♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 13, 2015

" သံယောဇဉ်ဆိုတာ..... ချစ်ခြင်းရဲ့ နှလုံးသားရပ်ဝန်း"


 
>>>...သံယောဇဉ်ဆိုတာ...<<<

သံယောဇဉ်ဆိုတာ... ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ဝိသေသ

သံယောဇဉ်ဆိုတာ... ကောင်းကင်ရဲ့ တိမ်မျှင်တစ်စ

သံယောဇဉ်ဆိုတာ... ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ

သံယောဇဉ်ဆိုတာ... စွန်တစ်ခုရဲ့ရစ်ဘီး

သံယောဇဉ်ဆိုတာ... အိမ်တစ်လုံးရဲ့အမိုးအကာ

သံယောဇဉ်ဆိုတာ... ဦးခေါင်းတစ်လုံးရဲ့ဆံချည်ဆံထွေး

သံယောဇဉ်ဆိုတာ... မိသားစုရဲ့ နိဗ္ဗာန်

သံယောဇဉ်ဆိုတာ... တောတောင်တစ်ခုရဲ့စိမ်းလန်းရာ

သံယောဇဉ်ဆိုတာ... ဂိမာန်နွေရဲ့ရွက်ဝါတော

သံယောဇဉ်ဆိုတာ... ၀ဿသ  န္တ ဥတုရဲ့မိုးစက်မိုးပွင့်

သံယောဇဉ်ဆိုတာ... ဟေမာန်ဦးရဲ့နှင်းရည်နှင်းစက်

သံယောဇဉ်ဆိုတာ... ချစ်ခြင်းရဲ့နှလုံးသားရပ်ဝန်း

သံယောဇဉ်ဆိုတာ... အမှားပုစ္ဆာရဲ့နောင်တ တရား

သံယောဇဉ်ဆိုတာ... ဥပေက္ခာရဲ့ အမိုက်အမှောင်

သံယောဇဉ်ဆိုတာ... နားလည်မှုရဲ့ဝတ်မှုံဇာတိ

သံယောဇဉ်ဆိုတာ... ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်

သံယောဇဉ်ဆိုတာ... သေခြင်းတရားရဲ့ဆန့်ကျင်ဘက်

သံယောဇဉ်ဆိုတာ...

ဘယ်သူ့ခံယူချက်နဲ့မှ အသက်မရှင်တဲ့

တသီးတခြား ပစ္စုပ္ပ န်ဘဝ

သံယောဇဉ်ဆိုတာ...

ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့...  ။

< ဇွဲလူ>

ကျွန်မက ကဗျာချစ်မက်သူတစ်ဦးပါ။ ကဗျာရေးသူတိုင်း၊ ကဗျာရေးနိုင်သူတိုင်းကို လေးစားအားကျမိပါတယ်။ ကျွန်မဆိုက်ထဲမှာ " ကဗျာ " ဆို Tag တခုခွဲပြီး ကိုယ်တိုင်ရေးကဗျာလေးတွေရော..၊ ကျွန်မနှစ်သက်တဲ့ နာမည်ကြီးသူ၊ မကြီးသူတို့ရဲ့ ကဗျာများကိုရော တင်ပေးခဲ့ပါတယ်။ ဒီကဗျာလေး ကလည်း ကျွန်မနှစ်သက်လွန်းလို့ အရင်ဆိုက်အဟောင်းလေးမှာ တင်ခဲ့ဘူးပါတယ်။ ဆိုက်ကလေး ပျက်သွားတော့ ကဗျာလေးသာ ကျွန်မ မှတ်စုထဲ မှာ လက်ခံကျန်ခဲ့ပါတယ်။ အတူတွဲ တင်ခဲ့တဲ့ ကျွန်မဖန်တီးရိုက်ထားတဲ့ ပုံလေးက လက်ခံမရှိတော့လေတော့ ဒီကဗျာလေးကို နှစ်သက် ရဲ့နဲ့ အခု ဆိုက်အသစ်မှာ မတင်ရပဲရှိနေတာပါ။ ဒီကဗျာလေးကို မဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရတော့ စာကြောင်းတိုင်းကို နှစ်ခြိုက်မိခဲ့တယ်။ သူနဲ့လိုက်ဖက်မယ့် ပုံလေးတွေ ၀က်ဘ်ဆိုက်မှာ ရှာခဲ့ပေမယ့် စိတ်ကြိုက်မရခဲ့ပါဘူး။ ဒါနဲ့ ကိုယ့်ဟာကိုယ်  စိတ်ကူး၊ ခရီရိတ်လုပ်လို့ ဖန်တီးရိုက်ယူခဲ့တာပါ။ မနေ့က ကျွန်မစက်ကို ရှင်းရင်း ကံအားလျှော်စွာ ဒီပုံလေးပြန်တွေ့လိုက်လို့ ထခုန်မိမတတ် ၀မ်းသာသွားမိပါတယ်။ ဒါနဲ့ ချင်ချင်းပဲ ဒီနေ့မှာ ပြန်တင်ပေး လိုက်ပါတယ်။ မူရင်းကဗျာ ရေးသူကိုလည်း ကျေးဇူးစကား ဒီနေရာက ပြောလိုက်ပါတယ်ရှင်။



ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ
Credit : pearlphyuphyu.blog

No comments:

Subscribe

လာလည်သူများ

free counters