♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 6, 2015

"အရပ်ကတို့ရေ.... ကြားရတာနားဝမှာ မသက်သာပါလားကွဲ့.... ဝိဇ္ဇာမြင်လို မစင်မျိုရသတဲ့"


တစ်ခါက..ရွာတစ်ရွာမှာ.. သိုက်ဆရာ ယောင်ယောင်.. ဆေးဆရာ ယောင်ယောင်... ဗေဒင်ဆရာ ယောင်ယောင်.. လူတစ်ယောက် ရှိတယ်... ဒါပေမယ့်.. ဘာကိုမှ သေချာ မတတ်ဘူး....
ဒီလို ဘာမတတ် ညာမတတ်နဲ့ လုပ်နေသမျှတော့ သူကြီးပွား မှာမဟုတ်ဘူး.. ဒီတော့ ကြားဖူး တာလေး တစ်ခုရှိတယ်..
ရွှေတိဂုံ ဘုရားကြီးရဲ့ ရင်ပြင်ပေါ်မှာ နောင်တော်ကြီး ဘုရားဆိုတာ ရှိတယ်.. အဲ့ဒီ စေတီတော်မှာ ဝိဇ္ဇာ ဇော်ဂျီတွေ လာပြီး ဖူးမျှော်ကြတယ်..လို့.. ပြောကြတယ်..
ဒီတော့..သူတို့နဲ့ တွေ့အောင် သွားစောင့်ပြီး ဆေးလေး ဘာလေး တောက်းမှပါ.. ဆိုပြီး.. ဘုရားပေါ်တက်ပြီး နေ့တိုင်း ပုတီးစိတ်သတဲ့...

ဆုကတော့.. တစ်ခုပဲ တောင်းတယ်.. ဝိဇ္ဇာ ဇော်ဂျီတွေ နဲ့ တွေ့ပါရစေ.. ဆိုပြီးတော့ပေါ့..
နေ့တိုင်း ဆုတောင်းနေလိုက် တာ သူ့ဆီ ဘယ်သူမှ မလာကြ ဘူး... တစ်ရက်တော့ စိတ်ပျက် လက်ပျက်နဲ့ ဇရပ်လေးမှာ ထိုင်နေတုန်း.. အရူးကြီး တစ်ယောက်က ဘေးနား လာထိုင်ပြီး..
" မင်း..နေ့တိုင်း ဆုတောင်း နေတာ ကြားတယ်.. ဝိဇ္ဇာ ဇော်ဂျီ တွေနဲ့ တွေ့ပါရစေ.. ဆိုပြီးတော့လေ.."
" ဟုတ်ပါတယ်.. ကျနော် တွေ့ချင်လို့.. "
" ဘာလုပ်မလို့လဲ..."
" ဆေးလေး ဘာလေး တောင်း မလို့ပါဗျာ..."
" အင်း.. ခု မင်းတွေ့ပြီ.. ငါ.. ဝိဇ္ဇာပဲ..."
" ဟာ.. အသာလုပ်ပါဗျာ.. ရူးရင် ရူးသလို နေစမ်းပါ.."
" ဟကောင်ရ.. ဝိဇ္ဇာ ဆိုပြီး ဒီအတိုင်း ဝင်လာရင် မင်းလို တောင်းမယ့် သူတွေက အများကြီးဟ..ဒါကြောင့် ဒီလို ဝတ်လာတာ..."
သိုက်ဆရာကြီး စဉ်းစားလိုက် တယ်.. ဒါဖြစ်နိုင်တာပဲ.. ဆိုပြီး..
" ဒါဆိုလည်း ဆေးကောင်း ဝါးကောင်းလေး ပေးစမ်းပါ..ဗျာ" လို့..ပြောလိုက်တယ်။
ဝိဇ္ဇာကြီးက ဆောင့်ကြောင့်ထိုင် ပြီး ဝေါကနဲ ပါချလိုက်တယ်.. အင်အင်း..တွေပေါ့..ပြီးတော့.. ရော့..ဒါစားလိုက် အဟာရသိဒ္ဓိ ပြီးတယ်လို့ ပြောလိုက်တယ်..
သိုက်ဆရာကြီး ထအန်ပါလေ.. ရော ယုတ်မာလိုက်တာပေါ့..
" ခင်ဗျားပဲ..စားပါလား.." လို့.. ပြောလိုက်တယ်..
ဟိုလူကြီးက လက်နဲ့ကော်ပြီး.. တစ်လုပ်စားပြတယ်..ပြီးတော့..
" ကဲ...စားမှာလား.. မစားဘူးလား.. မင်းမစားရင် ငါ့ဆေးတွေ ငါပြန်စား လိုက်မှာ နော်... "
အဲ့လိုလည်း ပြောလိုက်ရော.. သိုက်ဆရာကြီးလည်း အငမ်းမရ ကော်စားလိုက်တယ်.. ပြီးတော့..
" တစ်ကယ်ပဲ.. အဟာရ သိဒ္ဓိ ပြီးမှာပေါ့..နော်.." လို့ မေးလိုက် ရော...
အရူးတစ်ဖြစ်လဲ ဝိဇ္ဇာကြီးက ပြန်ပြောတယ်...
" ငါလည်း...အဲ့တာ သိချင်နေ တာ.." တဲ့..။
( မြန်မာဟာသ)
Credit :
မချိုမချဉ်ဟာသများ

No comments:

Subscribe

လာလည်သူများ

free counters