♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 8, 2016

" ထူးထူးခြားခြား တည်ဆောက်ထားသော ကားလမ်းများ "


တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လမ်းပန်း ဆက်သွယ်ရေးသည် အလွန်အရေးပါလေ့ ရှိသည်။ ထို့ကြောင့်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် အကောင်းဆုံး နည်းလမ်း များကို အသုံးပြုလေ့ ရှိသည်။ သို့သော် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် အချို့ကားလမ်း များသည် အံ့အားသင့်စရာ အခြေအနေ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဘိုလီဗီးယား နိုင်ငံရှိ လမ်းတစ်လမ်း သည် အမြင့်(၁၉၆၈) ပေတွင်ရှိသော်လည်း မည့်သည့် အတားအဆီးကိုမှ ပြုလုပ် ထားခြင်း မရှိ သောကြောင့် သေမင်းတမန်လမ်း အဖြစ် ခေါ်ဆိုခဲ့ကြသည်။ ထို့အတူ နော်ဝေနိုင်ငံရှိ ဥမင်လိုဏ်ခေါင်း လမ်းသည် (၁၅ ဒသမ ၂) မိုင်အထိ ရှည်လျား သောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ထူးထူး ခြားခြား တည်ဆောက် ထားသော ကားလမ်းများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။

၁။ အမတ်စောက်ဆုံးလမ်း
          နယူးဇီလန်နိုင်ငံ၊ ဒန်ဒင်မြို့ရှိ လမ်းတစ်လမ်းကို အမတ်စောက်ဆုံးလမ်း အဖြစ် သတ်မှတ် ထားသည်။ ယင်းလမ်းကို Baldwinဟု အမည်ပေး ထားပြီး ဂင်းနစ် မှတ်တမ်းတွင် အမတ်စောက်ဆုံးလမ်း အဖြစ် ဖော်ပြ ထားသည်။ ဆင်ခြေဖုံး အရပ်ဒေသတွင် တည်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိ ကြသည်။ အဆိုပါ လမ်းတွင် ခရီးသွား များသည် ပြေးပွဲများ ပြုလုပ်လေ့ရှိ ကြသည်။ လမ်းတိုပုံစံ ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်နှင့် အထက် ( ၉၈)ပေမှ  ပေ (၃၃၀) အကြားတွင်ရှိသည်။ ဆောင်းရာသီတွင် လမ်းချော်မူများ မဖြစ်စေရန် အကောင်းဆုံး နည်းပညာများကို အသုံးပြု တည်ဆောက် ထားသည်။ လမ်း၏ မတ်စောက်မှုသည် (၁၁၄၈) ပေအထိ ရှိသည်။

၂။ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်း 
          နော်ဝေနိုင်ငံတွင် တည်ရှိသည့် ဥမင်လိုဏ်ခေါင်းသည် ( ၁၅ ဒသမ ၂) မိုင်အထိ ရှည်လျားသောကြောင့် စံချိန်သစ်တင်ရှိခဲ့သည်။ ယင်းမှာ ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်း အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းအတွင်း မော်တော်ယာဉ်ကို မောင်းနှင်ရမည် ဖြစ်သောကြောင့် တုန်လှုပ် ချောက်ချားမှုများရှိ နိုင်သည်ဟု ဆိုထားသည်။ ယင်းဥမင် လိုဏ်ခေါင်းကို Laerdalsဟု အမည်ပေးထားပြီး ပေ (၆၀၀၀) ရှိသည့် တောင်တန်းများ အနီးတွင် ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ကုန်ကျငွေမှာ  ဒေါ်လာ ( ၁၁၃ ဒသမ ၁) သန်းနီးပါး ရှိသည်။ ဆောင်းရာသီတွင်
ပုံမှန် အလုပ်ဆင်းသူများ အတွက် အသုံးဝင်သည့် လမ်းလည်း ဖြစ်သည်။

၃။ အန္တရာယ် အများဆုံးလမ်း
          တူရကီနိုင်ငံတွင် တည်ရှိသည့် လမ်းတစ်လမ်းသည် အန္တရာယ် အများဆုံးလမ်း အဖြစ် သတ်မှတ်ထား ကြသည်။ ယင်းလမ်းကို အမြင့်ပေ (၆၀၀၀) ရှိသည့် တောင်တန်းပေါ်တွင် ဖောက်လုပ်ထာခြင်း ဖြစ်သည်။ တူရကီ နိုင်ငံ၏ အဝေးပြေး လမ်းမ တစ်ခု ဖြစ်ပြီး ပြီးခဲ့သည့် နှစ်များ အတွင်း ဖြစ်ပေါ်ခဲ့သော မတော်တဆမှု များကြောင့် သတိထားရမည့် လမ်းတစ်လမ်း အဖြစ် သတင်းထုတ်ပြန်ခဲ့ ရသည်။ မိုင်ပေါင်း (၆၆) မိုင်ရှိသည့် Bayburt လမ်းတွင် အကွေ့အကောက်ပေါင်း (၂၉) ခု အထိ ရှိသည်။ ယင်းလမ်းသည် အန္တရာယ်များလွန်း သောကြောင့် ဆောင်းရာသီတွင် ပိတ်ထားရလေ့ ရှိကြောင်း သိရသည်။

၎။ အမြင့်ဆုံး တံတားလမ်း
          ပြင်သစ်နိုင်ငံတွင် ရှိသည့် Millau Viaduct တံတားလမ်းသည် အမြင့်ကြောက်သူများ မသွားသင့်သည့် နေရာတစ်ခုဖြစ်သည်။ ယင်း တံတားလမ်း၏ အမြင့်သည် နာမည်ကျော် အီဖယ်မျှော်စင် ထက်ပင် မြင့်မားသည်။ အဆိုပါ တံတား၏ အမြင့်သည် (၁၁၂၅) ပေအထိရှိ သည်။ တံတား တည်ဆောက်ရာတွင် ပေါင် (၃၁၄)သန်း ကုန်ကျခဲ့သည်။ မြင့်မားသည့် နေရာတွင်တည် ဆောက်ထားသောကြောင့် လေတိုးအား ခံနိုင်ရန် အင်ဂျင်နီယာ များက အကောင်းဆုံး ဆောင်ရွက်ပေး ထားသည်။ ယင်းတံတားကို ၂၀၀၄ တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်ကား များတွင် အဆိုပါတံတား ကိုနောက်ခံ ထားပြီး ရိုက်ကူးမှုပြု လုပ်လေ့ ရှိသည်။

၅။ ဆီးနှင်းများကြားက လမ်း
          ဂျပန်နိုင်ငံတွင်ရှိသည့် လမ်းတစ်လမ်းသည် ကမ္ဘာ့လှည့် ခရီးသည်များကို ဆွဲဆောင်နိုင် ခဲ့သည်။ ယင်းလမ်းသည် ဆီးနှင်းများကြားတွင် ရှိနေသောကြောင့် အလွန်လှပသည့် နေရာ ဖြစ်ခဲ့သည်။ ယင်းနေရာကို နှစ်စဉ် ခရီးသွား တစ်သန်းခန့် လာရောက်လေ့ ရှိသည်။ သို့သော် ၂၀၁၄ တွင်မူ ခရီးသွား (၉၁၀၀၀၀) ဦးသာ လာရောက်တော့သည်ဟု ဆိုထားသည်။ (၆၅) ပေရှိသည့် ဆီးနှင်းနံရံများ ကြားတွင် လမ်းတည်ရှိနေခြင်း ဖြစ်သည်။ ယင်းနေရာသည် Tateyama Kurobe ဒေသတွင် တည်ရှိသည်။ ၁၉၇၁ တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အလွန်ကြီးမားသည့် ဆီးနှင်းတောင်နံရံများကို ကြည့်ရှုနိုင်ကြောင်း သိရသည်။

၆။ သေမင်း တမန်လမ်း
          အမြင့်ပေ (၁၅၄၀၀) တွင် တည်ရှိပြီး တစ်နှစ်ကို လူ (၃၀၀) ခန့်သေဆုံးနေ သောကြောင့် သေမင်း တမန်လမ်း အဖြစ် သတ်မှတ်ထားသည်။ သို့သော် ယင်းလမ်းကို ကမ္ဘာ့လှည့် ခရီးသွားများ စိတ်ဝင်တစား လာရောက်ကြ သဖြင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ဘိုလီဗီးယားနိုင်ငံ မြောက်ပိုင်း Yungus လမ်းမသည် မြို့တော် လာပါ့ဇ်တွင် တည်ရှိသည်။ အဓိက လမ်းမကြီးတွင် မည့်သည့် အတားအဆီးမှ မရှိခြင်းကြောင့် သွားလာရာတွင် သတိထားရလေ့ ရှိသည်။ အမေဇုန်သစ်တော အတွင်း တည်ရှိသောကြောင့် လမ်းဘေ၀ဲယာ သည် အလွန်လှပပြီး တောင်တက် စက်ဘီးဖြင့် စီးနင်းသွား လာသည့် ခရီးသည်ပေါင်းမှာ တစ်နှစ်ကို (၂၅၀၀၀) ကျော်အထိ ရှိသည်။

၇။ အရက်သမား တံတားလမ်း
          နော်ဝေနိုင်ငံတွင် တည်ရှိသည့် လမ်းတစ်လမ်းသည် အမြင်အာရုံကိုေ၀၀ါးစေနိုင်သည့် လမ်းဖြစ်ခဲ့ပြီး မည်သည့်နေရာသို့ သွားနေသည်ကို မသိရှိအောင် ဖြစ်သွားတတ်သည်။ ထို့ကြောင့် ယင်းလမ်းကို အရက်သမား တံတားလမ်း အဖြစ် ခေါ်ဆိုကြခြင်း ဖြစ်သည်။ နော်ဝေနိုင်ငံ၊ အနောက်ဘက် ကမ်းရိုးတန်း၊ Atlantic လမ်းတွင် တည်ရှိပြီး တံတား အမည်ကို  Storseisundet  ဟုအမည် ပေးထားသည်။ ယင်းတံတားကို ၂၀၀၅ တွင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး (၅) မိုင်ရှည်လျားသည်။ တီဗွီ ကြော်ငြာများတွင် မကြာခဏတွေ့ ရပြီး အမြင်အာရုံ ရှင်းလင်းမှု မရှိသော်လည်း နှစ်စဉ် ကမ္ဘာလှည့် ခရီးသွား အများအဟြး လာရောက်လည်ပတ်တတ် ကြသည်။

၈။ အရှည်ဆုံးလမ်း
     ပန်အမေရိက လမ်းမကြီးသည် ကမ္ဘာ့ အရှည်ဆုံးလမ်း အဖြစ် သတ်မှတ်ခံထား ရသည်။ ကားမောင်းခြင်းကို နှစ်သက်ပြီး ခရီးရှည် မောင်းနှင်သူလိုများ အနေဖြင့် ယင်းလမ်းတွင် သွားရောက်မောင်းနှင် သင့်သည်ဟု အကြံပြု ထားသည်။ နိုင်ငံပေါင်း (၁၅) နိုင်ငံကို ဖြတ်သန်း ဖောက်လုပ်ထား ခြင်းကြောင့် လမ်း၏ အရှည်သည် မိုင်ပေါင်း (၁၈၆၄၁) မိုင်အထိ ရှိသည်။ အလက်စကာမှ တောင်အမေရိကတိုက် အထိ ဖောက်လုပ် ထားခြင်း ဖြစ်သည်။ ယင်းလမ်းသည် တိုက်ကြီး နှစ်တိုက်ကို ဆက်သွယ်ပေးထားခြင်း ဖြစ်ပြီး ၁၉၂၃ ကတည်းက သွားလာမှုများရှိခဲ့သည်။ ရေခဲတောင်များ၊ တောတောင်များ
 တွေ့ရမည် ဖြစ်ပြီး ဆောင်းရာသီတွင် သတိထား မောင်နှင်ရမည့်လမ်း ဖြစ်သည်။

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=51418

No comments:

Subscribe

လာလည်သူများ

free counters