♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 8, 2016

" ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး ကုန် အမှတ်တံဆိပ် (၁၀) ခု "

ယခုနှစ် အဖို့ Walt Disney အမှတ် တံဆိပ်သည် ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး ကုန် အမှတ်တံဆိပ် အဖြစ် ရပ်တည်ကြောင်း Brand Finance စစ်တမ်း လုပ်ငန်းက ဖော်ပြသည်။
          ပြီးခဲ့သည့် နှစ်က Lego က ထိပ်ဆုံး ရပ်တည် ခဲ့ရာမှ ယခုနှစ်တွင် စင်ဒရဲလား၊ မစ်ကီမောက်စ် တို့၏ ဖန်တီးရှင်၊ Star Warsဇာတ်လမ်းတွဲများ ဖန်တီးရှင် Walt Disney က ထိပ်ဆုံး တက်လာခြင်း ဖြစ်သည်။ ကုန် အမှတ် တံဆိပ် အပေါ် ဖောက်သည်များ၏ သစ္စာရှိမှု၊ ၀န်ထမ်းများက ထိုကုမ္ပဏီ အတွက် ကျေနပ်စွာ လုပ်ကိုင်လိုမှု စသော အချက်များ ပေါ် အခြေခံကာ အဆင့် သတ်မှတ်ခြင်း ဖြစ်သည်။
          Lego သည် ကုမ္ပဏီ ငွေကြေး အင်အား အနေဖြင့် ထိပ်ဆုံး (၁၀) ခု ထဲတွင် အောက်ဆုံးဖြစ်သော်လည်း သြဇာကြီးမှု ပိုင်းတွင်မူ Walt Disney ပြီးလျှင် ဒုတိယ နေရာတွင် ရပ်တည် နေသည်။ သြဇာကြီးမှု တတိယ နေရာ တွင်
အလှကုန် လုပ်ငန်း L’Oreal နှင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း Price WaterhouseCoopers တို့က ပူးတွဲ ရပ်တည် နေသည်။ နည်းပညာ လုပ်ငန်းများ ထဲတွင် ဂူဂဲသာ ထိပ်ဆုံး (၁၀) ခုထဲတွင် အဆင့် (၁၀) နေရာက ပါဝင်ကြောင်းလည်း တွေ့ရသည်။

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=51460

No comments:

Subscribe

လာလည်သူများ

free counters