♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 13, 2015

" ကမ္ဘာ့သြဇာ အကြီးဆုံး အမျိုးသမီး ၅၀ ဆိုတာ ဟောဒိအောက်က မယ်မင်းကြီးမတို့ပါဘဲအေ...တကဒဲ ဟွန့်...သူတို့ဘဲတော်နိုင်လွန်းတယ် "


 
၁၉၉၈ ခုနှစ်၊ အောက်တိုဘာလမှာထုတ်ဝေခဲ့တဲ့ Fortune မဂ္ဂဇင်းထဲက စီးပွားရေးလုပ်ငန်းတွေမှာ သြဇာအကြီးမားဆုံးအမျိုးသမီးများ
(Most Powerful Women) ရဲ့ပထမဆုံးစာရင်းဟာ တကယ်တော့ အမေရိကန်တွေအတွက်ပဲရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စီးပွားရေးလုပ်ငန်းစွမ်းရည်နဲ့ညီမျှတယ်လို့
အယ်ဒီတာတွေကသဘောထားတဲ့ ထင်ရှားတဲ့လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ရာထူးတွေမှာ အမျိုးသမီးတွေကိုတင်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာကုမ္ပဏီဆိုတာ မရှိသေးသလောက်ဖြစ်နေခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ ဒီမဂ္ဂဇင်းကြီးဟာ အပြည်ပြည်ဆိုင်ရာက သြဇာကြီးမားတဲ့အမျိုးသမီးတွေကို သီးခြားအဆင့်သတ်မှတ်မှုလုပ်ခဲ့ပေမဲ့ အဲဒီစာရင်းမှာလည်း အမေရိကန်နိုင်ငံပြင်ပကိုရောက်နေတဲ့ အမေရိကန် (Pearson ကုမ္ပဏီက Marjorie Scardino) အမျိုးသမီးကပဲ ထိပ်ဆုံးမှာရောက်နေခဲ့ပါတယ်။ အခုတော့ ခေတ်ကာလတွေကပြောင်းလဲသွားပါပြီ။ ကမ္ဘာတစ်လွှားကအမျိုးသမီးတွေဟာ ကြီးမားတဲ့ကုမ္ပဏီကြီးတွေမှာ အထက်ပိုင်းအထိ ရောက်အောင် တက်နေကြပါပြီ။ အမေရိကန်အမှုဆောင်တွေကလည်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ကူးစိတ်သန်းအသစ်တွေကိုရှာဖွေဖို့ လေကြောင်းခရီးရှည်တွေ ထွက်ပြီး ဘယ်တုန်းကနဲ့မှမတူအောင် တစ်ကမ္ဘာလုံးကိုအနှံ့ရောက်နေပါပြီ။ အဲဒါကြောင့် လုံးဝဆန်းသစ်တဲ့အဆင့်သတ်မှတ်ချက်တစ်ခုလုပ်ဖို့ အချိန်ရောက်ပြီလို့ Fortune က ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီ ပထမဆုံး သြဇာအကြီးမားဆုံးအမျိုးသမီးများအဆင့်သတ်မှတ်ချက်ကိုပြုစုဖို့အတွက် အမှုဆောင်သြဇာအာဏာကို တိုင်းတာရာမှာလည်း အယ်ဒီတာတွေဟာ လုပ်ငန်းရဲ့အရွယ်အစားနဲ့အရေးပါမှု၊ လုပ်ငန်းအခြေအနေ၊ ရောက်နေတဲ့လမ်းကြောင်းနဲ့ ခေါင်းဆောင်လုပ်သူရဲ့ လုပ်ငန်းလုပ်ကိုင်မှုအတိုင်းအတာဆိုတဲ့ သမိုင်းတစ်လျှောက်လုံးသုံးခဲ့တဲ့တူညီတဲ့နည်းလမ်းတွေနဲ့ပဲတိုင်းတာခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်ခါမှာတော့ အယ်ဒီတာတွေဟာ အမှုဆောင်ရဲ့လုပ်ငန်းဆောင်ရွက်မှုရဲ့အပြည်ပြည်ဆိုင်ရာသဘာဝနဲ့ ကမ္ဘာတစ်ဝန်းကလုပ်ငန်းအသိုက်အ၀န်းမှာ သူ့ရဲ့ရပ်တည်မှုတွေကို အလေးပေးထားပါတယ်။
အဲဒါကြောင့် Fortune ရဲ့ အမေရိကန် သြဇာအကြီးမားဆုံးအမျိုးသမီးများစာရင်းမှာ အဆင့် ၁၅ လိုက်တဲ့ Sam's Club ကုမ္ပဏီရဲ့စီအီးအို Rosalind Brewer ဟာ ကမ္ဘာလုံးဆိုင်ရာစာရင်းမှာ အဆင့် ၃၉ ကိုပြုတ်ကျသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရောင်းမယ့်ပစ္စည်းတွေကို ကမ္ဘာတစ်ဝန်းလုံးဆီကရနေတာဖြစ်ပေမဲ့ ရောင်းရငွေတွေအားလုံးကို အမေရိကန်ဈေးကွက်တစ်ခုထဲဆီကရနေတာဖြစ်လို့ပါပဲ။

1.Mary Barra

၅၂ နှစ်၊ အမေရိကန်
CEO, General Motors
ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားထုတ် လုပ်ရေးလုပ်ငန်းကြီးကို စီမံခန့်ခွဲနေတဲ့ Barra ဟာ တိုက်ကြီးခြောက်တိုက်မှာရှိတဲ့ GM ရဲ့ဌာနကြီး ၃၉၆ ခုရဲ့ ၀န်ထမ်းပေါင်း ၂၁၂,၀၀၀ ကျော်ကို ကြီးကြပ်ကွပ်ကဲနေပါတယ်။ လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်သက်တမ်းတစ်ခု လုံးကို GM မှာပဲဖြတ်သန်းခဲ့တဲ့ ဒီစီအီးအိုအသစ် ဟာ အမေရိကန်နိုင်ငံမှာ ကြီးမားတဲ့စိန်ခေါ်မှုကြီး တွေကို ရင်ဆိုင်နေရပါတယ်။
အမေရိကန်နိုင်ငံမှာ သူ့ရဲ့ဈေးကွက်ဝေစုဟာ သမိုင်းတွင်လောက်အောင် ကျဆင်းနေပြီး အမြတ်မာဂျင်တွေက Ford ကုမ္ပဏီ ထက်နည်းနေပါတယ်။
ဥရောပမှာ GM Opel ဆိုတဲ့ Brand က ဒေါ်လာဘီလီယံနဲ့ချီပြီး အရှုံးပေါ် ခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုလုံးအနေနဲ့ဆိုရင် တော့ အမြတ်တွေပြန်ပေါ်နေပြီး Barra ဟာ GM ပန်ပြီးကြီးပွားအောင်မြင်အောင် ရင်းနှီးမြှုပ်နှံဖို့ အတွက် ဒါရိုက်တာအဖွဲ့ရဲ့သဘောတူခွင့်ပြုချက်ကို ရရှိထားပြီဖြစ်ပါတယ်။

2.Ginni Rometty

၅၆ နှစ်၊ အမေရိကန်
Chairman ၊ CEO နှင့် President ၊ IBM
မကြာသေးခင်က ၀င်ငွေမပြည့်မီတာကြောင့်သူ့ရဲ့ဆုကြေးငွေကို Rometty စွန့်လွှတ်ခဲ့ရပေမဲ့ နိုင်ငံပေါင်း ၁၇၀ မှာ ဖောက်သည်တွေနဲ့ ၀န်ထမ်းတွေ ရှိနေတဲ့ IBM ဟာ ကမ္ဘာ့အဆင့်မှာတော့ ခံ့ညား ထည်ဝါနေတုန်းပါပဲ။
သူက ကြီးမားတဲ့အခွင့်အလမ်း တွေကိုမြင်ပါတယ်။ အထူးသဖြင့် အာဖရိကမှာ မြင်ပါတယ်။ အဲဒီမှာရှိတဲ့နိုင်ငံတော်တော်များများ ကို ဒီနှစ်ထဲမှာ သူသွားလည်မှာပါ။ ဈေးကွက်ထဲမှာ ရင်းနှီးငွေဒေါ်လာဘီလီယံနှစ်ရာနီးပါးထည့်ထားတဲ့ IBM ဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးခေါင်းဆောင် တဲ့ တန်ဖိုးအများဆုံးကုမ္ပဏီကြီးဖြစ်ပါတယ်။

3. Indra Nooyi

Chairman နှင့် CEO ၊ Pepsico
၅၁နှစ် ၊ အမေရိကန်
Nooyi ဟာ Pepsico ကို သူကိုင်တွယ်ခဲ့တဲ့ ခုနစ်နှစ်တာကာလအတွင်းမှာ အမေရိကန်နိုင်ငံ ပြင်ပကအရောင်းပမာဏကို နှစ်ဆကျော်တိုးအောင် လုပ်ခဲ့ပါတယ်။ အခုဆိုရင် အပြည်ပြည်ဆိုင်ရာ ဈေးကွက်ဟာ ကုမ္ပဏီရဲ့ဝင်ငွေဒေါ်လာ ၆၅. ၅ ဘီလီယံထဲမှာ တစ်ဝက်လောက်ပါနေပါပြီ။
အိန္ဒိယ နွယ်ဖွားဖြစ်တဲ့ Nooyi ဟာ သူ့ရဲ့ကုန်ပစ္စည်းအတွဲ တွေက သူ့ရဲ့စားသုံးသူအခြေစိုက်စခန်းတွေကို ရောင်ပြန်ဟပ်အောင်လုပ်ထားပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ရှန်ဟိုင်းမြို့၊ ဟန်းဘတ်မြို့နဲ့ မက္ကဆီကိုနိုင်ငံက မွန်တာရီမြို့တွေမှာ ဆန်းသစ် တီထွင်မှုဌာနတွေပေါ်ထွက်လာခဲ့ပါတယ်။

4.Maria Das

Gracas Silva Foster

၆၀ နှစ်၊ ဘရာဇီး
CEO ၊ Petrobras ၊ Petrobras
ကမ္ဘာလုံးဆိုင်ရာ Fortune ၅၀၀ စာရင်းမှာ အမှတ်စဉ် ၂၅ မှာရှိပြီး နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၄၄ ဘီလီယံရှိတဲ့ Petrobras ဟာ အမျိုးသမီးခေါင်းဆောင်တဲ့ အဆင့်အမြင့်ဆုံး ကုမ္ပဏီကြီးဖြစ်ပါတယ်။ Foster ဟာ စိန်ခေါ်မှု တွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။
သူဟာ ထုတ်လုပ်ရေးနဲ့ စူးစမ်းရှာဖွေ ရေးစီမံကိန်းတွေမှာ ဒေါ်လာ ၂၃၇ ဘီလီယံသုံးစွဲဖို့ စီစဉ်နေတဲ့အချိန်မှာတောင်မှ ဒီစွမ်းအင်ကုမ္ပဏီ ကြီးရဲ့ဘဏ္ဍာရေးရှင်းတမ်းကို ခိုင်မာအောင်လုပ်ဖို့ အတွက် ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းပစ်နေ ပါတယ်။

5.Ellen Kullman

၅၈ နှစ်၊ အမေရိကန်
Chairman နှင့် CEO ၊ Dupont
Kullman ရဲ့ Dupont ကိုပြန်လည် ဆန်းသစ်တီထွင်လိုက်မှုဟာ အပြည်ပြည်ဆိုင်ရာမှာ ဂုဏ်သတင်းထင်ရှားခဲ့ပါတယ်။ ဒိန်းမတ်အစား အသောက်အင်ဇိုင်း (ဓာတ်ပြောင်းအကူပစ္စည်း) ထုတ်လုပ်တဲ့ Danisco ကုမ္ပဏီကို ၂၀၁၁ ခုနှစ်မှာ သူဝယ်လိုက်တာဟာ ဒီကုမ္ပဏီကြီးကို (ဇီဝနည်း ပညာ၊ အဆင့်မြင့်ပစ္စည်းတွေနဲ့အတူ) စိုက်ပျိုးရေးနဲ့ အာဟာရပစ္စည်းထဲကို နက်နက်ရှိုင်းရှိုင်းရောက် သွားအောင်တွန်းပေးလိုက်တဲ့ကြိုးပမ်းမှုမှာ အဓိက သော့ချက်ဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ခြောက်လ အတွင်း ကုမ္ပဏီရဲ့အရောင်းဒေါ်လာ ၁၅.၅ ဘီလီယံထဲကသုံးပုံတစ်ပုံဟာ ဖွံ့ဖြိုးဆဲဈေးကွက် တွေဆီကလာကြတာဖြစ်ပါတယ်။

6.Irene Rosenfeld

၆၀ နှစ်၊ အမေရိကန်
Chairman နှင့် CEO ၊ Mondelez International
Rosenfeld ဟာ Kraft ကို နှစ်ပိုင်း ခွဲပြီးတဲ့အခါ အပြည်ပြည်ဆိုင်ရာပိုပြီးဖြစ်လာတဲ့ ဒီလုပ်ငန်းကြီးကို (ထူးခြားဆန်းပြားတဲ့နာမည်တစ်ခုကိုပေးပြီး) ကိုင်တွယ်ခဲ့ပါတယ်။ သရေစာမုန့် လုပ်တဲ့ ဒီ Mondelez ကုမ္ပဏီဟာ သူ့ဝင်ငွေရဲ့ ၈၃ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံရဲ့ပြင်ပက ရတာဖြစ်ပြီး အဲဒီငွေတွေကို Rosenfeld က သင့်တော်သလိုရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံမှာ သူ့ရဲ့ အကြီးဆုံးချောကလက်စက်ရုံကြီးကို တည်ဆောက်ဖို့ ဒေါ်လာသန်း ၁၉၀ သုံးစွဲမယ်လို့ မနှစ်တုန်းက ကုမ္ပဏီကပြောခဲ့ပါတယ်။

7.Marillyn Hewson

၆၀ နှစ်၊ အမေရိကန်
Chairman ၊ President နှင့် CEO ၊ Lockheed Martin
Hewson ဟာ ၀င်ငွေရဲ့ ၁၇ ရာခိုင် နှုန်းရှိတဲ့ အပြည်ပြည်ဆိုင်ရာအရောင်းတွေကို တိုးအောင် အကြီးအကျယ်တွန်းပေးနေပါတယ်။ (အဲဒီဟာကလွဲရင် တခြားဟာတွေအားလုံးကို အမေရိကန်အစိုးရဆီကိုရောင်းနေတာဖြစ်ပါတယ်) ဒီကာကွယ်ရေးပစ္စည်း ကန်ထရိုက်လုပ်ငန်းကြီးမှာ သူ့ရဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို ၀ယ်မယ့် အပြည်ပြည်ဆိုင်ရာက ၀ယ်ယူသူဆယ်ဦးလောက် ရှိပါတယ်။
ဒါပေမဲ့ Lockheed Martin ဟာ ပြည်ပ၀ယ်လက်တွေကို မရောင်းတဲ့အခါမှာတောင် သူ့ရဲ့ပစ္စည်းတွေမှာ ကမ္ဘာလုံးဆိုင်ရာသံခင်းတမန် ခင်းအပေါ်မှာ ကြီးမားတဲ့သွယ်ဝိုက်သက်ရောက်မှု တစ်ခုရှိနေပါတယ်။

8.Meg Whitman

၅၇ နှစ်၊ အမေရိကန်
President နှင့် CEO ၊ HP
Whitman ဟာ တစ်ကမ္ဘာလုံးအဆင့် မှာ HP ရဲ့ပြိုင်ဘက် Lenovo နဲ့ အကြီးဆုံး တိုက်ပွဲတချို့ကိုဆင်နွှဲနေပါတယ်။ Lenovo ဟာ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အခု ဆိုရင် Server တွေကိုတောင်အသုံးပြုပြီး အရွယ် အစားကြီးမားလာနေပါပြီ (Lenovo ဟာ HP ကို ကမ္ဘာပေါ်မှာ စားပွဲတင်ကွန်ပျူတာအများဆုံးထုတ် တဲ့နံပါတ် ၁ နေရာကဖယ်ရှားခဲ့ပြီးပါပြီ)။
တကယ် တော့ ဒီအထင်ကရဂုဏ်ယူအားထားစရာကုမ္ပဏီ ကြီးကို အလှည့်အပြောင်းတစ်ခုဖြစ်အောင် Whitman ကလုပ်နိုင်မှာလားဆိုတာကို ကမ္ဘာကြီး က စောင့်ကြည့်နေတာကြပါပြီ။

9.Pat Woertz

၆၀ နှစ်၊ အမေရိကန်
Chairman ၊ President နှင့် CEO ၊ Archer Daniels Midland
နိုင်ငံရဲ့အကြီးဆုံး ကောက်ပဲသီးနှံ ကုမ္ပဏီကြီးကို ADM က ဒေါ်လာသုံးဘီလီယံနဲ့ ၀ယ်ဖို့ကမ်းလှမ်းချက်ကို သြစတြေးလျအစိုးရက ပိတ်ပင်လိုက်တဲ့အခါ Woertz ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတိုးချဲ့ရေးအစီအစဉ်ဟာ အတားဆီးခံ လိုက်ရပါတယ်။ ဒီလိုအဆင်မပြေမှုတွေရှိပေမဲ့ Woertz မှာ လေးနက်တဲ့အပြည်ပြည်ဆိုင်ရာရဲ့ ယုံကြည်လက်ခံမှုရှိပါတယ်။ တစ်နှစ်ကို ၀င်ငွေ ဒေါ်လာ ၈၉ ဘီလီယံရှိတဲ့ဒီကုမ္ပဏီကြီးဟာ နေရာ တိုင်းလိုလိုမှာ စားသောက်ပစ္စည်းတွေကိုထုတ်လုပ် နေရုံသာမက သူ့ရဲ့ထောက်ပံ့ပို့ဆောင်ရေးဌာနခွဲ ကလည်း ကမ္ဘာအနှံ့မှာလှည့်ပြီး ကုန်စည်တွေကို သယ်ယူပို့ဆောင်ပေးနေပါတယ်။

10.Gail Kelly

၅၇ နှစ်၊ သြစတြေးလျ
MD နှင့် CEO ၊ Westpac
Kelly ဟာ တစ်ကမ္ဘာလုံးနဲ့ပတ်သက်နေ တယ်လို့ ပြောလို့ရပါတယ်။ သူ့ကို ဗြိတိသျှမိဘ တွေက တောင်အာဖရိကနိုင်ငံမှာမွေးခဲ့ပြီး သူဟာ ဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ သြစတြေးလျနိုင်ငံထဲကို ၀င်မလာခင် ဇင်ဘာဘွေနိုင်ငံမှာ လက်တင်ဘာသာ သင်ပေးတဲ့ဆရာမလည်း လုပ်ခဲ့ပါတယ်။
ဝင်ငွေ ဒေါ်လာ ၄၃.၆ ဘီလီယံရှိတဲ့ သူ့ရဲ့ Westpac ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုးအရဆိုရင် ဒီနိုင်ငံမှာ ဒုတိယအကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်ပြီး Kelly ရဲ့ သက်တမ်းခြောက်နှစ်တာကာလအတွင်း အကျိုး အမြတ် ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ဒီနိုင်ငံထဲက စွမ်းဆောင်မှုအကောင်းဆုံးကုမ္ပဏီ တစ်ခုလည်းဖြစ်ပါတယ်။

11.Sheryl Sandberg

၄၄ နှစ်၊ အမေရိကန်
COO ၊ Facebook
ဘာသာစကား ၇၀ လောက်နဲ့သုံးလို့ ရပြီး သူ့ရဲ့ဝင်ငွေရဲ့တစ်ဝက်ကျော်ကို အမေရိကန် နိုင်ငံရဲ့ပြင်ပကထွက်လာအောင်လုပ်ပေးနေတဲ့ Facebook ကုမ္ပဏီရဲ့နံပါတ်-၂ ဖြစ်တဲ့ Sandberg ဟာ ကမ္ဘာလုံးဆိုင်ရာပြောဆိုဆွေးနွေးမှုတွေကို မြှင့် တင်တဲ့နေရာမှာ အဓိကကျတဲ့အခန်းကပါဝင် ဆောင်ရွက်ရပါတယ်။
သူဟာ အလုပ်လုပ်ပိုင်ခွင့် ပေးရေးအတွက် သူ့ရဲ့ပုဂ္ဂလိကသတင်းစကားကို ဖြန့်ဖြူးဖို့လည်း ကြိုးစားနေပါတယ်။ သူ့ရဲ့လုပ်ငန်း ပိုင်းဆိုင်ရာစာအုပ်ဖြစ်တဲ့ LeanIn ကို ဘာသာ ၂၀ ကျော်နဲ့ဘာသာပြန်ခဲ့ပြီးပြီဖြစ်ပါတယ်။

12.Phebe Novakovic

၅၆ နှစ်၊ အမေရိကန်
Chairman နှင့် CEO ၊ General Dynamics
General Dynamics ဟာ အပြည် ပြည်ဆိုင်ရာလုပ်ငန်းတွေမှာ ဖြည်းဖြည်းနဲ့ မှန်မှန် တိုးတက်နေပြီး ၂၀၁၀ ပြည့်နှစ်မှာ စုစုပေါင်း ၀င်ငွေရဲ့ ၁၈ ရာခိုင်နှုန်းရှိခဲ့ရာက အခုဆိုရင် ၂၀ ရာခိုင်နှုန်းဖြစ်နေပါပြီ။ ကာကွယ်ရေးပစ္စည်းတွေ ထုတ်တဲ့ဒီကုမ္ပဏီဟာ ထွန်းသစ်စဈေးကွက်တွေ ဆီက အကျိုးအမြတ်တွေရလာနိုင်စရာရှိနေပါ တယ်။
ဂျက်လေယာဉ်တွေထုတ်လုပ်တဲ့ သူ့ရဲ့ လေယာဉ်တည်ဆောက်ရေးဌာနလုပ်ငန်းတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ နိုင်ငံတကာကအမှာစာရထားတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။

13.Safra Catz

၅၂ နှစ်၊ အမေရိကန်
Co-President နှင့် CFO ၊ Oracle
Oracle ရဲ့ဆော့ဖ်ဝဲဟာ Global 500 ဆိုတဲ့ကုမ္ပဏီ အသိုက်အ၀န်းကြီးထဲမှာ မရှိမဖြစ် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ အဲဒီ Oracle ရဲ့ အကြီးဆုံးဆုံးဖြတ်ချက်တွေပေါ်မှာ Catz ရဲ့သဘောတူညီမှုကိုပြတဲ့တံဆိပ်တုံးကို ရိုက်နှိပ်ထားပါတယ်။
ဒီလိုထိန်းချုပ်ထားတဲ့ အတိုင်းအတာဟာ သူ့ကို နည်းပညာပိုင်းမှာ သြဇာ အကြီးမားဆုံးပုဂ္ဂိုလ်တစ်ယောက်အဖြစ်ကို ရောက် သွားစေခဲ့ပါတယ်။ အစ္စရေးနွယ်ဖွားတစ်ယောက် ဖြစ်တဲ့ Catz ဟာ Oracle ရဲ့ ကုမ္ပဏီဝယ်ယူ သိမ်းသွင်းရေးမဟာဗျူဟာမှာလည်း အဓိကအရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ သူဟာ ဒေါ်လာ ၅ ဘီလီယံ နီးပါးတန်ဖိုးရှိတဲ့ဝယ်ယူမှုခုနစ်ခုကို ပြီးမြောက် အောင်ဆောင်ရွက်ခဲ့ပါတယ်။

14.Marissa Mayer

၃၈ နှစ်၊ အမေရိကန်
President နှင့် CEO ၊ Yahoo
သူ့ရဲ့နိုင်ငံမှာ ထင်ရှားကျော်ကြားသူ ဖြစ်နေပြီးတဲ့ Mayer ဟာ အခုအချိန်မှာတော့ ကမ္ဘာ့အဆင့်ကိုလှမ်းတက်နေပါပြီ။ မကြာသေး ခင်က ဆွစ်ဇာလန်နိုင်ငံ၊ Davos မြို့မှာလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကြီးမှာ သူဟာ ပူးတွဲ သဘာပတိလုပ်ခဲ့ရပါတယ်။
Yahoo ရဲ့ပြည်တွင်း လုပ်ငန်းဆောင်ရွက်မှုတွေမှာ Mayer လုပ်ခဲ့တဲ့ အလှည့်အပြောင်းဟာ တိုးတက်မှုတွေရှိနေပြီး အပြည်ပြည်ဆိုင်ရာလုပ်ကွက်မှာတော့ တရုတ် နိုင်ငံက အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း တစ်ခု ဖြစ်တဲ့ Alibaba ကုမ္ပဏီရဲ့ရှယ်ယာ ၂၄ ရာခိုင် နှုန်းကိုကိုင်ထားတာက အလားအလာတော်တော် ကောင်းနေပါတယ်။

15.Alison Cooper

၄၇ နှစ်၊ ဗြိတိန်
CEO ၊ Imperial Tobacco
Cooper ဟာ Kazakhstan နိုင်ငံလို ကြီးထွားလာတဲ့ ဈေးကွက်တွေထဲမှာ ရင်းနှီးမြှုပ်နှံ တာတွေ၊ အမေရိကန်နဲ့ ရုရှားနိုင်ငံတွေမှာ သူ့ရဲ့ ကမ်းလှမ်းမှုတွေကို အသစ်မွမ်းမံတာတွေလုပ်ပြီး ၀င်ငွေဒေါ်လာ ၂၃ ဘီလီယံရှိတဲ့ ဧရာမဆေးရွက် ကြီးလုပ်ငန်းကြီးရဲ့ ကျဆင်းနေတဲ့လုပ်ငန်းပမာဏ တွေကို ထေမိအောင်လုပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းကြီး ထဲမှာ Davidoff နဲ့ Gauloises ဆိုတဲ့Brand တွေပါပါတယ်။ ဒီနှစ်နှစ်ကုန်ပိုင်းမှာ အီး-စီးကရက် ကို သူကစပြီးမိတ်ဆက်ပေးပါလိမ့်မယ်။

16.Güler Sabanci

၅၈ နှစ်၊ တူရကီ
Chairman နှင့် MD ၊ Sabanci Holding
Sabanci ရဲ့ခေါင်းဆောင်မှုအောက်မှာ ဒီမိသားစုလုပ်ငန်းကြီးကို Aviva Citigroup နဲ့ E.ON. တို့လိုကုမ္ပဏီကြီးတွေနဲ့ စီးပွားဖက်ဖြစ် အောင်လုပ်ခဲ့ပါတယ်။ Sabanci ရဲ့ကုမ္ပဏီ တစ်ခုက Google နဲ့ Facebook ရဲ့ဝန်ထမ်းတွေ အလုပ်သွား၊ အလုပ်ပြန် သယ်ယူပို့ဆောင်ရေးမှာ သုံးတဲ့ဘတ်စ်ကားတွေကိုသွင်းခဲ့ပါတယ်) Sabanci ဟာ Siemens ကုမ္ပဏီကြီးရဲ့ကြီးကြပ်ရေးဘုတ် အဖွဲ့မှာပါဝင်နေသလို တူရကီနိုင်ငံ၊ ဥရောပသမဂ္ဂ မှာပါဝင်ရေးအတွက်လည်း စည်းရုံးရေးအလုပ် တွေကိုလုပ်နေပါတယ်။

17.Deb Henretta

၅၂ နှစ်၊ အမေရိကန်
Group President, Global Beauty
Procter & Gamble
Henretta ဟာ အရောင်းတွေထိုင်း နေတဲ့ကြားက ကုမ္ပဏီဝင်ငွေရဲ့လေးပုံတစ်ပုံနီးပါး အတွက်တာဝန်ယူနေရတဲ့ (Pantene ၊ Cover Girl နဲ့ တခြား) Brand တချို့ကို လူတွေ ပိုပြီးအာရုံစိုက်လာအောင်ကြိုးစားနေပါတယ်။ ကောင်းကောင်းသိတဲ့ နယ်မြေတွေဖြစ်တဲ့ ထွန်း သစ်စဈေးကွက်တွေမှာ P&G ဟာ သုံးစွဲသူ တွေကို ဆက်ပြီးဆွဲဆောင်နေတုန်းပါပဲ။ P&G ရဲ့အာရှဆိုင်ရာလုပ်ငန်းကို ခေါင်းဆောင်နေခဲ့တုန်းက သူဟာ စင်ကာပူမှာ ခုနစ်နှစ်နေခဲ့ပါတယ်။

18.Chanda Kochhar

၅၂ နှစ်၊ အိန္ဒိယ
MD နှင့် CEO ၊ ICICI Bank
Kochhar ဟာ အိန္ဒိယနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဘဏ်ကြီးကို ဦးဆောင်နေပါတယ်။ ဒီဘဏ်ကြီးဟာ ပိုင်ဆိုင်မှုတန်ဖိုးပေါင်း ဒေါ်လာ ၁၂၄ ဘီလီယံ၊ အမြတ်ငွေပေါင်း ဒေါ်လာ ၁.၅ ဘီလီယံနဲ့ ဘဏ်ခွဲပေါင်း ၃,၅၈၈ ကိုဖြန့်ထားတဲ့ ကျယ်ပြန့်တဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။
ကြီးမားတဲ့လုပ်ငန်းအစိတ်အပိုင်းကြီးကို အိန္ဒိယနိုင်ငံထဲမှာလည်ပတ်နေတဲ့ကုမ္ပဏီတွေနဲ့ အိန္ဒိယနိုင်ငံထဲမှာပဲလုပ်ကိုင်နေပေမဲ့ ဒီဘဏ်ကြီး ဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာလည်း ပြည်ပရောက် အိန္ဒိယလူမျိုးတွေက နောက်ပိုင်းက မိသားစုတွေ ဆီကိုငွေပြန်ပို့ပေးတဲ့ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်နေ ပါတယ်။

19.Sheri McCoy

၅၅ နှစ်၊ အမေရိကန်
CEO ၊ Avon Products
McCoy ဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ အလှကုန်ပစ္စည်းတွေ တိုက်ရိုက်ရောင်းချတဲ့ဆီကို ခြေဦးလှည့်ဖို့အတွက် Johnson & Johnson ကထွက်ပြီး Avon ကို ၀င်ခဲ့ပါတယ်။ သူဟာ ထင် သလောက်အလုပ်မဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံမျိုးတွေထဲကထွက်လာခဲ့ပေမဲ့ အာရှရဲ့ကျန်တဲ့အစိတ်အပိုင်းတွေနဲ့ လက်တင် အမေရိကတွေမှာတော့ ဆက်ပြီးတာဝန်ယူထား တုန်းပါပဲ။ အဲဒီနိုင်ငံတွေမှာတော့ အိမ်တိုင်ရာ ရောက်လိုက်ရောင်းတဲ့အလုပ်ဟာ လက်လုပ် လက်စားအမျိုးသမီးတွေကို ၀င်ငွေတိုးဖို့အခွင့် အရေးတွေပေးနေပါတယ်။

20.Susan Wojcicki

၄၅ နှစ်၊ အမေရိကန်
Senior Vice President ၊ ကြော်ငြာနှင့်ရောင်းဝယ်ရေးဌာန ၊ Google
Google ရဲ့ ရာထူးအမြင့်ဆုံး အမျိုးသမီးဖြစ်တဲ့ Wojcicki ဟာ သူ့ရဲ့အဓိက အချိန်တွေကို ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View မြို့က ကုမ္ပဏီရဲ့ဌာနချုပ်မှာပဲ ကုန်ဆုံးစေပါတယ်။ (ဆယ်နိုင်ငံမှာရှိတဲ့ ထုတ် လုပ်ရေးမန်နေဂျာတွေ၊ အင်ဂျင်နီယာတွေနဲ့ဆက် သွယ်ဖို့အတွက် နည်းပညာနဲ့ ဗီဒီယိုကတစ်ဆင့် ဆွေးနွေးပွဲလုပ်နည်းတွေကို သူအသုံးပြုနေတာ ကတော့ အဆန်းမဟုတ်ပါဘူး) သူ့အနေနဲ့ အထူး တလည်အာရုံစိုက်တဲ့ အရာတစ်ခုကတော့ အင်တာနက်လောကထဲကိုစပြီးဝင်လာတဲ့ နိုင်ငံ တွေက ကြော်ငြာသမားကလေးတွေကို ၀န်ဆောင်မှု ပေးတဲ့အလုပ်ပဲဖြစ်ပါတယ်။

21.Ornella Barra

၆၀ နှစ်၊ ဗြိတိန်
Chief Executive ၊ လက္ကားနှင့် Brand ဌာန၊ Alliance Booots
Barra ဟာ မကြာသေးခင်က သူ့ရဲ့ များပြားလှတဲ့တာဝန်တွေအထဲမှာ ဆေးဝါးပစ္စည်း အုပ်စုရဲ့အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးနဲ့ အလှ အပလုပ်ငန်းကြီးကို ထပ်ပြီးဖြည့်စွက်ပေးခဲ့ပါ တယ်။ ဒီလိုတိုးချဲ့လိုက်တဲ့အခန်းကဏ္ဍက ဒီအုပ်စု ကြီးရဲ့စုစုပေါင်းတန်ဖိုးရဲ့ ၇၅ ရာခိုင်နှုန်း လောက် ရှိတဲ့ ဒေါ်လာ ၂၇ ဘီလီယံအတွက် Barra မှာ တာဝန်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ သူဟာ တစ်ကမ္ဘာလုံးနဲ့ပတ်သက်နေသူတစ်ယောက် ဖြစ်ပါတယ်။
အီတလီနိုင်ငံမှာမွေးပြီး သူဟာ ဘာသာစကားလေးမျိုးပြောတတ်ပါတယ်။ သူဟာ ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုအတွက်လည်း အလုပ် လုပ်ပေးနေပြီး မိုနာကိုနိုင်ငံမှာနေထိုင်ပါတယ်။

22.Chua Sock Koong

၅၆ နှစ်၊ စင်ကာပူနိုင်ငံ
CEO ၊ Singapore Telecommunications
Chua ဟာ ၂၀၁၂ ခုနှစ်မှာ အမေရိကန်အခြေစိုက်ကြော်ငြာကုမ္ပဏီ Amobee ကို ဒေါ်လာ ၃၂၁ သန်းနဲ့ဝယ်လိုက်တာလို မမျှော် လင့်တဲ့ဝယ်ယူသိမ်းသွင်းမှုမျိုးတွေလုပ်ပြီး ၀င်ငွေ ဒေါ်လာ ၁၄ ဘီလီယံရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်း ကြီးကို ခပ်မြန်မြန်ပုံစံအသစ်သွင်းနေပါတယ်။ ဒီလိုမျိုးဝယ်ယူမှုမျိုးတွေကို နောက်ထပ်မျှော်လင့် ထားရပါဦးမယ်။ နောက်သုံးနှစ်အတွင်းမှာ မဟာ ဗျူဟာမြောက် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဝယ်ယူမှု တွေလုပ်ဖို့ ဒေါ်လာ ၁.၆ ဘီလီယံလောက် သူ လျာထားတယ်လို့ CFO ကတက်လာတဲ့ ဒီစီအီးအို က ပြောပါတယ်။

23.Annika Falkengren

၅၁ နှစ်၊ ဆွီဒင်
President နှင့် CEO ၊ SEB
SEB မှာတစ်သက်လုံးနေခဲ့တဲ့ Falkengren ဟာ တစ်ကမ္ဘာလုံးဘဏ်လုပ်ငန်းနဲ့ အကျပ်အတည်းတွေ့နေခဲ့တဲ့ကာလတစ်လျှောက် လုံးမှာ ဒီသမိုင်းဝင်ဘဏ်ကြီးကို အောင်အောင် မြင်မြင် လမ်းပြနိုင်ခဲ့ပါတယ်။
ကြီးကို ဆွီဒင်နိုင်ငံက Wallenberg မိသားစုရဲ့ကွပ်ကဲမှုနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်) လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာ ဒီဘဏ်ကြီးရဲ့စတော့ဈေးနှုန်းဟာ ၄၅ ရာခိုင်နှုန်းတက်ခဲ့ပြီး ပိုပြီးကျယ်ပြန့်တဲ့ဈေးကွက် အတွက်တော့ ၁၆ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ Falkengren ဟာ Volkswagen ရဲ့ကြီးကြပ် ကွပ်ကဲရေးအဖွဲ့မှာလည်းပါနေပါတယ်။

24.Ursula Burns

၅၅ နှစ်၊ အမေရိကန်
Chairman နှင့် CEO ၊ Xerox
၂၀၁၃ ခုနှစ်မှာ Xerox ရဲ့ ရှယ်ယာ ဈေးနှုန်းတွေ ၆၉ ရာခိုင်နှုန်းတက်ခဲ့ပေမဲ့ ၀င်ငွေရဲ့ တိုးတက်မှုကတော့ မတည်ငြိမ်ခဲ့ပါဘူး။ Burns ဟာ သူ့ကုမ္ပဏီအတွက် ခွင်ကောင်းကောင်းကို ဆက်ပြီးရှာနေတဲ့အတွက် ပြည်ပကကော်ပိုရေးရှင်း တွေကို အပူတပြင်းလိုက်ဝယ်နေပါတယ်။ အဲဒီ ကုမ္ပဏီတွေအထဲမှာ ဂျာမနီအခြေစိုက် Invoco ဦးပိုင်လုပ်ငန်း၊ စားသုံးသူစောင့်ရှောက်ရေး ၀န်ဆောင်မှုလုပ်ငန်းတစ်ခုနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်တွေရှိတဲ့ ပင်စင်စီမံရေးရာဆော့ဖ်ဝဲ လုပ်ငန်းတစ်ခုဖြစ်တဲ့ Toronto's CPAS Systems လည်း ပါပါတယ်။

25.Carol Meyrowitz

၅၉ နှစ်၊ အမေရိကန်
CEO ၊ TJX Cos

သူ့ရဲ့လက်လီလုပ်ငန်းဟာ လုပ်ငန်းအများစုကို မြောက်အမေရိကမှာလုပ်ကိုင်နေကြပေမဲ့ အမေရိကန် စတိုးဆိုင်လုပ်ငန်းတွေ ဥရောပမှာမကြီးပွားနိုင်ဘူး ဆိုတဲ့အယူအဆကိုတော့ Meyrowitz က လက်မခံ ပါဘူး။ ၂၀၁၀ ပြည့်နှစ်ကိုခက်ခက်ခဲခဲဖြတ်သန်းပြီးတဲ့ အခါ Meyrowitz ဟာ ဥရောပစတိုးဆိုင်ဖွံ့ဖြိုးမှုကို နှေးကွေးအောင်လုပ်ထားခဲ့ပြီး အဲဒီလိုလုပ်လို့ရတဲ့ ဆုလဒ်တွေကို ရအောင်ယူခဲ့ပါတယ်။ ဥရောပမှာရခဲ့တဲ့ TJX ရဲ့အမြတ်တွေဟာ ၂၀၁၃ ခုနှစ်မှာ အရင်နှစ် ထက် သုံးဆတက်သွားခဲ့ပါတယ်။


26.Ho Ching

၆၀ နှစ်၊ စင်ကာပူ
Executive Director နှင့် CEO ၊ Temasek
သူစီမံကွပ်ကဲခဲ့တဲ့ Sovereign Wealth Fund လုပ်ငန်းဟာ သူစီအီးအိုရာထူးကိုယူခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတည်းကစပြီး ပိုင်ဆိုင် မှုတန်ဖိုးသုံးဆတိုးခဲ့ပြီး ဒေါ်လာ ၁၇၃ ဘီလီယံ အထိရှိလာခဲ့ပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်ဆင်း တစ်ယောက်ဖြစ်တဲ့ Ho ဟာ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့လက်ထပ်ခဲ့ပါတယ်။
သူ့ကိုအလုပ်ခန့်ခဲ့တာကတော့ နိုင်ငံရေး အရခန့်ခဲ့တာမဟုတ်ပါဘူး။ Temasek ကုမ္ပဏီဟာ မကြာသေးခင်က တရုတ်ဘဏ်တွေနဲ့ Chesapeake Energy လို အနောက်တိုင်းကရေနံနဲ့ဓာတ်ငွေ့ ကုမ္ပဏီတွေထဲမှာ ရင်းနှီးမြှုပ်နှံလာခဲ့ပါတယ်။

27.Anne Sweeney

၅၆ နှစ်၊ အမေရိကန်
Disney Media Networks ၏

Co-chair နှင့် Disney/ABC Television Group ၏ President
Sweeney စီမံကွပ်ကဲနေတဲ့ကွန်ရက် တွေထဲမှာ ကမ္ဘာလုံးဆိုင်ရာ ABC နဲ့ Disney Channel တွေပါပါတယ်။ အဲဒီကွန်ရက်တွေဟာ တစ်လအတွင်းမှာ နိုင်ငံပေါင်း ၁၆၆ နိုင်ငံမှာရှိတဲ့ နေအိမ်ပေါင်း ၄၃၁ သန်းဆီကိုရောက်နေပါတယ်။ ထင်ရှားတဲ့ အောင်မြင်မှုဖြစ်ရပ်တစ်ခုကတော့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လနဲ့ ၂၀၁၃ ဇူလိုင်လအတွင်း မှာ ပြင်သစ်နိုင်ငံကတောင်းဆိုကြည့်ရှုသူဦးရေ ၆၂ ရာခိုင်နှုန်းတက်သွားခဲ့တာပဲဖြစ်ပါတယ်။

28.Patricia Barbizet

၅၈ နှစ်၊ ပြင်သစ်
CEO (Artemis Holding)
Vice- chair (Kering)
Barbizet ဟာ သူဌေးကြီး Pinault မိသားစုရဲ့ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၄၁ ဘီလီယံ ရှိတဲ့ ဦးပိုင်ကုမ္ပဏီကြီးကိုဦးဆောင်ပြီး လုပ်ငန်း တွေကိုကြီးကြပ်ကွပ်ကဲနေပါတယ်။ အဲဒီလုပ်ငန်း တွေအထဲမှာ Christie ရဲ့လေလံပွဲရုံ က (အရင်က PPR လို့သိထားကြတဲ့) Kering အထိ Gucci ၊ Bottega ၊ Veneta နဲ့ Puma အထိပါပါတယ်။
Air France ၊ KLM ၊ Total နဲ့ PSA Peugeot Citroen တွေလို အင်အားကြီးမားတဲ့ကုမ္ပဏီကြီး တွေရဲ့ဒါရိုက်တာအဖွဲ့တွေထဲမှာ အဖွဲ့ဝင်အဖြစ် သူပါဝင်နေတာက ကမ္ဘာတစ်ဝန်းမှာသက်ရောက် နေတဲ့သူ့ရဲ့သြဇာကို အခိုင်အမာပြနေပါတယ်။

29.Abigail Johnson

၅၂ နှစ်၊ အမေရိကန်
President ၊ FMR
Fidelity ရဲ့ရင်းနှီးမြှုပ်နှံသူပေါင်း ၂၃ သန်းဟာ အမေရိကန်နိုင်ငံထဲမှာရှိကြပါတယ်။ ဒါပေမဲ့ တန်ဖိုးဒေါ်လာ ၄.၆ ထရီလီယံ (သန်း ၄.၆ သန်း) ရှိတဲ့ ဧရာမအများပိုင်ကုမ္ပဏီကြီး ထဲကို နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ၆၉ ရာခိုင်နှုန်းတက်လာခဲ့ပြီး ပြည်ပကထည့်ဝင်ထားတဲ့ အစုရှယ်ယာတန်ဖိုးစုစု ပေါင်းဟာ ဒေါ်လာ ၁၂၄.၄ ဘီလီယံဖြစ်သွား ခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာဆန်တယ်လို့ နာမည် ကြီးတဲ့ Johnson ဟာ ၂၄ နိုင်ငံမှာလုပ်ကိုင်နေတဲ့ တွဲဖက်ကုမ္ပဏီဖြစ်တဲ့ Fidelity International ရဲ့ဒါရိုက်တာအဖွဲ့ထဲကိုလည်း ၀င်ခဲ့ပါတယ်။

30.Denise Morrison

၆၀ နှစ်၊ အမေရိကန်
President နှင့် CEO ၊ Campbell Soup
Morrison ဟာ အာရှရဲ့မီးဖိုချောင် တွေထဲကို သူ့နည်းသူ့ဟန်နဲ့ ၀င်လာနေပါတယ်။ ဒီကုမ္ပဏီဟာ သြဂုတ်လတုန်းက ဘီစကစ်ထုတ် လုပ်တဲ့ Kelsen Group ကုမ္ပဏီကို ၀ယ်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ သူ့ရဲ့ဝင်ငွေဒေါ်လာသန်း ၁၈၀ ရဲ့ သုံးပုံတစ်ပုံကို တရုတ်နိုင်ငံနဲ့ ဟောင်ကောင်ဆီက ရနေတာဖြစ်ပါတယ်။
Pepperidge Farm လို တခြား Campbell Brand တွေကို ဒေသတွင်းမှာ အိမ်တိုင်ရာရောက်ရောင်းဖို့အတွက် Kelsen ရဲ့ ဖြန့်ဖြူးမှုကိုအမြတ်ထုတ်ဖို့ Morrison က မျှော်လင့်နေပါတယ်။

31.Mary Callahan Erdoes

၄၆ နှစ်၊ အမေရိကန်
CEO ၊ Asset Management ၊ J.P.Morgan Chase
Erdoes ဟာ J.P Morgan ကုမ္ပဏီရဲ့ Asset Management လုပ်ငန်းမှာ ဒေါ်လာ ၁.၆ ထရီလီယံဆိုတဲ့ ဧရာမပိုင်ဆိုင်မှုကြီးကိုတာဝန်ယူ ထားရပါတယ်။ ဒီလုပ်ငန်းကြီးဟာ ကမ္ဘာပေါ်မှာ ဒီလိုအမျိုးအစားတူလုပ်ငန်းတွေထဲမှာ သတ္တမ အကြီးဆုံးလုပ်ငန်းကြီးဖြစ်ပြီး ၃၃ နိုင်ငံမှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုမန်နေဂျာတွေကိုလွှတ်ထားပါတယ်။
ကုမ္ပဏီကြီးတစ်ခုလုံးရဲ့အမြတ်က ၇.၃ ရာခိုင် နှုန်းကျခဲ့တာတောင် သူဟာ ပိုင်ဆိုင်မှုတွေကို သုံးလပတ်ပေါင်း ၁၉ ခုဆက်တိုက်တိုးလာအောင် လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ဆုံးသုံးလပတ်မှာ အမြတ် ၁၈ ရာခိုင်နှုန်းတိုးအောင်မြှင့်တင်ပေးခဲ့ ပါတယ်။

32.Elizabeth Corley

၅၇ နှစ်၊ ဗြိတိန်
CEO ၊ Allianz Global Investors
Allianz ကုမ္ပဏီကြီးရဲ့ ငွေကြေး ၀န်ဆောင်မှုဌာနတစ်ခုဖြစ်တဲ့ Corley ရဲ့ပိုင်ဆိုင် ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းကစီမံခန့်ခွဲနေတဲ့ ပိုင်ဆိုင် ပစ္စည်းတွေရဲ့တန်ဖိုးဟာ ဒေါ်လာ ၄၃၆ ဘီလီယံ ရှိပါတယ်။ Corley ဟာ ဂျာမနီနဲ့ ပြင်သစ်က ကုမ္ပဏီရုံးတွေနဲ့ အမေရိကန်၊ အာရှပစိဖိတ် ဒေသလို ဖောက်သည်တွေရဲ့အမာခံစခန်းတွေကြား ထဲမှာ လွန်းပျံပြေးလွှားနေပါတယ်။ Corley ဟာ သူ့ရဲ့အားလပ်ချိန်တွေမှာ ပြစ်မှုဝတ္ထုတွေကိုရေးလေ့ ရှိပြီး ဒီနေ့အထိဆိုရင် လုံးချင်းဝတ္ထုငါးအုပ်ရေးပြီး သွားပါပြီ။

33.Karen Agustiawan

၅၅ နှစ်၊ အင်ဒိုနီးရှား
President နှင့် CEO ၊ Pertamina
Agustiawan ဟာ ၂၀၁၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ဝင်ငွေ ဒေါ်လာဘီလီယံ ၇၀ ရှိတဲ့ အမျိုးသားစွမ်းအင်ကုမ္ပဏီကြီးကို ၀င်ငွေ ဒေါ်လာ ၂.၇ ဘီလီယံစံချိန်တင်ပြီးရအောင် ဦးဆောင်ခဲ့ပါတယ်။ မနှစ်က သူဟာ ပြည်ပမှာ ရဲဝံ့တဲ့ဝယ်ယူမှုတွေလုပ်ပြီး Big Oil ကုမ္ပဏီကြီးရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲဒီဝယ်ယူ မှုတွေထဲမှာ အယ်လ်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ Conoco Philips ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အီရတ် နိုင်ငံက Exxon Mobil ရေနံအုပ်စုရဲ့အစု ရှယ်ယာတွေပါပါတယ်။

34.Renée James

၄၉ နှစ်၊ အမေရိကန်
President ၊ Intel
James ရဲ့လက်ဖျားမှာရှိတဲ့ တွက်ချက် မှုစွမ်းအားဟာ အဝေးကြီးအထိရောက်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ Data ပိုင်းဆိုင်ရာဌာန အများစုဟာ Intel ရဲ့ကုန်ပစ္စည်းတွေနဲ့လည်ပတ် ကြပြီး ကွန်ပျူတာချစ်(ပ်) ထုတ်လုပ်သူတွေရဲ့ဝင်ငွေ ၇၅ ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံရဲ့အပြင်ဘက် ကလာပါတယ်။ မနှစ်က သူ President ဖြစ်လာခဲ့ ကတည်းက James ဟာ Intel ရဲ့မဟာဗျူဟာ၊ အထူးသဖြင့် သူနောက်ကျကျန်နေခဲ့တဲ့နယ်ပယ် တစ်ခုဖြစ်တဲ့ Mobile ထဲကိုဝင်မယ့်မဟာဗျူဟာကို မောင်းနှင်ခဲ့ပါတယ်။

35.Harriet Green

၅၂ နှစ်၊ ဗြိတိန်
Group CEO ၊ Thomas Cook
အထင်ကရဖြစ်နေပေမဲ့ ချည့်နဲ့နေတဲ့ British Travel ကုမ္ပဏီကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် လမှာ Green စပြီးတာဝန်ယူခဲ့ကတည်းက ကုမ္ပဏီ ရဲ့စတော့ဈေးနှုန်းဟာ အဆတစ်ရာကျော်တက်လာ ခဲ့ပါတယ်။ ဖွဲ့စည်းပုံကို သတ္တိကောင်းကောင်းနဲ့ ပြန်ပြင်ခဲ့တဲ့ကျေးဇူးကြောင့် ၀င်ငွေရဲ့ ၆၈ ရာခိုင် နှုန်းလောက်ကို ဗြိတိန်နိုင်ငံရဲ့ပြင်ပကရခဲ့ပါတယ်။ သူဟာ စီးပွားရေးလုပ်ငန်းတွေကိုလျှော့ပြီး ခရီး သွားလုပ်ငန်းတွေ၊ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ် လုပ်ငန်းတွေကိုဇောင်းပေးတဲ့အစီအစဉ်တွေနဲ့ Thomas Cook ကို ရှေ့ဆက်ပြီးပြန်လည်တီထွင် ဆန်းသစ်နေပါတယ်။

36.Pam Nicholson

၅၄ နှစ်၊ အမေရိကန်
President နှင့် CEO ၊ Enterprise Holdings
ကားအငှားလုပ်ငန်းမှာ အခြေခိုင်နေပြီ ဖြစ်တဲ့ အမေရိကန်ဈေးကွက်နဲ့အတူ ဒီနေ့ပြည်ပ မှာရှိနေတဲ့နိုင်ငံနဲ့နယ်မြေပေါင်း ၅၀ ကို ၇၀ အထိ ကြီးထွားလာဖို့စီစဉ်ပြီး Nicholson ကတွန်းအား ပေးလုပ်ကိုင်နေပါတယ်။ ကားအစီးရေ ၁.၄ သန်း ရှိတဲ့ ကမ္ဘာ့အကြီးဆုံးကားအငှားလုပ်ငန်းကုမ္ပဏီ ကြီးဟာ ၁၉၈၁ ခုနှစ်ကစပြီး စီမံခန့်ခွဲရေး သင်တန်းသားအဖြစ်နဲ့ Nicholson ၀င်လုပ်ခဲ့ တုန်းက ကားစီးရေခြောက်ထောင်ပဲရှိခဲ့တဲ့အခြေ အနေက အခုလိုကြီးထွားလာခဲ့တာဖြစ်ပါတယ်။

37.Bridget Van Kralingen

၅၀ နှစ်၊ အမေရိကန်
>
SVP, IBM Global Business Services ၊ IBM
CEO Rometty ရဲ့တပည့်ရင်းလို့ အမွှမ်းတင်ခံရတဲ့ Van Kralingen ဟာ အရေး အကြီးဆုံးလုပ်ငန်းဌာနတွေကို ကြီးကြပ်ကွပ်ကဲပါ တယ်။ Big Data လို ဖွံ့ဖြိုးရေးနယ်မြေကြီးတွေမှာ အချက်အချာကျတဲ့ Global Business Services ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်မှာ ၀င်ငွေဒေါ်လာ ၁၈.၄ ဘီလီယံရခဲ့ပါတယ်။ IBM ရဲ့စတုတ္ထသုံးလ ပတ်မှာ ၀င်ငွေတွေဟာ စိတ်ပျက်စရာကောင်းပေမဲ့ မြောက်အမေရိက၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေ ကြောင့် GBS ရဲ့အခွန်မဆောင်မီ အမြတ်ငွေဟာ ၁၂ ရာခိုင်နှုန်းတက်ခဲ့တာဖြစ်ပါတယ်။

38.Nancy McKinstry

၅၅ နှစ်၊ နယ်သာလန်
Chairman နှင့် CEO ၊ Wolters Kluwer
နယ်သာလန်နိုင်ငံက အများပိုင် ကုမ္ပဏီတစ်ခုရဲ့ ပထမဆုံးအမျိုးသမီးစီအီးအို ဖြစ်တဲ့ အမေရိကန်လူမျိုး McKinstry ဟာ စီးပွားဖြစ်ဂျာနယ်ထုတ်ဝေသူတွေကို ဒစ်ဂျစ်တယ် လောကထဲကိုရောက်အောင် အောင်အောင်မြင်မြင် ရွှေ့ပြောင်းပေးနေပါတယ်။ သူ့ရဲ့ကုမ္ပဏီဟာ စာရင်းကိုင်တွေ၊ ရှေ့နေတွေနဲ့ တခြားလူတွေကို ကမ္ဘာလုံးဆိုင်ရာဓလေ့ထုံးစံတွေနဲ့ပတ်သက်ပြီး ပညာပေးတဲ့ ၀န်ဆောင်မှုတွေနဲ့ တခြားကုမ္ပဏီ တွေကို ကူညီပေးနေပါတယ်။

39.Rosalind Brewer

၅၁ နှစ်၊ အမေရိကန်
President နှင့် CEO

Sam's Club, Wal-Mart Stores
Sam's Club ရဲ့ အမေရိကန်မှာရှိတဲ့ နေရာတွေအားလုံးအတွက် Brewer က တာဝန်ယူ ထားပါတယ်။ (ဘရာဇီး၊ တရုတ်နဲ့ မက္ကဆီကိုမှာရှိတဲ့ Sam's ရဲ့လုပ်ငန်းတွေဟာ အပြည်ပြည်ဆိုင်ရာ ဌာနခွဲရဲ့အစိတ်အပိုင်းဖြစ်ပါတယ်)။ ဒါပေမဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ဟာ ပြည်တွင်းသက်သက်မှာပဲရှိတာ မဟုတ်ပါဘူး။ ၀င်ငွေဒေါ်လာ ၅၆.၄ ဘီလီယံကို ကြီးကြပ်ရတဲ့သူ့ဆီမှာ ဧရာမ၀ယ်အားကြီးရှိနေပါ တယ်။ သူ့ရဲ့ကုန်ပစ္စည်းအဖွဲ့အတွက် ပစ္စည်းတွေ ရနေတဲ့နိုင်ငံပေါင်းဟာ ၁၀၃ နိုင်ငံရှိပါတယ်။

40.Sandra E.Peterson

၅၄ နှစ်၊ အမေရိကန်
Group Worldwide Chairman ၊ Johnson & Johnson
Bayer နဲ့ McKinsey ကုမ္ပဏီတွေရဲ့ အမှုဆောင်ဟောင်းဖြစ်တဲ့ Peterson ဟာ ၂၀၁၂ ခုမှာ J&J ရဲ့ အဆင့်အမြင့်ဆုံး ပြင်ပကဆက်ခံသူ အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ အခုဆိုရင် Peterson ဟာ J&J ရဲ့တစ်ကမ္ဘာလုံးက၀န်ထမ်းတွေရဲ့ ၆၅ ရာခိုင်နှုန်းကိုကွပ်ကဲနေပြီး အဲဒီဝန်ထမ်းတွေရဲ့ လုပ်ငန်းတွေထဲမှာ ဒေါ်လာ ၁၄.၇ ဘီလီယံတန်ဖိုး ရှိတဲ့ စားသုံးသူလုပ်ငန်းကြီးနဲ့ Supply Chain လုပ်ငန်းကြီးပါဝင်ပါတယ်။ အဲဒီနေရာနှစ်ခုဟာ မကြာသေးခင်နှစ်တွေတုန်းက ကုန်ပစ္စည်းတွေပြန် သိမ်းရတဲ့နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ သူ့ကိုတာဝန်ပေးခဲ့တဲ့နေရာတွေဖြစ်ပါတယ်။

41.Ana Patricia Botin

၅၄ နှစ်၊ ဗြိတိန်
CEO ၊ Santander U.K.
စပိန်နိုင်ငံမှာမွေးပြီး အမေရိကန်မှာ ပညာသင်ခဲ့တဲ့ ဒီအမှုဆောင်ဟာ လက်လီအပ်ငွေ မှာ ဒီနိုင်ငံရဲ့အကြီးဆုံးဘဏ်ကြီးဖြစ်တဲ့ Santander U.K. ကို ကိုင်တွယ်နေပါတယ်။ ဘဏ်ရဲ့လုပ်ငန်း အများစုဟာ ပြည်တွင်းမှာဖြစ်ပါတယ် (Customer တွေရဲ့ပိုင်ဆိုင်မှုရဲ့ ၉၇ ရာခိုင်နှုန်းဟာ ဗြိတိန် နိုင်ငံကဖြစ်ပါတယ်)။ ဒါပေမဲ့ Botin ဟာ ကြီးမား တဲ့ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းကြီးအတွက် အံဝင် ခွင်ကျဖြစ်နိုင်ခဲ့ပါတယ်။ အခုအခါ ဥရောပဇုန်ရဲ့ အကြီးဆုံးဘဏ်ကြီးဖြစ်တဲ့ မိခင်ကုမ္ပဏီကြီးရဲ့ စီအီးအိုနေရာအတွက် သူ့ကိုထိပ်ဆုံးကလျာထား တယ်လို့ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်နေကြပါတယ်။

42.Dong Mingzhu

၅၉ နှစ်၊ တရုတ်
Chairperson ၊ President ၊

Gree Electric Appliances Inc, of Zhuhai
၁၉၉၀ ပြည့်နှစ်မှာ Gree ကို အရောင်းဝန်ထမ်းအဖြစ်နဲ့ဝင်လာခဲ့တဲ့ Dong ဟာ တစ်ကမ္ဘာလုံးမှာလုပ်ကိုင်နေတဲ့ ဒီလေအေးစက် လုပ်ငန်းကြီးကို ၀င်ငွေဒေါ်လာ ၁၆ ဘီလီယံ ရအောင် ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။ ဒီလုပ်ငန်း ကြီးဟာ နိုင်ငံတိုင်းနီးပါးလောက်ကို တင်ပို့ရောင်းချ နေပြီး ထုတ်လုပ်မှုကို ဘရာဇီး၊ တရုတ်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာလုပ်ပါတယ်။ အမေရိကန် မှာလည်း စက်ရုံတစ်လုံးဆောက်ဖို့စီစဉ်နေပါပြီ။

43.Lubna Olayan

၅၈ နှစ်၊ ဆော်ဒီအာရေဗျ
Deputy Chairperson ၊ CEO ၊ Olayan Financing
ဆောဒီအာရေဗျနိုင်ငံရဲ့ အထင်ရှားဆုံး စီးပွားရေးလုပ်ငန်းရှင် (အရှေ့အလယ်ပိုင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ သူ့ဖခင်တည်ထောင်ခဲ့တဲ့ Olayan Group ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စီမံ ကွပ်ကဲနေတဲ့) အမျိုးသမီးကြီး Olayan ဟာ အရှေ့ အလယ်ပိုင်းက အမျိုးသားအမျိုးသမီး တန်းတူ ညီမျှရေးလှုပ်ရှားမှုမှာ ဗိုလ်စွဲခဲ့သူတစ်ယောက် ဖြစ်ပြီး အမျိုးသမီးတွေကိုအလုပ်ခန့်ဖို့ အာရပ် စီအီးအိုတွေကို တောင်းဆိုနေပါတယ်။

44.Heather Bresch

၄၄ နှစ်၊ အမေရိကန်
CEO ၊ Mylan
သူစီအီးအိုလုပ်ခဲ့တဲ့သက်တမ်း နှစ်နှစ် မပြည့်ခင် ဒီဇင်ဘာလမှာ Bresch ဟာ အိန္ဒိယ Strides Arcolab ဆေးဝါးကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Agila ကိုဒေါ်လာ ၁.၇၅ ဘီလီယံနဲ့ဝယ်တဲ့လုပ်ငန်းကြီးကို အပြီးသတ်ခဲ့ပါ တယ်။ ဒီလိုဝယ်လိုက်ခြင်းအားဖြင့် တစ်ကမ္ဘာ လုံးမှာရှိတဲ့ ထိုးဆေးဈေးကွက်ထဲက ယှဉ်ပြိုင် သူတွေထဲမှာ သူထိပ်ဆုံးကိုရောက်သွားခဲ့ပါတယ်။
သူဟာ မကြာသေးခင်ကပဲ ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Pfizer ဆီက ထိပ်တန်းအမှုဆောင် တစ်ယောက်ကိုခေါ်ပြီးအလုပ်ခန့်ခဲ့ပါတယ်။ ခန့်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ Mylan ကို လက်တင်အမေရိကမှာကြီးထွားလာအောင်နဲ့ Epi Pen ဆိုတဲ့ Mylan ရဲ့ အကြီးဆုံးအထူးပစ္စည်းလို Branded ပစ္စည်းတွေကိုတိုးချဲ့နိုင်အောင် အထောက်အကူပေးဖို့ဖြစ်ပါတယ်။

45.Ilene Gordon

၆၀ နှစ်၊ အမေရိကန်
Chairman ၊ CEO ၊ President ၊ Ingredion
Ingredion ဟာ (ကမ္ဘာ့ထိပ်တန်းဆေး သကြားထုတ်လုပ်သူအဖြစ်ရှိနေသေးပေမဲ့) ပြောင်းဖူးပစ္စည်းတွေနဲ့ အချိုပစ္စည်းတွေလောက် ကိုပဲထုတ်လုပ်နေတဲ့လုပ်ငန်းမဟုတ်တော့သလို ရှေးရိုးစဉ်လာကုန်ထုတ်လုပ်သူတွေလောက်ကိုပဲ ၀န်ဆောင်မှုပေးနေတာမဟုတ်တော့ပါဘူး။ Ingredion ဟာ အရှေ့အလယ်ပိုင်း၊ အခုအခါ ၀င်ငွေရဲ့ ၈ ရာခိုင်နှုန်းရနေတဲ့ အာဖရိကနဲ့ ၀င်ငွေ ရဲ့ ၁၃ ရာခိုင်နှုန်းရနေတဲ့အာရှမှာ သူ့အတွက် ကြီးမားတဲ့အခွင့်အလမ်းကြီးကိုမြင်နေပါတယ်။

46.Carolyn Mc Call

၅၂ နှစ်၊ ဗြိတိန်
CEO ၊ Easyjet
အပိုအဆာတွေလုပ်မပေးတဲ့ ဥရောပ လေကြောင်းကုမ္ပဏီကြီးကိုပြောင်းလဲပစ်ဖို့ Mc Call ရဲ့ သုံးနှစ်တာကြိုးပမ်းမှုကြီးဟာ အခုဆိုရင် အောင်မြင်နေပါပြီ။ သူဟာ အရန်ထိုင်ခုံတွေနဲ့ တခြားအစီအစဉ်တွေဖြည့်စွက်ပေးလိုက်ပြီး မနှစ်ကအမြတ်တွေကို စံချိန်တင်အောင်လုပ်ခဲ့ပါ တယ်။ အဲဒီအပြင် အစုရှယ်ယာရှင်တွေကိုတစ်ကြိမ် တည်းနဲ့ အစုပေါ်အမြတ် ဒေါ်လာသန်းပေါင်း ငါးရာလောက်ရအောင်နဲ့ အစုရှယ်ယာတန်ဖိုး စုစု ပေါင်းဒေါ်လာ ၁၁ ဘီလီယံဖြစ်လာအောင် လုပ်ပေးခဲ့ပါတယ်။

47.Kwon Seon-Joo

၅၇ နှစ်၊ တောင်ကိုရီးယား
CEO

Industrial Bank of Korea
Kwon ဟာ ဒီဇင်ဘာလတုန်းက ကိုရီးယားနိုင်ငံမှာ ဘဏ်တစ်ခုကိုခေါင်းဆောင် ရတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးစုစုပေါင်း ဒေါ်လာဘီလီယံနှစ်ရာ လောက်ရှိတဲ့ နိုင်ငံပိုင်ဒီအဖွဲ့အစည်းကြီးဟာ ကမ္ဘာမှာနံပါတ် ၁၀၅ မြောက်အကြီးဆုံးဘဏ်ကြီး ဖြစ်တယ်လို့ဆိုနေကြပါတယ်။ ကောလိပ်မှာ တုန်းက အင်္ဂလိပ်ဘာသာအဓိကယူခဲ့တဲ့ Kwon ဟာ ထွန်းသစ်စဈေးကွက်တွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ၀န်ဆောင်မှုပေးဖို့ အတွက် လုပ်ငန်းကိုတိုးချဲ့ချင်နေပါတယ်။

48.Isabelle Ealet

၅၀ နှစ်၊ ဗြိတိန်
GlobalCo-Head, Securities Division ၊ Goldman Sachs
ပြင်သစ်နိုင်ငံမှာမွေးပြီး လန်ဒန်မှာ အခြေစိုက်တဲ့ Ealet ဟာ Goldman Sachs ရဲ့ အကြီးဆုံးလုပ်ငန်းခွဲကြီးကို မနှစ်က၀င်ငွေဒေါ်လာ ၁၅.၇ ဘီလီယံရအောင်လုပ်ပြီး ဦးဆောင်ခဲ့ပါ တယ် (သူ့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ပုံသေ ၀င်ငွေတွေ၊ ကုန်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ ဖောက် သည်တွေအတွက် ရောင်းဝယ်ပေးတဲ့စတော့တွေ ပါပါတယ်)။ သူ့ရဲ့ဝင်ငွေတွေဟာ ၂၀၁၃ ခုနှစ်မှာ အကြီးအကျယ်အထိခိုက်ခံခဲ့ပြီး အရင်နှစ်ထက် ၁၃ ရာခိုင်နှုန်းကျသွားခဲ့ပါတယ်။ ရှေ့ကိုဆက်သွား တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းတွေက အမြတ် တွေကို ကန့်သတ်ထားလိမ့်မယ်လို့ သရုပ်ခွဲဆန်းစစ် သူတွေကပြောပါတယ်။

49.Zhang Xin

၄၈ နှစ်၊ တရုတ်
CEO ၊ Soho China
သူ့ရဲ့အိမ်ခြံမြေကုမ္ပဏီဟာ (၀င်ငွေ ဒေါ်လာ ၂.၅ ဘီလီယံပဲရှိပြီး) ခပ်သေးသေးပဲဖြစ်ပေမဲ့ ဗိသုကာပညာရှင် Zaha Hadid နဲ့လုပ် ထားတဲ့ ထင်ပေါ်တဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ Manhattan က GM အဆောက်အအုံကြီးကို ပိုင်ဆိုင်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုကြောင့် Zhang ဟာ နိုင်ငံတကာမှာအကျော်ကြားဆုံးတရုတ်အမျိုးသမီး လုပ်ငန်းရှင်ဖြစ်နိုင်ပါတယ်။ (တကယ်တော့ ဒါတင်မကသေးပါဘူး။ သူဟာ Oliver Stone ရဲ့ Wall Street ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ် ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာလည်း ရှိပါသေးတယ်)။

50.Angela Ahrendts

၅၃ နှစ်၊ ဗြိတိန်
CEO ၊ Burberry
Christopher Bailey ရဲ့နေရာကို ဆက်ခံပြီး ဗြိတိသျှဖက်ရှင်တိုက်ကြီးကိုကြိုးကိုင် ခဲ့ရတဲ့ Ahrendts ကို နည်းနည်းတော့ လူကြိုက် နည်းခဲ့ပါတယ်။ ဒါပေမဲ့ အရောင်းတန်ဖိုးဒေါ်လာ ဘီလီယံ ၂၀ ရှိတဲ့ ( Burberry ထက် ဒေါ်လာ ၁၇ ဘီလီယံပိုများတဲ့) Apple ရဲ့လက်လီနဲ့ အွန်လိုင်းစတိုးဆိုင်တွေရဲ့အကြီးအကဲဆိုတဲ့ နောက် ရာထူးကို သူယူခဲ့ပြီးတဲ့နောက်မှာတော့ သူ့အပေါ် ပေးတဲ့အဆင့်သတ်မှတ်ချက်ဟာ အရမ်းထောင် တက်သွားမယ်လို့မျှော်လင့်ရပါတယ်။
 
Credit : myanmarb2bmagazine.com

No comments:

Subscribe

လာလည်သူများ

free counters