♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 14, 2015

အောင်စစ်ခိုင် ပြည်-ရန်ကုန် ခရီးသည်တင်ယာဉ် တိမ်းမှောက်



နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ကိုင်းပြင်ကြီး ကျေးရွာ အုပ်စုရှိ ရန်ကုန်-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁ဝဝ/၁) နှင့် (၁ဝဝ/၂) ကြား၌ ယနေ့နံနက် ၁ဝ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ပြည်မှရန်ကုန်သို့ ယာဉ်မောင်း ဦးသိန်းမြင့်မောင်းနှင်လာသော ယာဉ်အမှတ် 9I/--- အောင်စစ်ခိုင် ခရီးသည်တင်အမြန်ယာဉ်သည် အရှိန်လွန်၍ တိမ်းမှောက်ခဲ့ရာ ကားပေါ်တွင်လိုက်ပါစီးနင်းလာသော ခရီးသည်များ အနက် လေးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို မင်းလှ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဦးသိန်းမြင့်အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ကိုမျိုး(ရွှေပေါက္ကံ)
ဓာတ်ပုံ-ပေါက်စ (Iprd)

Myanmaalinn

အောင်စစ်ခိုင် ယာဉ်လိုင်းအခုလိုဖြစ်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ ပြည်လမ်းကိုမောင်းနှင်းသော ယာဉ်မောင်းများ တက်နိုင်သလောက် အရှိန်လျော့မောင်းပါလို့ မေတ္တာရပ်ခံအပ်ပါတယ်..
ကျွန်တော်မောင်စိုးကတော့ expressကားကြီးတွေကိုချစ်မြတ်နိုးသူတစ်ယောက်ပါ

No comments:

Subscribe

လာလည်သူများ

free counters