♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 5, 2015

" ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် .." ဒေါ်လေး ပြောပြမယ် ဟော့သလိုလုပ် !!


၁ . အတိတ်တွေကို ပြန်မကြည့်ပါနဲ့ ။ လက်ရှိ အချိန် သူဘယ်လိုပြုမူ နေထိုင်တယ် ၊ သူဘယ်လောက် တည်ငြိမ် ရင့်ကျက်တယ် ဆိုတာကိုပဲ ဂရုစိုက်ပါ ။

၂ . ချစ်သူက အမှားတစ်ခုခု လုပ်ခဲ့ဖူးတာမျိုးတွေရှိမယ် ။ သူကလည်း အဲ့ဒီအမှားကို ဝန်ခံတောင်းပန်တယ် ၊ ပြန်အဆင်ပြေသွားပြီ ။
ဒါပေမယ့် ရန်ဖြစ်စိတ်ဆိုးတဲ့အခါ အဆိုပါ အမှားကိုပဲ ဖိနှိပ်ချနှင်းပြီး ချစ်သူကို အနိုင်ယူတာမျိုး မလုပ်မိပါစေနဲ့ ။

၃ . သူတစ်ခါ မှားခဲ့ဖူးလို့ ကိုယ်လည်း ပြန်မှားမယ်ဆိုတဲ့ အတွေးမျိုး အရွဲ့  မတိုက်မိပါစေနဲ့ ။

၎ . ပုံမှန်ချစ်နေကျ ပုံစံထက် ပိုပြီးချစ်ပြစရာမလိုဘူး ၊ လျော့လည်းမလျော့နဲ့ ။ ပုံမှန်ပဲ
ဂရုစိုက်ပေးပါ ။

၅ . နေ့စဉ်လုပ်နေကျ အရာတွေ မပျက်ကွက် မိပါစေနဲ့ ။ ဥပမာ ( မနက်အစောကြီး ဖုန်းဆက်တာ ၊ အိပ်ခါနီးမက်ဆေ့စ်ပို့တာ)

၆ . ရေရှည်လက်တွဲဖို့အတွက် ကိုယ့်ရဲ့ အားနည်းချက် ဘာရှိလဲဆိုတာမျိုး ချစ်သူကို ဝေဖန်ခိုင်းပါ ။ ပြီးရင် ပြင်ဆင်ပါ ။

၇ . အတူတွဲရိုက်ဖူးတဲ့ ဓာတ်ပုံတွေကို ကြာကြာတစ်ခါ နှစ်ယောက်အတူတူ ကြည့်ပြီး ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို များများပြောပေးပါ ။

ဒါကတော့ ကိုယ်ချစ်တဲ့သူကို လွယ်ကူစွာလိုက်လျောပေးနိုင်တဲ့ အချက်(၇) ချက် ဖြစ်ပါတယ် ။ ပြီးတော့ ချစ်သူနှစ်ယောက် လမ်းခွဲဖို့အထိ နာကျင်ရလောက်တဲ့
အနေအထားမျိုးဖြစ်လာခဲ့မယ်ဆိုရင် အတူတူပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားပေးပါလို့ ထပ်လောင်း အကြံပြုလိုက်ရပါတယ် ။ ချစ်သူများ ရွှေလက်တွဲမြဲ ၍ ပျော်ရွှင်နိုင်ပါစေ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ခွန်နေ
Credit : Pho Thu Taw. com

No comments:

Subscribe

လာလည်သူများ

free counters