♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 9, 2016

" နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) ၏ ညနေပိုင်းသင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ "

 နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) ၏ ညနေပိုင်းသင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ မေ ၆
နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း သင်တန်းများကို အွန်လိုင်းလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၏ ညနေပိုင်း Certificate တန်းများကို ၁၆ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှလက်ခံမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် ညနေပိုင်းဘာသာရပ်သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းဘာသာရပ်များဖြစ်ပြီး ယင်းသင်တန်းများကို တက်ရောက်လိုသူများသည် www.YUFL.Info/chrd-form နှင့် www.myanmar-wave.com/yufl-chrd-form တွင် ရယူပြီး လျှောက်ထားနိုင် ကြောင်း၊ လျှောက်ထားမည့်သူသည် အီးမေးလ်အကောင့်ရှိ ရန် လိုအပ် ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်မှ သိရသည်။

''ဒီလို အွန်လိုင်းကနေလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။အရင်ကဆို ကျောင်းမှာလာလျှောက် တာမျိုးဆိုရင် တန်းစီပြီးစောင့်ကြရတယ်။ အဲဒီအခါကျတော့ လူတွေ တစ်ရုံးရုံးနဲ့ ဒုက္ခရောက်ပါတယ်။ ဒါကြောင့် အားလုံးလည်း အဆင် ပြေအောင် အွန်လိုင်းက လျှောက်ထားဖို့လုပ်တာပါ''ဟု နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ယခု လ ၆ ရက်နေ့တွင် ပြောသည်။ အဆိုပါညနေပိုင်းသင်တန်း ကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှ စတင်လက်ခံသွားမည်ဖြစ်ပြီး သတ်မှတ်ထားသောလူဦးရေ ပြည့်မီပါက လျှောက်ထားခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ညနေပိုင်းသင်တန်းများအတွက် လူဦးရေးကို ကန့်သတ် ထားကြောင်း သိရသည်။

''စတက်ရမှာကတော့ ဒီလကုန် ၃ဝ ရက်နေ့ ဖြစ်ပါတယ်။ လျှောက်ထားတာကို သတ်မှတ်ထားတဲ့အရေ အတွက်ရောက်ရင်- ဥပမာ ၄ဝဝ၊ ၅ဝဝပြည့်သွားရင်တော့ ဖောင်လက်ခံတာပိတ်လိုက်မှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ညနေပိုင်းသင်တန်းများ ခေါ်ယူပါက ခေါ်ယူမည့်တစ်ရက်အလို ည ၉
နာရီမှစတင်ကာ ယင်းကျောင်း၏ ရှေ့တွင် လျှောက်လွှာရယူရန် တန်းစီ စောင့်ဆိုင်းမှုများ ရှိခဲ့ကြောင်း ည နေပိုင်းသင်တန်းများထဲတွင် စိတ်ဝင်စားမှုများသော သင်တန်းမှာ အင်္ဂလိပ်စာသင်တန်းဖြစ်ကြောင်းသိရသည်။ အင်္ဂလိပ်စာသင်တန်းကို နောက်ဆုံးခေါ်ယူစဉ်က သတ်မှတ်ထားသော သင်တန်းသား ဦးရေမှာ ၆ဝဝ ကျော် သတ်မှတ်ထားပြီး အခြားသင်တန်း များကို တက်ရောက်သည့်အရေအတွက် အတိုင်းခေါ်ယူခဲ့ကြောင်း သိရသည်။

Credit : www.yangonmedia.com

No comments:

Subscribe

လာလည်သူများ

free counters