♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 10, 2016

" လက်တွဲဖော်က ပူညံပူညံ လုပ်နေရင် ဘယ်လိုရပ်တန့်မလဲ ..."

 
လက်တွဲဖော်က ပူညံပူညံ အမြဲလုပ်နေတယ်၊ ဒီလိုလုပ်နေတာကိုလည်း ကိုယ့်ဘက်က မထိန်းချုပ်နိုင်ဘူးဆိုရင် ဖြေရှင်းဖို့ နည်းလမ်းနှစ်လမ်းရှိတယ်လို့ အိုဝင် ဝီလျှံက ပြောပါတယ်။ အိုဝင်ဝီလျှံဟာ အမျိုးသားတွေရဲ့ စတိုင်အတွက် နှစ်ပေါင်း ၂၅ နှစ်ကြာအောင် သင်ကြားပြသပေးလာသူဖြစ်ပြီး အမျိုးသားတွေနဲ့ပက်သက်တဲ့ ရုပ်သံအစီစဉ်တွေမှာ အောင်မြင်တဲ့ အစီစဉ်တင်ဆက်သူလည်း ဖြစ်ပါတယ်။

၁ - ပထမတစ်ချက်အနေနဲ့ ပြောထားတဲ့ စကားကို တည်ရမှာ ဖြစ်ပါတယ်။ လုပ်မယ်လို့ ပြောထားတဲ့စကားရှိရင် တကယ်လုပ်ပါ။ လုပ်ချင်ရဲ့သားနဲ့ မလုပ်ဘဲနောက်ဆုတ်လိုက်တာဟာ သင့်ရိုးသားမှု ပျော့ညံ့သွားတာ ဖြစ်ပါတယ်။ ဒီအခါကျရင် မိန်းကလေးဟာ သင့်ကို စိတ်အနှောင့်အယှက်ပေးတာတွေ တိုးလုပ်လာပါလိမ့်မယ်။ အဆုံးမှာ သင်ပြောတဲ့စကားပေါ်မူတည်ပြီး သင့်ကို မယုံကြည်ရတာကြောင့်  ပိုမိုပြီး ပူညံပူညံ လုပ်လာပါလိမ့်မယ်။ တကယ်တော့ မိန်းကလေးအများစုဟာ လက်တွဲဖော်ကို ပူညံပူညံလုပ်နေရတာ မကြိုက်ပါဘူး။

တစ်ခုခုလုပ်ဖို့ သဘောမတူခင် တကယ်လုပ်ချင်တာလား စဉ်းစားပါ။ လုပ်ချင်ပေမဲ့ အချိန်မရတာမျိုး ဖြစ်နေမလား စဉ်းစားပါ။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တာကြောင့် သင့်ဘက်က သဘောတူလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကပြဿနာပါ။ ဒီလို
သဘောတူလိုက်တာက အလုပ်မဖြစ်ပါဘူး။

၂ - အဓိကအချက်က ဘယ်လိုငြင်းမလဲဆိုတာပါ။ ညင်ညင်သာသာနဲ့ ကြင်ကြင်နာနာ ငြင်းတတ်ဖို့ပါပဲ။ သူ့ဘက်က မကြိုက်တာမှန်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ရိုးသားမှုကို သူကလေးစားပါလိမ့်မယ်။ သူ့ကိုလည်း သင်က လေးလေးစားစား ရိုးရိုးသားသားနဲ့ အကျိုးအကြောင်းပြောပြလို့ပါ။

Credit : Duwun

Credit : http://www.shwechitthu.com/2016/05/blog-post_83.html

No comments:

Subscribe

လာလည်သူများ

free counters