♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 11, 2015

" တကယ်တော့ ချစ်သူများနေ့ဟာ ပြက္ခဒိန်ပေါ်က ရက်တစ်ရက်မို့ အရေးမကြီးဘူးဆိုတာ တစ်ကိုယ်ရေသမားတွေ သိဖို့ လိုအပ်တာ "

 
 
ကိုယ်မျှော်လင့်ထားတဲ့ အချစ်ရေးနဲ့ ခုဖြစ်လာတာတွေနဲ့ ကိုက်ညီမှုမရှိလို့ စိတ်ညစ်နေရပါသလား။ ဒါမှမဟုတ် လမ်းခွဲပြီးကာစအချိန်မို့လို့ တစ်ယောက်တည်း ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နေရပါသလား။ အရေးထဲ ဖေဖော်ဝါရီလ ရောက်လာပြီမို့ ချစ်သူများနေ့ကလည်း နီးလာပြီ။ ဒီလိုအချိန်မှာမှ ချစ်သူနဲ့ ပြတ်စဲလိုက်ရတဲ့ ကိုယ့်အခြေအနေအတွက် ၀မ်းနည်းကြေကွဲနေရပါသလား။ မြင်မြင်သမျှအရာတွေတိုင်း ပန်းရောင်တွေနဲ့ ခြယ်မှုန်းထားတဲ့ အရာတွေ၊ ရောင်စုံထုပ်ပိုးမှုပုံစံတွေနဲ့ ချောကလက်တွေ၊
လက်ဆောင်တွေ၊ ဆင်တူအင်္ကျံတွေချည်း ဖြစ်နေပါသလား။ ဒါတွေမြင်ပြီး ငါ့ဘ၀ကြိးကတော့ စုတ်ပြတ်လိုက်တာလို့ တွေးစရာမလိုဘူးနော်။ တကယ်တော့ အချစ်ရေးက သင်ဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးမှာ မဟုတ်ပါဘူး။ သူက သင့်အတွက် ဖြည့်စွက်ချက်တစ်ခုသာပဲ ဖြစ်ပါတယ်။ သင်ဘာလဲဆိုတာကို သူဖော်ပြပေးနိုင်တာ မဟုတ်တဲ့အတွက် နာကျင်စရာ၊ ဒေါသထွက်စရာ ခံပြင်းစရာအကြောင်းတော့ သိပ်မရှိဘူးလေ။
ဒီတော့ ချစ်သူများနေ့နီးလာပြီမို့ ကိုယ်က တစ်ကိုယ်ရေသမား တစ်ယောက်ဖြစ်နေတယ်ဆိုရင် ဒီအချက်ကလေးတွေကို နားလည်သဘောပေါက်အောင် ဖတ်ကြည့်လိုက်ပါ။

၁။ချစ်သူများနေ့ဆိုတာ ပြက္ခဒိန်ပေါ်က နေ့တစ်နေ့ပါ။
သမိုင်းမှာ ဘာဖြစ်ခဲ့တယ်၊ ညာဖြစ်ခဲ့တယ်ဆိုပြီး ဖော်ပြထားခဲ့တာဆိုပေမယ့် ဒါနေ့လေးတစ်နေ့ပါပဲ။ သင့်အတွက် အရူးအမူးခံစားနေစရာတော့ မလိုဘူးနော်။

၂။သင့်ခံစားချက်တွေအတွက် အတိုင်းအတာလေးတော့ ထားထားပါ။
အသဲကွဲနေသူမို့ ချစ်သူများနေ့ကို ဘယ်လိုမှ မခံစားနိုင်ဘူးလေ။ အိုခေ။ ဒါဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒီတစ်ရက်အတွက် တစ်လလုံးနီးပါး သေလောက်အောင် ခံစားနေစရာတော့ မလိုပါဘူး။ ဒီတော့ ခံစားပါ။ အတိုင်းအတာတော့ရှိပါစေ။

၃။အချစ်ရေးတိုင်းဟာ ဘယ်တော့မှ မတူညီကြပါဘူး။
ယောင်္ကျားနဲ့ မိန်းမအတူတူပဲဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ သင်ဆုံတွေ့ခဲ့ရတဲ့သူနဲ့ အဆင်မပြေတာနဲ့ပဲ တစ်သက်လုံး လူကောင်း၊ သူကောင်းနဲ့မဆုံတော့ဘူးဆိုတာ မဖြစ်နိုင်သလို တစ်ခါလောက် အသဲကွဲတာနဲ့ပဲ တစ်သက်လုံးအချစ်မခံရတော့ဘူးဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ကောင်းတဲ့ဘက်က တစ်ချက်တွေးကြည့်လိုက်ပါဦး။
အပေါ်မှာဖော်ပြထားတဲ့အချက်တွေကို ခြုံငုံပြောရရင် အသဲကွဲတာ ကုစားလို့ရပါတယ်။ ဒါပေမယ့် ဒေါသတွေ၊ နာကျင်မှုတွေနဲ့ မကုစားလိုက်ပါနဲ့။ တွေးတောဆင်ခြင်မှုတွေနဲ့ ကုစားပါ။ အရှုံးတွေနဲ့ မကုစားလိုက်ပါနဲ့၊ လက်ခံနားလည်မှုတွေနဲ့ ကုစားဖို့ အကြံပေးချင်ပါတယ်။

မေသော် on 2015-02-03 16:26
Ref:yourtango.com
Credit : trend myanmar
 
 
 
 
 
 
 
 
 
 
 
 
 
 
ဟူးးးးးးးး တစ်ယောက်ထဲ ငေါင်နေရတယ်ကွာ......
 
ဟင်းးးးး ခက်ပါလားနော်....တို့တော့ တစ်ယောက်ထဲရယ်..

No comments:

Subscribe

လာလည်သူများ

free counters