♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 13, 2016

" ပြီးပြည့်စုံသောအမျိုးသမီး တစ်ယောက်ဖြစ်လာစေရန် နည်းလမ်းကောင်း(၁၀)ချက် "

 
ပြီးပြည့်စုံသော အမျိုးသမီးတစ်ယောက်ဖြစ်လာစေရန်အတွက် ကြိုးစားမှုများစွာလိုအပ်ပါတယ်။ ပြီးပြည့်စုံသော
အမျိုးသမီးများ လိုက်နာကျင့်သုံလေ့ရှိတဲ့ အောက်ပါနည်းလမ်းကောင်း(၁၀)ချက်ကို နေ့စဉ်လိုက်နာကျင့်သုံးခြင်း
ဖြင့်ပြီးပြည့်စုံသော အမျိုးသမီးတစ်ဦးဖြစ်လာနိုင်ပါတယ်။
ပြီးပြည့်စုံသော အမျိုးသမီးများမှာ အလှအပပြီးပြည့်စုံခြင်း၊ ညဏ်ပညာပြီးပြည့်စုံခြင်း အစရှိတာတွေ ပြီးပြည့်စုံခြင်းဖြင့်
အမှန်တကယ်ပြီးပြည့်စုံသည်ဟုမဆိုနိုင်ပါ မိမိတို့၏အပြုအမှုများ စိတ်နေစိတ်ထားများကောင်မွန်ပြီးပြည့်စုံခြင်းကိုမှပင်
အမှန်တကယ်ပြီးပြည့်စုံခြင်းဘဲဖြစ်ပါတယ်။

၁။ မနက်စောစော အိပ်ရာထခြင်း

မနက်ကို မိမိအလုပ်သွားမည့်အချိန်၊ကျောင်းသွားမည့်အချိန်ထက် ၄၅ မိနစ်ခန့်စောစော အိပ်ရာထပါ။ ထိုကဲ့သို့
စောစောထရာမှာ မိမိအလှပြင်ရန်ကြာချိန် နှင့် လမ်းခရီးမှာကြာချိန်ကိုပါထည့်တွက်ပြီး ၄၅ မိနစ်ကို နိုးစက်သတ်
မှတ်ပါ။ ဥပမာအားဖြင့် မိမိ၏အလုပ်ချိန်သည် ၉နာရီဖြစ်ပြီး လမ်းခရီးတွင် နာရီဝက်ကြာမြင့်ပါက နိုးစက်အချိန်
ကို ၆ နာရီခွဲ ၇ နာရီ ဝန်းကျင်ခန့်သက်မှတ်ပေးပါ။ ထိုကဲ့သို့ စောစောထခြင်းကြောင့် မိမိအလုပ်မှာလိုအပ်သာ
အချက်အလတ်တွေကို ကြိုတင်လေ့လာနိုင်ပါတယ်။

၂။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ မနက်စာကိုစားသုံးပါ

တစ်နေကုန်လှုပ်ရှားနေနိုင်ရန်အတွက် မနက်ကိုသေချာပေါက်စားသုံးပေးရပါတယ်။ ထိုကဲ့သို့စားသုံးရာမှာ
ကျန်းမာရေးအတွက်ကောင်းမွန်သော အစားအစာများကိုသာ များများစားသုံးပေးသင့်ပါတယ်။ ထမင်းစား
ပေးလျှင် ပိုမိုအားအင်များဖြစ်စေနိုင်ပါတယ် ထို့ကြောင့် မနက်စာကိုထမင်းစားပေးသင့်ပါတယ် ပုံမှန်ထက်
များများစားသုံးပေးသင့်ပါတယ်။
ထို့နောက် မနက်စာစားအပြီးမှာ အမျှင်ဓါတ်များများပါသောအသီးဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။
အမျှင်ဓါတ်ပါသောကြောင့် အစာကြေလွယ်စေပြီး ဝမ်းဗိုက်သားကိုကျန်းမာစေပါတယ်။

၃။ အကောင်းမြင်ဝါဒကို ကျင့်သုံးပါ

အကောင်းမြင်တတ်ခြင်းသည် မိမိတို့ရဲ့ စိတ်ကိုနူးညံစေပါတယ်။ အရာရာတိုင်းကို အပြစ်မမြင်တော့ဘဲ ခွင့်လွတ်
သည်းခံတတ်လာပြီး လူတိုင်းဖြင့်ပေါင်းသင်းဆက်ဆံတတ်လာပါတယ်။ ထို့ကြောင့် အပေါင်းအသင်းကောင်းတွေ
အများကြီးရှိလာစေပြီး လူချစ်လူခင်ပေါများလာစေပါတယ်။

၎။ မိမိရဲ့  အားနည်းချက်များကို သိရှိပါ

မိမိရဲ့ အားနည်းချက်ကို ရှာဖွေပါပြီးနောက် ထိုအားနည်းချက်များကိုတဖြည်းဖြည်းဖြင့်ပြုပြင်ပေးပါ။ ပြီးပြည့်စုံခြင်း
သည် အားနည်းချက်ရှိခြင်းမရှိခြင်းနှင့်မသက်ဆိုင်ပါဘူး လူတိုင်းလူတိုင်းမှာအားနည်းချက်အနည်းအများတော့
ရှိကြပါတယ်။ မိမိရဲ့ အားနည်းချက်ကိုလက်ခံပြီး ပြုပြင်ခြင်းသည်လည်း အမှန်တကယ်ပြီးပြည့်စုံသော မိန်းကလေး
များပြုလုပ်ကြလေ့ရှိသော အလေ့အကျင့်တစ်ခုပါ။

၅။ လူတိုင်းကို ပြုံးပြပါ

အပြုံးသည် လူတစ်ယောက်နှင့် တစ်ယောက်ကြားတွင် စကားအများကြီးပြောစရာမလိုဘဲ နားလည်မှုရှိစေသော
အရာဘဲဖြစ်ပါတယ်။ မိမိရဲ့ အပြုံးကြောင့် တစ်ဖက်လူသည် စိတ်ချမ်းသာသွားစေနိုင်ပြီး သူကိုယ်တိုင်လည်းဘဲ
ပြန်ပြုံးပြတတ်လာစေပါတယ်။
လူတိုင်းလူတိုင်းကို ပြုံးပြရာမှာ မိမိနှင့်မသိတဲ့ သူစိမ်းတွေလည်းပါဝင်ပါတယ်။ မိမိနှင့်မသိတဲ့သူစိမ်းတွေကိုပြုံးပြ
ဖို့ဆိုတာ အင်မတန်မှခေတ်ခဲပါတယ် သို့သော် လူတိုင်းမလုပ်နိုင်သော အရာကိုပြုလုပ်နိုင်မှသာ လူတိုင်းမဖြစ်နိုင်
သောပြီးပြည့်စုံသော မိန်းကလေးတစ်ဦးဖြစ်လာမယ် မဟုတ်ပါလား ရှင်။

၆။ ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွင်အောင်ထားပါ

မိမိပတ်ဝန်းကျင်ကလူတွေကို ပျော်ရွင်အောင်းထားခြင်းဖြင့် မိမိရဲ့ နေ့ရက်တိုင်းဟာ ပျော်ရွင်စရာ ပီတိ ဝမ်းသာ
စရာတွေနှင့် ပြီးပြည့်စုံနေမှာပါ။ ပျော်ရွင်အောင်ထားတယ်ဆိုတာ တကူးတကလုပ်ယူနေစရာမလိုပါဘူး သူတို့
တွေအကူအညီလိုအပ်နေချိန်တိုင်းမှာ အကူအညီပေး သူတို့ကိုစေတနာထားပြီးချစ်ခင်ကြင်နာယုယမှုတွေပေး
ခြင်းဖြင့်လည်းဘဲ ပျော်ရွင်အောင်ထားနိုင်ပါတယ်။

၇။ တက်တက်ကြွကြွလုပ်ဆောင်ပါ

အလုပ်များကိုတတ်တတ်ကြွကြွလုပ်ဆောင်ခြင်းသည် မိမိကိုယ်မိမိယုံကြည်မှုရှိဟန်ပေါ်လွင်ပြီး အလုပ်များကို
မြန်ဆန်စွာလုပ်ဆောင်နိုင်ပါတယ်။

၈။ အားပေးချီးမြောက်ပေးပါ

မိမိပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေမှာ ဝမ်းသားစရာသတင်းများရှိသောအခါမှာ ချီးမြောက်ပေးပါ။
သဝန်တိုမုန်းတီးတာမျိုးမဖြစ်ဘဲ စိတ်ရင်းအမှန်ဖြင့် သူတို့ကိုယ်စားဝမ်းသာဂုဏ်ယူပေးခြင်းသည် အင်မတန်ကောင်း
မွန်သော အပြုအမှုဖြစ်ပါတယ်။ ထိုနည်းတူစွာ သူတို့မှာဝမ်းနည်းစရာကောင်းတဲ့ သတင်းဆိုးများရှိလျှင် အားပေး
နှစ်သိမ့်ပေးသင့်ပါတယ်။

၉ ။ မိမိလိုအပ်ချက်များကို ဖြည့်တင်းပါ

အမြဲတမ်းလိုလိုမိမိရဲ့ အားနည်းချက်တွေကိုရှာဖွေပါ ပြီးနောက် ပြုပြင်ပြောင်းလဲပေးပါ။ အားနည်းချက်များသည် အသက်
အရွယ်နှင့် အမျှမတူကြပါဘူး ထို့ကြောင့်အားနည်းချက်များကို အမြဲတမ်းပြုပြင်ပြောင်းလဲပေးရန်လိုအပ်ပါတယ်။
အားနည်းချက်နည်းပြီး အားသာချက်များသောလူ နှင့်အရာရာကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပြီး အမြဲတမ်းကြိုးကြီုးစားစား
ဖြင့်နေထိုင်တဲ့ လူများကို ပြီးပြည့်စုံသောလူများဟုသတ်မှတ်ကြပါတယ်။ အားနည်းချက်တစ်ခုတလေတောင်မရှိဘဲ
အရာရာပြီးပြည့်စုံသောလူဆိုတာ မရှိပါဘူး။ထို့ကြောင့် မိမိရဲ့  အားနည်းချက်ကိုဖော်ထုတ်ရမှာ ဝန်မလေးပါနဲ့ ဖော်
ထုတ်ပြီး အားသာချက်ဖြစ်အောင်ကြိုးစားပြုပြင်သင့်ပါတယ်။
Source: Lovepanky.com


Credit : http://www.shwemom.com/10-things-a-perfect-woman-does-every-day-without-fail/

 

No comments:

Subscribe

လာလည်သူများ

free counters