♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 8, 2015

" တရုတ်ပြည်အကြောင်းသိသင့်တဲ့အချက် ၁၈ ချက် (အပိုင်း၂) "

 
တရုတ်ပြည်ဟာ ထူးထွေဆန်းပြားမှုများစွာရှိတဲ့ တိုင်းပြည်ဖြစ်ပြီး တရုတ်လူမျိုးတွေကို တစ်ခါတစ်ရံ နားလည်ရခက်ပါတယ်။  တရုတ်လူမျိုးတွေအကြောင်းပိုပြိးနားလည်အောင် နောက်ထပ် အချက်အနည်းငယ်ကိုပြောပြပါရစေဗျာ။
၁၀။ တရုတ်ပြည်မှာရှိတဲ့ Yangshouဆိုတဲ့ ကိုယ်ပိုင်စီရင်စုဒေသဟာ ကမ္ဘာ့အလှဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်တဲ့။

၁၁။ တရုတ်ပြည်ဟာ ဦးနှောက်စီဆင်းမှု( ပညာတတ်များဆုံးရှုံးမှု) အများဆုံးဖြစ်နေတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်နေကြတဲ့ ကျောင်းသားကျောင်းသူ ၁၀ ရောက်ထဲက ၇ ယောက်ဟာဘယ်တော့မှ မိခင်တရုတ်ပြည်ကြီးကို ပြန်မလာတော့ဘူးတဲ့ဗျာ။ အဲ့ကျောင်းသား ကျောင်းသူတွေ အခြေချဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံပဲ ဖြစ်ပါတယ်တဲ့။
၁၂။နိုင်ငံကျော် ရုပ်ရှင်မင်းသား ဟောလိဝုဒ်စတား ဘရတ်ပစ်ဟာ" Seven Years In Tibet" ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့လို့ တရုတ်ပြည်ကို ဘယ်တော့မှ လာရောက်လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူးတဲ့။ သူနဲ့အတူသရုပ်ဆောင် David Thewisနဲ့ ဒါရိုက်တာ Jean Jacques Annaudတို့ဟာလည်း တရုတ်ပြည်ကို ၀င်လို့မရတဲ့ အမည်ပျက်စာရင်းထဲမှာ ပါနေပါတယ်။
၁၃။တရုတ်ပြည်မှာ ဖြစ်သွားတဲ့ အကြာရှည်ဆုံး ယာဉ်ကြောပိတ်ဆို့မှုဟာ ၁၀ရက်ကြာပြီးယာဉ်တန်းကြီးကတော့ မိုင် ၆၀ ရှည်လျားခဲ့ပါတယ်။၂၀၁၀ ခုနှစ်မှာ ပီကင်းကနေ မွန်ဂိုလီးယားကို မောင်းသွားကြတဲ့ ကားဒရိုင်ဘာတွေဟာ သြဂုတ်လ ၁၁ ရက်လောက် လမ်းကြောပိတ်ဆို့မှုမှာ အချိန်ကုန်ခဲ့ရပါတယ်။
၁၄။ ၂၀၂၅ ခုနှစ်တုန်းက တရုတ်ပြည်ကြီးမှာ နယူးယောက်မြို့ အရွယ်အစားရှိတဲ့ မြို့ကြီး ၁၀ ခုတောင် ရှိလာပါမယ်တဲ့ဗျာ။ တရုတ်ပြည်ဖွား လူဦးရေဟာလည်း နောက်ထပ် သန်းပေါင်း ၃၅၀ ပိုများလာပါမယ်တဲ့ဗျာ။
၁၅။ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပန်ဒါဝက်ဝံတွေအားလုံးကို ပိုင်ဆိုင်ထားပါတယ်တဲ့။ တရုတ်ပြည်ရဲ့အပြင်ဖက် အခြားနေရာမှာရှိနေတဲ့ ပန်ဒါတွေဟာလည်း တရုတ်ကပဲ ငှားရမ်းထားတာပါ။ဘယ်လိုနည်းနဲ့မဆို ပေါက်ဖွားလာတဲ့ ပန်ဒါပေါက်လေးတွေဟာလည်း တရုတ်ပြည်နဲ့ပဲ ဆိုင်ပါတယ်တဲ့။
၁၆။ မိန်းမကို ရုပ်ဆိုးလို့ဆိုပြီး တရားစွဲလိုက်လို့ အနိုင်ရတဲ့ ခင်ပွန်းကလည်း တရုတ်ကပဲတဲ့ဗျာ။ အဲ့အမျိုးသမီးက လက်မထပ်ခင်မှာ ဒေါ်လာ ၁ သိန်း အကုန်ကျခံပြီး ခွဲစိတ်မှုပြုလုပ်ခဲ့တယ်တဲ့။ပြီးတော့မှ မွေးလာတဲ့ ကလေးသုံးယောက်လုံးက တအားရုပ်ဆိုးနေတော့ကာ အဲ့လူလည်း ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ဗျာ။
၁၇။ တရုတ်ပြည်က IKEA ဆိုတဲ့ စတိုးဆိုင်ကြီးမှာ ခင်ဗျားတို့ လျှောက်ပတ်ကြည့်ပြီး တရေးတမော အိပ်လို့တောင် ရပါတယ်တဲ့ဗျာ။
၁၈။ တရုတ်ပြည်ကြီးဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု နှုန်းထားအများဆုံး တိုင်းပြည်တွေထဲက တစ်ခုဖြစ်ပါတယ်တဲ့။ သတ်သေတဲ့လူတွေ ဘယ်လောက်တောင်များလဲဆိုရင် မြစ်တွေထဲကနေ ကိုယ့်ကိုယ်ကို သတ်သေတဲ့ လူတွေရဲ့ အလောင်းကို ဖယ်ထုတ်ဖို့ လူသေငုပ်သူတွေတောင် ခန့်ထားရပါသတဲ့။ ပြီးတော့ ထူးဆန်းတာ ကတော့ အဲ့မြစ်တွေထဲက ကိုယ့်ကိုယ်ကို သတ်သေတဲ့ အလောင်းတွေထဲက ရာခိုင်နှုန်ုး တော်တော်များများမှာ အလောင်းငုပ်သူတွေရဲ့ ကိုယ့်ကိုယ်ကိုသတ်သေထားတဲ့ အလောင်းတွေလဲ ပါတယ်ဆိုပဲ။ ကဲခင်ဗျားတို့ရော အဲ့မြစ်တွေထဲမှာ ရေမကူးကြည့်ချင်ကြဘူးလားဗျ။
Ref:visboo.com
Credit : trend myanmar

No comments:

Subscribe

လာလည်သူများ

free counters