♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 9, 2016

" မိုးသီး ဘယ်လိုစဖြစ်လာလဲ "

 
မိုးသီးဆိုတာ မိုးသက်မုန်တိုင်းနဲ့ တခြားပြင်းထန်တဲ့ အပူစီးကူး မုန်တိုင်းထဲမှာ ဖြစ်ထွန်းတဲ့ ရေခဲလုံး၊ တုံအသွင်ဖြင့် မိုးရွာချခြင်း ဖြစ်ပါတယ်။ မိုးသီးက အလွှာတွေ တဖြည်းဖြည်းထပ်ထပ်ပေါင်းခြင်းဖြင့် အဓိကဖြစ်ထွန်းတဲ့ ရေခဲအမုန်သေးသေးလေးများအဖြစ် စတင်ပါတယ်။ ပိုကြီးလာဖို့အတွက် ရေစက်ကလေးတွေ လိုအပ်ပါတယ်။ အဲဒီမိုးသီးက မုန်တိုင်းတွေကြား တက်လိုက် ဆင်းလိုက် လှုပ်ရှားတဲ့အခါ ရေစက်ကလေးတွေနဲ့ တိုက်မိဆောင့်မိပြီး တဖြည်းဖြည်း ပိုကြီးလာပါတယ်။
မိုးသီးကို ရိုက်ခွဲလိုက်ရင် ရေခဲအကွင်းလိုက်ပုံစံတွေ တွေ့ရပါလိမ့်မယ်။ တချို့အကွင်းတွေ နို့ရောင်လို ဖြူပြီး တချို့ကျတော့ ကြည်လက်နေပါတယ်။ သူ့ရဲ့အကွင်းလိုက်ပုံစံဖွဲ့စည်းမှုက မိုးသီးတစ်ခုလုံးဟာ အစို သို့မဟုတ် အခြောက် နှစ်မျိုးဖြင့် ဖြစ်ထွန်းနိုင်တာကို ဖော်ပြပါတယ်။
အစိုဖြစ်ထွန်းမှုမှာ မိုးသီးဟာ လေအပူချိန် ရေခဲမှတ်ထက်နိမ့်တဲ့ (ဒါပေမယ့် အလွန့်အလွန် အေးတာတော့မဟုတ်) မုန်တိုင်းဖြစ်ထွန်းဒေသတစ်ခုမှာ ရှိပါတယ်။ မိုးသီးက ရေစက်နဲ့ တိုက်မိတဲ့အခါ အဲဒီရေဟာ ချက်ချင်းတော့ ခဲမသွားပါ။ အဲဒီအစား မိုးသီးအနှံ့ ပျံ့နှံ့သွားပြီး ဖြည်းဖြည်းချင်းပဲ ခဲပါတယ်။ ဒီလိုဖြည်းဖြည်းချင်း ခဲနေစဉ် လေပူဖောင်းတွေ လွတ်ထွက်ကာ ရေခဲကြည်လွှာတွေ ဖြစ်ပွားပါတယ်။
မိုးသီးခြောက်ဖြစ်ထွန်းမှုက လေအပူချိန် ရေခဲမှတ်အောက်တော်တော်လျော့တဲ့အခါ ဖြစ်ပေါ်ပါတယ်။ ဒီအနေအခြေမျိုးမှာ ရေစက်ဟာ မီးသီးထိတာနဲ့ ချက်ချင်းခဲသွားပါတယ်။ လေပူဖောင်းတွေ ချက်ချင်းခဲပြီး မှုန်ဝါးတဲ့ ရေခဲတုံးအဖြစ် ကျန်ရစ်ပါတယ်။ ရေခဲအလွှာတွေ ရေတွက်ခြင်းဖြင့် မုန်တိုင်းတွေကြား ဘယ်နှစ်ကြိမ်
လှည့်ပတ်ခရီှးနှင်ခဲ့လဲဆိုတာ သိနိုင်ပါတယ်။
မိုးသီးတွေဟာ လိမ္မော်သီး သို့မဟုတ် စပျစ်သီးလောက် ကြီးနိုင်ပါတယ်။ မိုးသီးတွေ အချင်းချင်းတိုက်မိပြီး ခဲသွားပါက ပုံမှန်မဟုတ်တဲ့ မိုးသီးအရွယ်အစားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
Ref: whyfiles
Credit : http://www.trend.com.mm/2016/05/06/lifestyle-9455

No comments:

Subscribe

လာလည်သူများ

free counters