♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 13, 2015

"ရန်ကုန်လေဆိပ်မှာ ကိုရီးယား လေယာဉ် တောင်ပံနှင့် ဘန်ကောက် လေယာဉ် အမြီးပိုင်း တိုက်မှုဖြစ်ပွါး"



ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကိုရီးယား လေကြောင်းလိုင်း လေယာဉ်၏ တောင်ပံနှင့် ဘန်ကောက်လေကြောင်းလိုင်း လေယာဉ်၏ နောက်မြီးပိုင်းတို့ တိုက်မိမှုဖြစ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

၁၂.၂.၂၀၁၅ ရက်နေ့ ၂၄၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကိုရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် KE-472၊ လေယာဉ်အမှတ် HL-7538၊ လေယာဉ် အမျိုးအစား A 330-200 လေယာဉ်သည် လေယာဉ်အမှုထမ်း(၁၄)ဦးနှင့် ခရီးသည်(၁၃၄)ဦးအား တင်ဆောင်၍ ကိုရီးယားနိုင်ငံသို့ ထွက်ခွာရန်အတွက် ဂိတ်အမှတ်(၄)မှ ထွက်ခွာလာစဉ် လေယာဉ်ကွင်း အတွင်း ညအိပ်ရပ်နားထားသော ဘန်ကောက် လေကြောင်း လိုင်းပိုင် လေယာဉ်အမှတ် HS-PGA၊ လေယာဉ်အမျိုးအစား ATR-72 လေယာဉ်၏ နောက်အမြီးပိုင်းအား ၀ဲဘက်တောင်ပံဖြင့် ပွတ်တိုက်မိခဲ့ရာ ATR-72 လေယာဉ်၏ နောက်အမြီးပိုင်းလေခွဲပဲ့ထိန်းတွင် အရှည် (၁)ပေခန့် ကွဲအက်ပျက်စီးသွားခဲ့ပြီး A 330-200 လေယာဉ်၏တောင်ပံထိပ်၌လည်း အနည်းငယ်ပျက်စီး သွားခဲ့ပါသည်။

ထိုသို့တိုက်မိခဲ့သည်ကို A 330-200 လေယာဉ်မှူးမှမသိရှိဘဲ ၁၃.၂.၂၀၁၅ ရက်နေ့ ၀၀၀၅ အချိန်တွင် ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းထိခိုက်ပျက်စီးမှုအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေကြောင်း ထိန်းသိမ်းရေး တာဝါမှ သိရှိခဲ့သဖြင့် ပြန်လည် ဆင်းသက်စေခဲ့ရာ A 330-200 လေယာဉ်မှာ ၀၀၅၅ အချိန်တွင် လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။

ကိုရီးယား လေကြောင်းလိုင်း တာဝန်ရှိသူများမှ အဆိုပါခရီးစဉ်အား ဖျက်သိမ်းခဲ့ပြီး ခရီးသည်များအား ၁၃.၂.၂၀၁၅ ရက်နေ့တွင် ၎င်းတို့၏ လေကြောင်းလိုင်း (သို့မဟုတ်) အခြားလေကြောင်းလိုင်းဖြင့် ကိုရီးယားနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ခရီးသည်များအား ရန်ကုန်မြို့တွင်းရှိ ဟိုတယ်
များနှင့် တည်ခိုခန်းများ၌ ယာယီတည်းခိုနိုင်ရန် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဘန်ကောက်လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်စီးမှုနှင့် ပတ်သက်၍လည်း ဘန်ကောက်လေကြောင်း လိုင်းတာဝန်ရှိသူများ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Subscribe

လာလည်သူများ

free counters