♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 9, 2016

" အတက်ရောဂါ သတိထားစရာ "

 အတက်ရောဂါ သတိထားစရာ
ငယ်စဉ်တုန်းက အတက်ရောဂါ ဖြစ်တတ်တဲ့ကလေးငယ် အတန်းဖော်တွေကိုတွေ့ မြင်တဲ့အခါ ဘာကြောင့်ဒီလိုဖြစ်တာပါလိမ့်လို့ စာရေးသူလည်း စဉ်းစားခဲ့ဖူးပါတယ်။ အရပ်ထဲမှာတော့ တချို့လူကြီးတွေက တက်တာ ကို ဝက်ရူးပြန်တယ်ဆိုပြီး ပြောကြတာလည်း ကြားဖူးနားဝရှိခဲ့တယ်။ တက်တတ်ရင် ချက်ကိုသော့နဲ့လှည့်ဆိုတာမျိုးပြောခဲ့ ကြတာတွေလည်း ကြားဖူးပါသေးတယ်။

ဒါဆိုရင် အတက်ရောဂါဆိုတာရဲ့ အစစ်အမှန်အဓိပ္ပာယ်
အင်္ဂလိပ်လိုဆိုရင်တော့ Seiz-ures သို့မဟုတ် fits လို့ ခေါ်လေ့ရှိကြတဲ့ အတက်ရောဂါဟာ အကြမ်းဖျင်းအားဖြင့် ဆိုရရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားနိုင်ဖို့အခရာဖြစ်တဲ့ ဦးနှောက်ဆဲလ် တွေ လုပ်ဆောင်မှုမူမမှန်ဖြစ်ရာကနေ အရင်းခံတာဖြစ်ပါတယ်။ အတက်ရောဂါဟာ ကျယ်ပြန့်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက် ကုသမှုအတွက် စိတ်ရှည်ရမယ်။ ဖြစ်ရခြင်း အကြောင်းရင်းတွေလည်း အများကြီးရှိနိုင်တယ်။ အများစုကတော့ ဘာကြောင့် မှန်းသေချာတိတိကျကျမသိနိုင်ဘဲ မျိုးရိုးရှိလို့ဆိုတာကြောင့်ဖြစ်တတ်တယ်။ တက်ရခြင်းအကြောင်းအရာများစွာရှိတဲ့အနက် တချို့တစ်ဝက်ကိုဖော်ပြရမယ်ဆိုရင်တော့ ဦးနှောက်ဒဏ် ရာဖြစ် ဖူးရာကနေ အမာရွတ် ဖြစ်သွားတာမျိုးကြောင့်သော်လည်းကောင်း၊ မွေးရာပါဦးနှောက်ဖွံ့ဖြိုးဖွဲ့စည်းမှု ပုံမမှန် တာကြောင့်လည်းကောင်း၊ ဦးနှောက်မှာ အကျိတ်၊ သွေးခဲစတာတွေရှိနေတာကြောင့် လည်းကောင်း၊ အဖျား အလွန်ကြီးတဲ့အခါမှာ သော်လည်းကောင်းစတဲ့အကြောင်းအရာ အမျိုးမျိုး ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အရက်ဖြတ်စလူတွေနဲ့ အိပ်ဆေးတချို့ကိုစွဲ သောက်ရကနေ ဖြတ်တဲ့အခါမှာလည်း တက်တာမျိုးဖြစ်တတ်သလို ဦးနှောက်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ စတာတွေကြောင့် လည်း တက်တတ်ပါတယ်။

အတက်ရောဂါရဲ့အမျိုးကွဲများ
Focal seizure ခေါ် ဦးနှောက် ရဲ့အစိတ်အပိုင်းတစ်နေရာလေးကပဲ ကွက် ပြီး ပုံမှန်ကနေ ဖောက်ပြန်သွားတဲ့အခါမျိုး မှာ တစ်ကိုယ်လုံးအကြောဆွဲနေတာမျိုးလည်း မဟုတ်ဘဲ ခြေ၊ လက်တစ်ခုခု တစ်စိတ်တစ် ပိုင်းပဲ ပုံမှန်မဟုတ်၊ တက်သလို အကြော ဆွဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသိ စိတ်ကတော့ မပျောက်သွားဘူး။ သတိရှိနေ တယ်ဆိုရင်တော့ Simple partial seizure လို့ခေါ်ပြီးတော့ ဘာဖြစ်လို့ဖြစ်လိုက်မှန်းမသိ ဘဲ သတိပါလွတ်နေမယ်။ သတိလစ်မယ်ဆို ရင်တော့ Complex partial seizure လို့ ပြောင်းလဲသတ်မှတ်ပါတယ်။ ဦးနှောက်တစ်နေရာတည်းကွက် ပြီးဖောက်ပြန်တာ၊ Abnormal activity  ဖြစ်တာမဟုတ်ဘဲ ဦးနှောက်ရဲ့ Area အနှံ့ မှာဖောက်ပြန်မှုဖြစ်တဲ့အတွက် ဖြစ်လာတဲ့ အကြောဆွဲပုံ၊ အတက်ရောဂါမျိုးတွေကိုတော့ Generalized Seizures လို့ခေါ်ကြတယ်။ Generalized seizures တွေအမျိုးမျိုးမှာမှ ကလေးတွေဆိုရင် တစ်ခုခုလုပ်နေရာက နေ ဆယ်စက္ကန့်လောက်ဖြစ်ဖြစ် သတိလွတ် နေသလို ငူငူငိုင်ငိုင်ကြီး ရုတ်တရက်ထဖြစ် တတ်တာမျိုးလည်းရှိတတ်တယ်။ ခြေတွေ လက်တွေ တစ်ဆတ်ဆတ်ခါပြီးတက်နေတာ မျိုး၊ သို့မဟုတ် တောင့်တင်းပြီးအကြောဆွဲ နေတတ်တာမျိုး စသည်ဖြင့်လည်းရှိတတ်ပါတယ်။ ဒါ့အပြင် မတ်တတ်ရပ်နေရာက နေ သတိမလွတ်ဘဲ ကြွက်သားတွေအားမရှိ တော့တာကြောင့် ရုတ်တရက်ပျော့ခွေ ပြီး ပြုတ်ကျတာမျိုးဖြစ်စေတဲ့ အတက်ရောဂါ လည်းရှိတယ်။ ဒီလိုမျိုးအတက်ရောဂါတွေ ကို ဘာလို့ခွဲခြားထားသလဲဆိုရင်တော့ ကုသ မှုပိုင်းဆိုင်ရာမှာ ကောင်းစွာအထောက်အကူ ပြုစေနိုင်ဖို့ဖြစ်ပါတယ်။

ဘယ်လိုအခါမှာ တက်တာကို  ဆောလျင်စွာဂရုတစိုက်ကုသပေးဖို့လိုသလဲ။
တက်နေတာငါးမိနစ်ကျော်ကြာ ပြီဆိုလျှင် အတက်ရပ်သွားပေမယ့် အသက်မရှူတာ သို့မဟုတ် သတိပြန်မလည်လာတာ ဖြစ်လျှင်၊ တစ်ခါတက်ပြီး ရပ်ရပ်ချင်းမှာ နောက် တစ်ခါဆက်တိုက် ထပ်တက်မယ်၊ သတိ လည်း ကောင်းကောင်းမလည်ဘူးဆိုလျှင်၊ အဖျား တွေအရမ်းကြီးနေလျှင်၊ ရာသီဥတုပူပြင်း လွန်းလို့ သွေးခုန်နှုန်းတွေ ရှိသင့်တာထက် အရမ်းပိုမြန်လာပြီး ချွေးထွက်တအားများတာ၊ ကြွက်သားတွေကိုက်ခဲလာတာ စတာ မျိုးကြုံရတဲ့ Heat exhaustion ဖြစ်လာလျှင်၊ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်နေလျှင်၊ ဆီးချို၊ သွေးချိုရောဂါရှိနေလျှင် အတက်ရောဂါကို သတိထားဖို့လိုအပ်ပါတယ်။ အတက်ရောဂါရှိလို့ရှိမှန်းမသိ၊ ရှိသော်လည်း စနစ်တကျမကုသတာကြောင့် ရုတ်တရက်အတက်ရောဂါပြန်ပြန်ဖြစ်တာ ကြောင့် သွားရင်းလာရင်းလဲကျတာ၊ ထိခိုက ဒဏ်ရာရတာဆိုတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်ပါတယ်။ တချို့လည်း အတက်ရော ဂါရှိမှန်းမသိတာကြောင့် ရေဆင်းကူးရင်း ရေထဲမှာအကြောဆွဲပြီး တက်နေတဲ့အခါ အသက်ဆုံးရှုံးရတာမျိုး ဖြစ်တတ်တယ်။ ဒါ့အပြင် အတက်ရောဂါရှိသူ တွေအနေနဲ့ သတိလစ်တတ်တဲ့အတက်ရောဂါဆိုရင် ကားမောင်းတာမျိုးကို ပိုလို့တောင် ရှောင်ကြဉ်သင့်ပါတယ်။ စက်ပစ္စည်းတစ်ခုခုကို အတက်ရောဂါရှိသူတွေကိုမောင်းနှင်ခိုင်းတာ၊ အသုံးပြုခိုင်းတာကို
ဆင်ခြင်ပြီး ရှောင်ကြဉ်ခိုင်းသင့်ပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အတက်ရောဂါရှိမယ်ဆိုရင် လုံးဝမပေါ့ဆသင့်ပါဘူး။ မိခင်ရဲ့အတက်ရောဂါဆိုးမယ်ဆိုရင် တစ်ခါတစ်ရံမှာ ကလေးကိုထိခိုက်စေနိုင်တာမျိုးဖြစ်နိုင်သလို အတက်ရောဂါအတွက် ဆေး ဝါးတွေ ကို ကျွမ်းကျင်သူကညွှန်ကြားသလို မသောက်သုံးတာ၊ မသောက်သင့်တဲ့ ဆေးဝါးတွေ သောက်သုံးတာစတာတွေကြောင့်လည်း ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုပုံမှန်မဟုတ်တာ တွေဖြစ်လာစေနိုင်တယ်။ ဒါပေမဲ့လည်း ဂရု စိုက်မယ်ဆိုရင်တော့ အတက်ရောဂါရှိတဲ့ မိခင်တွေအနေနဲ့လည်း ကျန်းကျန်းမာမာ ရင်သွေးလေးတွေကို အများနည်းတူပဲ ပိုင် ဆိုင်နိုင်တာမို့လို့ ကာကွယ်တဲ့အနေနဲ့တော့ မိမိရဲ့အတက်ရောဂါအကြောင်းကို ဆရာ ဝန်ကိုလည်းကြိုတင်အသိပေးထားသင့်ပါ ကြောင်း။

Reference: Mayo Clinic, WebMD, Medscape.
နေခြည် (ဆေး-၁)

No comments:

Subscribe

လာလည်သူများ

free counters