယ်။ ကောင်လေးက သေဆုံးသွားပြီးတော့ ကောင်မလေးကတော့ စားသောက်ပြီး ကြီးပြင်းကာ စပိန်ဘာသာကို လဲ သင်ယူနိုင်ခဲ့ပါတယ်။
သူမ ပြောပြတာကတော့ သူတို့ရဲ့အလင်းမရှိတဲ့ကမ္ဘာအကြောင်းဖြစ်ပြီးတော့ သူတို့နှစ်ယောက် ဆော့က စားနေစဉ် လေပွေလို အရာတစ်ခုထဲမြောပါပြီးတော့ ဒိကိုရောက်လာတာပါတဲ့။အဲဒီကောင်မလေးကတော့ ၁၈၉၂ မှာ သေဆုံးသွားပါတယ်။
ဒီအကြောင်းကို ပညာရှင်တွေက အမျိုးမျိုးယူဆကြပါတယ်။တစ်ချို့က ဂြိုလ်သားတွေ၊တစ်ချို့က မြေအော က်မှာနေတဲ့ လူမျိုးတွေနဲ့ ဆရာဝန်တွေကတော့ malnourishment ရောဂါတစ်မျိုးကြောင့် အသားအရေ အစိမ်းရောင်ဖြစ်တာလို့ဆိုလိုပါတယ်။
ဒါပေမယ့် လူအများစုကတော့ ဂြိုလ်သားတွေလို့ယုံကြည်ကြပြီးတော့နောက်ပိုင်း ဇတ်လမ်းတွေနဲ့ ၀တ္တုေ တွမှာတောင် အဲလို ကောင်လေးနဲ့ကောင်မလေးကို ထည့်ရိုက်တတ်ကြပါတယ်။
  မောင်စိုင်း
(ကနောင်)
Scientist Myanmar
Credit: mmforward.blog

No comments:

Subscribe

လာလည်သူများ

free counters