♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 14, 2016

" ဥရောပရဲ့ သာယာလှပဆုံးနေရာတွေ "

(၁) Albarracín မြို့(စပိန်)


စပိန်နိုင်ငံ Teruel စီရင်စုရဲ့ ကမ်းရိုးတမ်းမှာ တည်ရှိတဲ့ မြို့ငယ်လေး Albarracín ဟာ အလွန်သာယာလှပပြီး
ညို့မှိုင်းနေတဲ့တောင်တန်းတွေ၊ စိမ်းလမ်းတဲ့ သစ်တောတွေနဲ့ သဘာဝရဲ့အလှတွေ ဆုံစည်းရာ မြို့လေးဖြစ်ပါတယ်။ ရာသီဥတုက
လည်း အေးမြလွန်းလို့ ၁၂-ရာသီမပြတ် အနွေးထည်ဝတ်ထားရတဲ့ ဒေသဖြစ်ပါတယ်။

(၂) Colosseum (ရောမ-အီတလီ)


အီတလီနိုင်ငံ ရောမမှာရှိတဲ့ Colosseum အဆောက်ဦးကြီးဟာ အေဒီ 70-80 မှာ တည်ဆောက်ခဲ့တဲ့ အဆောက်ဦကြီး
ဖြစ်ပါတယ်။ အီတလီရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေဆီက ၀င်ငွေတွေ အများဆုံး ရှာပေးရာ
နေရာလည်း ဖြစ်ပါတယ်။

(၃) Hallstatt မြို့(သြစတီးယား)


သြစတီးယားနိုင်ငံ အထက်ပိုင်း၊ ပင်လယ်ကမ်းရိုးတန်းမှာတည်ရှိတဲ့ Hallstatt မြို့လေးကလည်း ခရီးသည်တွေကို အေး
ချမ်းမှုတွေ ပေးနိုင်တဲ့ နေရာလေး ဖြစ်ပါတယ်။ သဘာဝရေကန်တွေ၊ မြစ်ချောင်းတွေပေါင်းစုံရာ ဒေသဖြစ်ပြီး သာယာလှပ
တဲ့ ပင်လယ်ကမ်းရိုးတန်းကြီးကလည်း မျက်စိအမြင်ကို ပသာဒဖြစ်စေပါလိမ့်မယ်။

(၄) Gruyères ရွာ (ဆွစ်ဇာလန်)


ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Gruyères ရွာလေးဟာလည်း တောင်တန်းဒေသအလယ်မှာ အလွန်သာယာလှပတဲ့ ရွာလေး
ဖြစ်ပါတယ်။ Sanne မြစ်ကြီးကလည်း ဘေးမှာ လှပကြည်လင်စွာ တသွင်သွင်စီးဆင်းနေပြီး တောရိပ်တောင်ရိပ်ရဲ့ အေး
မြသာယာတဲ့ အရသာကို ခံစားရမှာ မလွဲပါဘူး။

(၅)  Romantische Strabe မြို့ (ဂျာမဏီ)


ဂျာမဏီရဲ့ အလွန်သာယာလှပတဲ့ မြို့လေးဖြစ်ပါတယ်။ နွေရာသီအားလပ်ရက်လိုအချိန်မျိုးအတွက် သင့်တော်ပြီး တောင်
ကုန်းတောင်တန်းတွေရဲ့ အလှတွေ အပြင်၊ ပင်လယ်ပြင်ရဲ့ လှိုင်းအရသာကိုလည်း ခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)

Credit : http://www.shwemom.com/the-most-beautiful-places-in-europe/

No comments:

Subscribe

လာလည်သူများ

free counters