♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 9, 2016

" ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ ထူးဆန်းသော အိပ်စက်နည်းများ "

ဖန်တီးနိုင်စွမ်းမြင့်မားပြီး ကျော်ကြားတဲ့သူတွေမှာ သာမန်လူတွေနားမလည်နိုင်တဲ့ ထူးဆန်းတဲ့ အပြုအမူတစ်ချို့ ရှိတတ်ပါတယ်။ အဲ့ဒီထဲကမှ ထူးဆန်းတဲ့ ကမ္ဘာကျော်တွေရဲ့ အိပ်စက်နည်းတွေကို တင်ပြပေးချင်ပါတယ်။ ဒါတွေကတော့-
 
၁)တွမ်ခရုစ်က အိပ်တဲ့အခါ ဟောက်သံအရမ်းကျယ်လောင်တဲ့အတွက် အသံလုံတဲ့ အခန်းထဲမှာ အိပ်စက်လေ့ရှိပါတယ်။
 
၂)Yahoo ရဲ့ CEO ဖြစ်တဲ့ မာရစ်ဆာ မေယာက နာရီပေါင်း ၁၃၀ ကြာ တစ်ဆက်တည်း အလုပ်လုပ်လေ့ရှိတာကြောင့် လေးလတစ်ကြိမ် တစ်ပတ်ကြာ ခွင့်ရက်ရှည် ယူလေ့ရှိပါတယ်။
 
၃)လီယိုနာဒို ဒါဗင်ချီက ၄ နာရီကြာတိုင်း မိနစ် ၂၀ အိပ်လေ့ရှိပါတယ်။
 
၎)မာရီယာ ကာရေးက သူမသီချင်းအတွက် အကောင်းဆုံး လေ့ကျင့်ခန်းလို့သတ်မှတ်ထားတာက လေထုသန့်စင်စက် အလုံး ၂၀ ကို ဖွင့်ထားပြီး ၁၅ နာရီကြာ အိပ်စက်ခြင်းလို့ ဆိုပါတယ်။
 
၅) ၁၉ ရာစုက နာမည်ကျော် စာရေးဆရာ အမ်မလီ ဘရွန်တဲ က သူမရဲ့ အိပ်မပျော်တဲ့ ရောဂါကြောင့်  စက်ဝိုင်းတွေထဲမှာ မအိပ်မချင်း လမ်းလျှောက်မှ ပင်ပန်းပြီး အိပ်ပျော်နိုင်တယ်လို့ ဆိုပါတယ်။
 
၆)မိုက်ကယ်ဖဲလ်စက ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၉၀၀၀ ကျော်မှာရှိတဲ့ လေထုနဲ့တူအောင် ဖန်တီးထားတဲ့ အခန်းထဲမှာ အိပ်လေ့ရှိပါတယ်။ဒါက ကြွက်သားတွေက အောက်ဆီဂျင်ရရှိဖို့အတွက် ခန္ဓာကိုယ်ကို ပိုပြီး အလုပ်လုပ်စေနိုင်ဖို့ အတွက် ဖြစ်ပါတယ်တဲ့။
 
၇)ဝင်စတန် ချာချီက ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ ဝီစကီနဲ့ ဆော်ဒါတစ်ခွက်ကို သောက်ပြီး ၂ နာရီခန့် အိပ်လေ့ရှိပြီး ဒါက သူ့ရဲ့ နေ့စဉ် အလုပ်တွေကို ၂ ဆပိုလုပ်စေနိုင်တယ်လို့ ဆိုပါတယ်။
 
၈)အဆိုတော် အမ်မီနမ်က သူ့အိပ်ခန်းထဲကို နေရောင်ခြည် အစက်အမှုန်မျှ မဝင်စေဖို့အတွက် ပြတင်းပေါက်တွေမှာ သံဖြူအလွှာတွေ တပ်ဆင်ထားပြီး အိပ်လေ့ရှိပါတယ်။
 
၉)စတီဗင်ကင်းက သူ့ရဲ့ ခေါင်းအုံးစွပ်တွေကို တခြားပစ္စည်းတွေကြားမှာ ဦးတည်ဘက် တစ်ဘက်တည်းကိုပဲ ထားပြီး အိပ်လေ့ရှိပါတယ်။
 
၁၀)နီကိုလာ တက်ဆလာက တစ်နေ့ကို ၂ နာရီပဲအိပ်ပြီး ဓာတ်ခွဲခန်းထဲမှာ ၈၄ နာရီကြာအောင် မရပ်မနား ဆက်တိုက် အလုပ်လုပ်လေ့ရှိပါတယ်။
 
၁၁)ချားလ်စ် ဒစ်ကန်းစ်က မြောက်အရပ်ကို မျက်နှာမူပြီးပဲ အိပ်လေ့ရှိပါတယ်။ မြောက်အရပ်ဆိုတာ သေချာစေဖို့အတွက် သံလိုက်အိမ်မြှောင်ကို သုံးလေ့ရှိပြီး သူဘာကြောင့် ဒီလို လုပ်တယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။
 
Ref:twentytwowords
 

No comments:

Subscribe

လာလည်သူများ

free counters