♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 14, 2016

" သင်မသိသေးသော ကော်ဖီ၏ ဆန်းကြယ်မှုများ "

 သဘာဝပစ္စည်းတွေ ထုတ်ကုန်တွေက လူသားတွေ အတွက် ကောင်းကျိုးတွေကိုပေးနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ် ။ ကော်ဖီဟာ သဘာဝကနေရတဲ့ တန်ဖိုးကြီးမားတဲ့ စားသုံးကုန် တစ်ခုဖြစ်ပါတယ် ။ လူတိုင်းနီးပါး နေ့စဉ်ထိတွေ့ ပက်သက်နေရတဲ့ ကော်ဖီအကြောင်း သင် ဘာတွေ သိရှိထားပြီးပြီလဲ ? လူတော်တော်များများက ကော်ဖီကို သောက်သာသောက်နေကြပေမယ့် ကော်ဖီက ဘယ်လို အကျိုးတွေရရှိစေတယ် ဆိုတာ လုံးဝမသိသလောက် ဖြစ်နေကြပါတယ်။ သင်ဟာ ကော်ဖီကို နှစ်သက် စွဲလန်းစွာ သောက်သုံးသူ ဖြစ်ပါက ကော်ဖီအကြောင်း သိထားသင့်ပါတယ် ။
ကဲ … ကော်ဖီ အကြောင်း စတင်လိုက်ရအောင် ။

နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါ အန္တရာယ်ကို လျှော့ချပစ်နိုင်ခြင်း


သင့်တင့်မျှတသော ကော်ဖီသောက်နှုန်းက သင့်နှလုံးကျန်းမာရေးကို အထောက် အကူပြုနိုင်ပါတယ် ။ သွေးထဲရှိ အဆီများကို လောင်ကျွမ်းဖို့  ကူညီနိုင်တာကြောင့် နှလုံးသွေးကြော ပိတ်ဆို့ခြင်း ၊ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်တာပဲ ဖြစ်ပါတယ် ။             အထူးမှတ်သားရန်မှာ တစ်နေ့ကို ကော်ဖီ (၅) ခွက်ထက် ပိုမသောက်ပါနှင့် ။

ဦးနှောက်ဆဲလ်ကို ဖေးမပေးနိုင်ခြင်း


လူ့ကိုယ်ခန္ဓာ အတွက် အရေးကြီးတဲ့  dopamine နှင့် adrenalin တွေကို သာမန်ထက် ထုတ်လုပ်နိုင်ဖို့ ကော်ဖီက လှုံ့ဆော်ပေးနိုင်ပါတယ် ။ ၄င်းက မှတ်ညဏ်များကို ထိန်းသိမ်းပေးဖို့ ကူညီပြီး ပြန်လည်ထုတ်သုံးဖို့  အထောက်အပံ့ဖြစ်စေပါတယ်။ စာသင်ခန်း ၊ရုံးခန်း လုပ်ငန်းခွင် များသို့ ကော်ဖီသောက်ပြီး နှင့် မသောက်ပဲ ၀င်သော ရလဒ်မှ မတူညီကြောင်း သင်ကိုယ်တိုင် စမ်းသပ်ကြည့်ပါ ။

အလွန်အကျွံ ငိုက်မြည်း ထိုင်းမှိုင်း ခြင်းကို ဖြေရှင်းပေးနိုင်ခြင်း


အလွန် သိသာ ထင်ရှားစေသာ အချက်ဖြစ်ပါတယ် ။ ဦးဏှောက်နှင့် အာရုံကြော အားနည်းသော ရောဂါကြောင့်ဖြစ်စေ ၊ အလွန်ပင်ပန် နွမ်းနယ်လျှင် ဖြစ်စေ လူဟာ ထိုင်းမှိုင်းငြီးငွေ့ နေတတ်ပါတယ်။ ဒီအခြေအနေမှာ ကော်ဖီဟာ သင့်ကို အကောင်းဆုံး အထောက် အကူ ပြုနိုင်ပါတယ် ။ ကော်ဖီစေ့များရဲ. ရနံ့ဖြင့် ခေါင်းကိုက်ရောဂါကိုပင် ပျောက်ကင်းစေနိုင်ပါတယ်။

အသက်ရှည်စေခြင်း


Caffein ဓာတ်ဟာ လူ့ သက်တမ်းရှည်စေနိုင်ကြောင်း Harvard မှ လေ့လာချက်အရ သိရပါတယ် ။ ထို့အတူ
ကဖင်းဓာတ်ဟာ ကတုန်ကယင်ဖြစ်ခြင်း ၊ ထိတ်လန့်ခြင်း အိပ်မပျော်နိုင်ခြင်း စသော ဘေးထွက်းဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ် ။ ၄င်းတို့ကို မခံစားရအောင် သင့်တင့်မျှတသော ပမာဏကို သောက်သုံးပါ ။

လေဖြတ်ခြင်းမှ ကာကွယ်နိုင်ခြင်း


နှလုံးရောဂါမှာကဲ့ သို့ပင် တစ်နေ့လျှင်ကော်ဖီ ၂ ခွက်မှ ၅ ခွက် သောက်သုံးပေးပါက သင့်ဆီမှ အရာအားလုံး ဆုံးရှုံးစေတတ်တဲ့  လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ် ။

သွက်လက်ဖျက်လက်နေစေခြင်း


ကော်ဖီသောက်သုံးပြီး လုပ်ငန်းခွင်သို့ဝင်ပါ ။ ကော်ဖီဟာ အဆီပိုများကို သင့်ကြွက်သားတွေအတွက် လောင်စာ အဖြစ် လောင်ကျွမ်းပေးနိုင်ပါတယ် ။ ပိုမို သွက်လက် တက်ကြွရွှင်လန်းစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ် ။ ကော်ဖီတစ်ခွက်လောက် သောက်ပြီး လုပ်ငန်းစသူဟာ ကော်ဖီမသောက်သူထက် အလုပ်မှာ တစ်မိုင်အကွာအဝေး ပိုမိုလှုပ်ရှားနိုင်ပါတယ် ။

အဆီကျစေနိုင်ခြင်း


ကော်ဖီဟာ သင့်ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ် ။ ကော်ဖီက အဆီပိုများ လောင်ကျွမ်းစေသောကြောင့် ပုံမှန် ကိုယ်အလေးချိန် ကို ထိန်သိမ်းပေးထားနိုင်ပါတယ် ။

ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ခြင်း


ဆီးချိုရောဂါဟာ အဖြစ်များပြီး ရှုပ်ထွေးသော ပြဿနာများ ပေးနိုင်တဲ့ ရောဂါဖြစ်ပါတယ် ။ ကံကောင်းထောက်မစွာပင် အချိုပေါ့တဲ့ ကော်ဖီ တစ်ခွက်နေ့စဉ် သောက်သုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွာခြင်းမှ သင့်ကိုယ်သင် ကာကွယ်နိုင်ပါတယ် ။

Alzeimar’s နှင့် Parkinson’s ရောဂါများကို အံတုနိုင်ခြင်း


မှတ်ညဏ်ချို့ယွင်းသော ရောဂါများသည် ဖြစ်ပွားသူ ကိုယ်တိုင်နှင့် မိသားစု သက်ဆိုင်သူများကို အလွန်စိတ် ဒုက္ခရောက်စေပါတယ်။ တွေးတောဆင်ခြင်ခြင်းများကို သွက်လက် ဖျက်လတ်စေနိုင်တဲ့ အကျိုးအာနိသင်က သင့်မှတ်ညဏ်နှင့် စိတ်ခံစားမှုများကို ဖွံဖြိုးစေနိုင်ပါတယ် ။ အသက်အရွယ်ရလာလျှင် ဦးဏှောက်စွမ်းရည်ကို ထိခိုက်စေနိုင်သော Alzeimar’s နှင့် Parkinson’s ကဲ့သို့သော ရောဂါများမှ ကင်းဝေးစေနိုင်ပါတယ် ။ ကော်ဖီ နေ့စဉ်သောက်သုံးသော သင့်အဖွား၏ သွက်လက်သော စမ်းသပ်မှုများ ညဏ်စမ်းများကို ဖြေဆိုနိုင်ဖို့ဆို ကော်ဖီသောက်ရမှာပါ ။

အလှကုန် အဖြစ်အသုံးပြုနိုင်ခြင်း


ကော်ဖီမှုန့်နှင့် အုန်းဆီ သို့မဟုတ် သံလွင်ဆီကို ရောနှောကာ မျက်နှာပေါင်းသင်ခြင်း သန့်စင်ခြင်း ပြုလုပ်ပေးပါက အလွန်ထိရောက်သော အကျိုး အာနိသင်ကို သင်မြင်တွေ့  ရမှာပါ ။ ထို့အပြင် သင့်ဆံပင်သား ကျန်းမာ တောက်ပနေစေဖို့ ကော်ဖီမှ ကူညီပေးနိုင်ပါတယ် ။

နုပျိုလန်းဆန်းစေနိုင်ခြင်း


ကော်ဖီဟာ သင့်ကို နုပျိုစေနိုင်ရုံမက လန်းဆန်းတက်ကြွသော ခံစားချက်များ ကို ပေးစွမ်းနိုင်ပါတယ်။ ပညာရှင်များ၏ လေ့လာချက်အရ အိုမင်းရင့်ရော်ခြင်း မှတ်ညဏ် ချို့ ယွင်းခြင်းများကို ခုခံကာကွယ်ပေးနိုင်ပါတယ်။

စိတ်ကျရောဂါကို တိုက်ထုတ်ပစ်နိုင်ခြင်း


ကော်ဖီမှာ ကဖင်းဓာတ် နှင့် antioxidants တွေ ပြည့်ဝစွာ ပါဝင်တာတာကြောင့် မောပန်းနွမ်းနယ်မှုများ လျော့ကျစေကာ စိတ်ကျရောဂျမှ သင့်ကို ကာကွယ်ပေးနိုင်ပါတယ် ။ National Institute of Health မှ လေ့လာချက်များအရ တစ်နေ့လျှင်ကော်ဖီ ၄ ခွက်မျှသောက်သုံးသူများတွင် စိတ်ကျရောဂါ ဖြစ်ပွားနှုန်း ၁၀ % ပိုမိုနည်းပါးနိုင်ကြောင်း တွေ့ရပါတယ် ။

အသည်းကင်ဆာ နှင့် အသည်းရောဂါမှ ကာကွယ်ပေးခြင်း


ခြေထောက်များဖောရောင်ခြင်း ၊အသားဝါခြင်း ၊ယားယံခြင်း ၊အေ၇ပြားတွင် သွေးကြောမျှင်များ ရှုပ်ထွေးများပြားလာခြင်း မောပန်းခြင်း ၊ ဗိုက်နာဗိုက်အောင့်ခြင်း ၀မ်းဗိုက်တွင် အရည်များစုပုံလာခြင်းကြောင့် ဗိုက်ပူလာခြင်း စသည်တို့မှာ အသည်းရောဂါ လက္ခဏာများဖြစ်ပါတယ် ။အသည်းသည် အညစ်အကြေး အဆိပ်အတောက်များ အဆီများကို စွန့်ထုတ် စစ်ထုတ်ပေးသည့်အပြင် ကိုယ်တွင်း အပူချိန်မျှခြေကို ထိန်းချုပ်ခြင်း စသဖြင့် မြောက်များလှစွာသော တာဝန်ကို ထမ်းဆောင်နေသည့်အတွက် အသည်းပျက်စီးပါက တကိုယ်လုံးပျက်စီးသကဲ့သို့ပင်။ လေ့လာချက်များအရ ကော်ဖီဟာ အသည်းမှာ ဖြစ်ပေါ်နိုင်သည့် လှိုက်စားခြင်း နှင့် အမာရွတ်ဖြစ်ခြင်းများကို လျော့ကျစေသည် အဘယ်သို့နည်း ? အဆီများကို လောင်ကျွမ်းစေနိုင်ရုံမက လုပ်ဆောင်မှုတိုးမြင့်စေနိုင်သောကြောင့် အသည်းရောဂါကို ကော်ဖီမှ ၈၀ % လျော့ကျစေနိုင်ကြောင်း ထူးဆန်းစွာ တွေ့ရှိနိုင်ပါတယ် ။ အသည်းကင်ဆာကို ကာကွယ်နိုင်နှုန်းကတော့ ၄၀% ဖြစ်ပါတယ် ။

ပေါင်းသင်းဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေခြင်း


အရက်သေစာ သောက်စားသော ပွဲများသည် မိတ်တွေ မှ ရန်သူ ဖြစ်စေနိုင်သော လူမှုဆက်ဆံရေးဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး မိသားစု တစ်ခုနှင့်တစ်ခု ၊ လုပ်ငန်းဆိုင်ရာ အဖွဲ့ အစည်း စသဖြင့် ဆက်ဆံ ပြောဆိုရာတွင် ကော်ဖီသည် မျက်နှာပန်းလှရုံမက ကျန်းမာခြင်း ကောင်းကျိုးများကို ပေးစွမ်းနိုင်တာကြောင့် သင်ကိုယ်တိုင် ရွေးချယ်ပါ ။

ကော်ဖီဖြင့် မျက်လုံးကို ကာကွယ်ပါ


နေ့စဉ် ပတ်ဝန်းကျင်မှ ရရှိတဲ့ ညစ်ညမ်းသော ဖုန်မှုန့် ၊ နေရောင်နှင့် ဓာတ်ငွေ့ တွေဟာ သင့် မျက်လုံးကို ထိခိုက်စေသော အရာများပင် ။ ကော်ဖီမှာပါတဲ့ Antioxidants က တိမ်စွဲခြင်း နှင့် အခြားအမြင်အာရုံနှင့် ပက်သက်သော အဂါင်္များကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ် ။

အရေပြားကင်ဆာအတွက် ဒိုင်းတစ်လက်


Melanocytes လို့ခေါ်တဲ့ ရောင်ခြည်ထုတ်ပေးတဲ့  ဆဲလ်မှ ဖြစ်ပွားတဲ့  ကင်ဆာအမျိုးအစား ဖြစ်သော melanoma အရေပြားကင်ဆာ ကို နေရောင်ကာခရင်လိမ်းခြင်း နေရောင်မှကာကွယ်ခြင်းနှင့်အတူ ကော်ဖီကလည်း အားဖြည့် ကာကွယ်ပေးနိုင်ပါတယ် ။

နာကျင်မှုဒဏ်ကို လျော့ကျစေနိုင်ခြင်း


အချို့သော နာကျင်ကိုက်ခဲ သက်သာစေသော ဆေးဝါးများကဲ့သို့ပင် ကော်ဖီဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။

ကဲ … ကော်ဖီက ပေးတဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ ၊ တွေးခေါ်မှုကို ကူညီထောက်ပံ့ပေးနိုင်ခြင်း ၊ လန်းဆန်းနုပျိုခြင်းများ ၊ရောဂါဆိုးများ ကာကွယ်နိုင်ခြင်း ၊ နာကျင်ခြင်းမှ ကင်းဝေးစေခြင်း ၊လူမှုဆက်ဆံရေး ကောင်းမွန်းခြင်း စတာတွေကို သိရှိပြီးတဲ့ နောက် သင့်အတွက် လှပတဲ့ မနက်ခင်းတိုင်းကို ကော်ဖီနှင့် စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီလား ?


Ref : lifehack.org
Credit : http://buzz.myanmarportal.net/sharon-myorr-myor/79

No comments:

Subscribe

လာလည်သူများ

free counters