♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 11, 2016

" အစင်းအကြောင်းကင်း ချောမွေ့တောက်ပြောင်တဲ့ မျက်နှာအတွက် နာနတ်သီး "

 
နာနတ်သီးကို ကုန်အောင် မစားနိုင်ဘူးဆိုရင်လည်း လွှင့်မပစ်ပါနဲ့။ ချိုမြတဲ့ ဒီအသီးဟာ ချောမွေ့လှပတဲ့ အသားရေအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်နိုင်ပါတယ်။  နာနတ်သီးမှာ အမည်းစက်နဲ့ အသားညိုခြင်းကို ကောင်းစွာ ဖယ်ရှားပေးပြီး ပရိုတိန်းထုတ်လုပ်ပေးတဲ့ ဗီတာမင်- စီ ကြွယ်ဝပြီး ဝက်ခြံကာကွယ်ပေးတဲ့အရာ ဖြစ်ပါတယ်။  နာနတ်သီးက အရေပြားနီမြန်းမှုဖြစ်စေပါတယ်။ အသားရောင် တစ်ညီတည်းဖြစ်စေဖို့နဲ့ ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းလာစေပါတယ်။ 
ပါဝင်ပစ္စည်းများ 
အကွင်းလိုက်လှီးထားသော သန့််ရှင်းလတ်ဆတ်တဲ့ နာနတ်သီး (၄) စိတ်
သံလွင်ဆီ ထမင်းစားဇွန်း (၁) ဇွန်း  (သံလွင်ဆီ မရရင် နှမ်းဆီကို သုံးပါ )
ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း တို့ပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းအားလုံးကို သစ်သီးကြိတ်စက်ဖြင့် (သို့) လက်ဖြင့် ရောစပ်ပါ။ ပြီးတော့ မျက်နှာမှာ လိမ်းပြီး ၁၅
မိနစ်ခန့်ထားပါ။ ပြီးရင် အကျိုးဆက်ကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။ 
Ref:healthyfoodstar

No comments:

Subscribe

လာလည်သူများ

free counters