♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 4, 2015

" မြန်မာကဗျာချစ်သူများအတွက်-ရတု နဲ့ပတ်သတ်တဲ့မှတ်စုလေးပါ "

 
 
ရတု
အခု ဖော်ပြမှာကတော့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ရ တုဟာ လင်္ကာရဲ့ အကိုင်းအခက်တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော်အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခြဲ့ကပါတယ်။
ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊ ဆီးပန်းနီဆရာတော် -တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် - စတဲ့ အရာရှိအရာခံတေ၊ွ ရာဇဓာတုကလျာမင်းသမီး၊ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင်
ပထမမင်းခေါင်၊ ဇင်းမယ်ဘုရင်မင်းမြတ်၊ တောင်ငူဘုရင်မင်းမြတ် (နတ်သျှင်နောင်)၊ ဟံသာဝတီရောက် မင်းတရားကြီး တို့လိုဘုရင်မင်းမြတ်စာဆိုတော်တွေပါ ရှိပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်စာဆိုကတော့ နည်းပါးလှပါတယ်။ရတုစပ်နည်းဟာ အတော်လေး ကျယ်ပြန့်ပါတယ်။ “မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဆင်းသောရေသည် မဟာသမုဒ္ဒရာ၌သာ ပေါင်းဆုံမြဲဖြစ်ကြသကဲ့သို့ စင်စစ်အားဖြင့် ခပ်သိမ်းသော စာစီစာကုံး ရေးထုံးရေးနည်းဟူသမျှတို့သည်၊ မူလအခြေခံကြီးဖြစ်သော ထိုရတုရေးနည်းကို နားလည်လျှင်မည်သည့်အစပ်အဟပ်မျိုးမှာမှခဲယဉ်းဘွယ်မရှိပြီ ...” လို့ ဆရာကြီး သခင်
ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ မိန့်ဆိုထားပါတယ်။ ဒါကြောင့် ရတုကဗျာရဲ့ သဘောလက္ခဏာကိုအကုန်အစင် သိပြီးပြီဆိုရင် ပျို့၊ မော်ကွန်း၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း အကုန်လွယ်ကူနားလည်နိုင်ပါလိမ့်မယ်။ ရတု ရေးနည်း ဥပဒေသတွေကိုလည်း အရင် ကဗျာပုံစံတွေလိုပဲ ဝိဘာဂ အစိတ်အပိုင်း ၈-မျိုးနဲ့ပိုင်းခြားပြပါမယ်။ ဒီလို ပိုင်းခြားမပြခင်မှာ ရတုအကြောင်း၊ ရတုကဗျာတွေရဲ့ နောက်ခံသမိုင်းကို အလျဉ်းသင့်လို့ ဒီနေရာမှာ
ဗဟုသုတအနေနဲ့ မကျဉ်းမကျယ် ရေးသားဖော်ပြပါမယ်။
                                    ရတုဟူသည် ...
မြန်မာစာပေမှာပုဂံခေတ်ကတည်းကရတုကဗျာတွေ ပေါ်ပေါက်နေတယ်လို့လည်းထင်မြင်ယူဆဘွယ်ရှိ
ပါတယ်။ ပုဂံခေတ်မှာပေါ်ပေါက်တဲ့ ရတုတွေကို မျက်ဝါးထင်ထင် မတေ့ရွှိကြရပေမဲ့လည်း ရတုသဘော သက်ဝင်တဲ့လင်္ကာတိုကလေးတွေကိုတွေ့ရှိရတာကြောင့်လည်းကောင်း၊ပုဂံခေတ်ပေါ်ကျောက်စာများတွေ
မှာ ကာရန်အစပ်အဟပ်ညီတဲ့ အဖွဲ့ကလေးများကို တွေ့ရှိတာကြောင့် လည်းကောင်း၊ ဒီထင်မြင်ယူဆချက်တွေဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာ ပြရရင် သက္ကရာဇ် ၅၃၆-ခုနှစ်နရပတိစည်သူမင်းကြီးလက်ထက်မှာ မင်းယဉ်နရသိင်္ခ၏အထိန်းတော် အနန္တသူရိယအမတ်ဟာ မင်းပြစ်မင်းဒဏ် ရာဇသံကြောင့်သေရအံ့ဆဲဆဲမှာ ရေးခဲ့တဲ့  ..."သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ပျက်လင့်ကာသာ၊ဓမ္မတာတည်း"အစချီတဲ့လင်္ကာတိုကလေးရယ်၊အဲဒီခေတ်ကာ
လလောက်ကပဲ ဖဲ့ဆွိုတယ်လို့ ယူဆနိုင်တဲ့ ..."သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ပန်းစကား"
အစရှိတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာရယ်၊ ဒါ့အပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုတယ်လို့ ယူဆအပ်တဲ့ ...
"မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"
အစရှိတဲ့ ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးရယ်မှာ ပဒလေးလုံး၊ ပဒသုံးလုံးနဲ့ အစချီလို့ လေးလုံးစပ် ကာရန်နဲ့ ဖွဲ့ဆိုထားပြီးအချပိုဒ်မှာလည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖဲ့နွဲ့တာကြောင့် လင်္ကာလို့ပဲ ခေါ်ပေမဲ့ တကယ်တော့ ရတုသဘောသက်ဝင်တယ်လို့ ဆိုရပါမယ်။ရတုစစ်စစ်အရေးအသားကို ပုဂံခေတ်နှောင်း၊ ပင်းယခေတ်ဦးလောက်မှာစတင်တွေ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ပင်းယခေတ်သက္ကရာဇ် ၇၀၀-ကျော်လောက်မှာ သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ရေးတဲ့ ...
ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရံွ့ လျက်ပင်၊ စက်ရွှေစင်ကို၊ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ...အစချီတဲ့ ရတုကဗျာအဖဲ့မွှန်လို့ ဆိုအပ်တဲ့ ပိုဒ်စုံရတုကို မြန်မာစာပေနယ်ပယ်မှာ အစောဆုံးတေ့ရွ ပါတယ်။ ပုဂံဆရာတော် (သို့)
ဆူးတွင်းပစ်ဆရာတော် ရှင်နာဂိတ ကို မြတ်စွာဘုရား တရားတော် ပရမတ္ထအရာ အဘိဓမ္မာနည်းများအကြောင်းနှင့် စပ်လျဉ်းပြီးမေးမြန်းရေးသားထားတဲ့ အမေးပုစ္ဆာရတု ဖြစ်ပါတယ်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခ့ပဲါတယ်။တွေ့ရှိရသမျှ ရတုတွေထဲမှာ စတုရင်္ဂဗလအမတ် ရေးတဲ့ ဒီရတုဟာ အစဉ်အလာ အမှတ်အသားအရ လေးလုံးစပ်ကာရန်စနစ်ကို
အသုံးပြုတဲ့ ပထမဆုံးသော ကဗျာလင်္ကာ ဖြစ်ကြောင်း အသိအမှတ် ပြုထားကြပါတယ်။ ရတုပီပီသသ အဟောင်းဆုံးရတုကြီးတစ်ပိုဒ်ပဲ ဖြစ်ပါတယ်။ လောက်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ တခြားရတုအများစုလို မယ်ဘဲ့၊ွ မောင်ဘွဲ့ မဟုတ်ဘဲမြတ်စွာဘုရားရဲ့တရားတော်အကြောင်းနဲ့ စပ်လျဉ်းရေးသားထားတဲ့ ဓမ္မသဘောသက်ဝင်တဲ့ ရတု ဖြစ်ပါတယ်။အင်းဝခေတ်ကနေ အစပြုပြီး ရတုနယ်ပယ်ဟာ ကျယ်ဝန်းလာပါတယ်။ အရေးအသားတွေလည်း တိုးတက်လာပါတယ်။ မယ်ဘဲ့၊ွ
မောင်ဘ့၊ွဲ ကျေးစေရတုတွေ ပေါ်ပေါက်လာ ပါတယ်။ ရတုစာဆို အများအပြား ပေါ်ထွန်းခ့ပဲါတယ်။ အင်းဝဘုရင် ပထမမင်းခေါင်၊စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရခိုင်သူ မိညို ။အင်းဝသူ မိဖြူ၊ ရှင်ထွေးနာသိန် စတဲ့ စာဆိုတွေဟာအင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြပါတယ်။
အင်းဝခေတ်မှာ အရှိန်ရလာတဲ့ ရတုအရေးအသားဟာ တောင်ငူခေတ်မှာ တံခွန်စိုက်တယ်လို့ ဆိုရပါမယ်။ လူပုဂ္ဂိုလ်အများအပြားဖွဲ့ဆိုလာတာမို့ တောင်ငူခေတ်ကို ရတုခေတ်ကြီး လို့လည်း ခေါ်တွင်ပါတယ်။ သက္ကရာဇ် ၉၀၀-ကျော် လောက်မှာရတုနဝဒေးကြီးလို့ ကျော်စောထင်ရှားတဲ့ စစ်ကိုင်း ထောင်သင်းမှူး (ခေါ်) စလင်းလက်ျာ (ခေါ်) ပြည်နဝဒေးကြီးဟာရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးကို စပ်ဆိုဖဲ့နွဲ့ခွ့ ပဲါတယ်။ ရတုအများဆုံး ဖွဲ့နွဲ့ခ့တဲ့ဲ စာဆိုရှင်ပါ။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ-ခန့်
အကြာမှာ ရတုဘုရင် နတ်သျှင်နောင် ပေါ်ခြဲ့ပန်ပါတယ်။ တောင်ငူဘုရင်မင်းမြတ် ဖြစ်တဲ့ နတ်သျှင်နောင်ဟာမြန်မာကဗျာသမိုင်းမှာစံတင်ရလောက်တဲ့ရတုပုဒ်ရေ၆၀-ကျော် ရေးသားဖွဲ့နွဲ့ခဲ့ပါတယ်။ စကားကျစ်လျစ် သိပ်သည်းပြီးလှပပြောင်မြောက်တဲ့ အဖွဲ့တွေနဲ့ မွမ်းမံထားတဲ့ ရတုတွေကြောင့် နတ်သျှင်နောင်ကို ‘‘ရတုဆိုခြင်း၌ သိမ်မွေ့ ၏။ ဂမ္ဘီရဉာဏ်နှင့်ပြည့်စုံ၏’’ဟု ဆိုကြပါတယ်။ နတ်သျှင်နောင်ရဲ့ ရတုတွေဟာ စာဆိုတွေရေးဖွဲ့သမျှ ရတုတွေထဲမှာ အကောင်းဆုံးလို့
အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် အဟောင်းဆုံး ရတုဆရာ ဟာ စတုရင်္ဂဗလအမတ်၊ အကောင်းဆုံး ရတုဆရာဟာနတ်သျှင်နောင်၊ အများဆုံး ရတု ဆရာဟာ နဝဒေး လို့ ဆိုပါတယ။် တောင်ငူခေတ်ရဲ့ ထင်ရှားတဲ့ တခြားရတုစာဆိုတွေကတော့
လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ပါတယ်။
ညောင်ရမ်း ခေတ်မှာတော့ တောင်ငူခေတ်လောက် ရတုတံခွန်မစိုက်ပေမဲ့ ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသောရတုစာဆိုတွေ ရှိသေးတ့အဲ တွက် ရတုအရေးအသား မပြတ်လပ်ခ့ပဲါဘူး။ ညောင်ရမ်း ၁၀-ဆက်မြောက် ဟံသာဝတီရောက်မင်းတရားကြီး ဟာ အင်းဝပျက်ပြီး ဟံသာဝတီမှာနေရတုန်း နတ်ရွာစံခါနီးမှာ ‘ပုဂ္ဂိုလ်ခြောက်မည်’ အစချီ သုံးချက်ညီ သံဝေဂပိုဒ်ရတုကို ရေးသားတော်မူခ့ပဲါတယ်။
ညောင်ရမ်းခေတ်အပြီး ကုန်းဘောင်ခေတ်မှာလည်း ရတုတွေ ဆက်လက်ရေးဖွဲ့ခြဲ့ကပြန်ပါတယ်။ “မဲဇာတောင်ခြေ” အစချီတဲ့လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ပိုဒ်စုံရတုဟာ အခုထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ရတုစာဆိုတွေ ကတော့ လက်ဝဲသုန္ဒရဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဥ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊
ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
            **အခုဆက်လက်ပြီး ရတု ရေးနည်း ဥပဒေသတွေအကြောင်း ဝိဘာဂအစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားဖော်ပြပါမယ်။
                                     (ရတု ရေးနည်း ဥပဒေသများ)
                                      (၁) အမည်အားဖြင့်
ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် …
(က) သဘင်၊ အခမ်းအနား၊ အခြေအနေ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မြန်မာပေါရာဏ (ရှေးစကား) စကားလုံး
(ခ) အခါရာသီ၊ ရာသီဥတု ဆိုတ့အဲ နက်ကိုဖော်ပြတဲ့ သက္ကဋဘာသာစကားလုံးဖြစ်တဲ့ ‘ရိတု’ ဆိုတ့စဲ ကားက ရွေ့လျောလာတဲ့စကားလုံး၊ (ပါဠိဘာသာအနေနဲ့ ‘ဥတု’ လို့ခေါ်ပါတယ်)
(ဂ) ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ လို့ အနက်အဓိပ္ပာယ်ရတဲ့ စကားလုံး (ဥပမာ - မဲဇာတောင်ခြေ-ရတု)စသဖြင့် ၃-မျိုးရှိပါတယ်။
တချို့ကလည်း ‘ရတိံ၊ ဇနေတီတိ၊ ရတု’၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ လို့
ဝိဂြိုဟ်ပြုခဲ့ကြပါသေးတယ်။ဒီလို ရတု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ၃-မျိုးကို ဥပမာ အနေနဲ့ ကောက်နုတ်ဖော်ပြထားတာတွေကို အနည်းအကျဉ်းတင်ပြပါ့မယ် ...
***(က) ‘သဘင်၊ အခမ်းအနား၊ အခြေအနေ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်း‘ရတု’ဖြင့်၊ ရွယ်နုထွားမွတ် ... ။ (ဇယဒိသပျို့)
• ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ‘ရတု’သဘင်၊ ပဉ္စင်တူရိယာ ... ။ (စမ္ပေယျပျို့)
• မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေ ‘ရတု’ ဝယ်၊ ပြည်သူ့ဦးခေါင်း ... ။ (မဟာဝီရချီ - ကျေးသားခန်း)
• သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင် ‘ရတု’၊ မင်းမှုပိုက်ဖြား ... ။ (သခင်ကြီး ဧးချင်း)
• စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်း ‘ရတု’ ဖြင့်၊ မင်းမှုမင်းလျှောက် ... ။ (ဇနကပျို့)
                          ဒီနေရာမှာ ဗဟုသုတအနေနဲ့ ပြောရရင် ....
• အများနဲ့ စပ်ဆိုင်တဲ့ အဖွဲ့မျိုးဟာ ‘သဘင်’၊
• အများနဲ့မစပ်ဆိုင်ဘဲ တဦး တယောက် အတွက်ပဲ စပ်ဆိုထားတာဆိုရင် ‘အခမ်းအနား’၊
• ပကတိဖြစ်ထွန်းတဲ့ သဘာဝဓမ္မ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေတွေကို ပြရင် ‘အခြေအနေ’ ...
ဆိုတဲ့ သဘောသက်ရောက်ကြောင်း ယူဆကြပါတယ်။ ရွှေရတု၊ ငွေရတု၊ စိန်ရတု စတဲ့ အခမ်းအနားကို ခေါ်ဝေါ်ကြပုမျိုံးပါ။
ရှေးဟောင်း မြန်မာဘာသာစကားသုံး သက်သက်မျှသာ ဖြစ်ပါတယ်။
(ခ) ‘အခါရာသီ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတေကွ တော့ ....
• သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ‘ရတု’ ခြောက်လီ၊ ရာသီသာစွာ့၊ ဆ့နှဲစ်လတငွ် ... ။ (ဣတိသိင်္ဂပျို့)
• မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေ ‘ရတု’၊ ညီသမှုဖြင့်၊ တောင်သူ့တောသား ... ။ (ဂုတ္တိလပျို့)
• နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ‘ရတု’သစ်ဆင်း ... ။ (စစ်ကိုင်းမင်း - မျိုးတော်ရတု)
• နယုံတွယ်တာ၊ နံကာပန်းလု၊ ‘ရတု’သစ်ဆင်း၊ တော်သလင်းလျှင် ... ။ (နဝဒေးဆို - ဟံသာဝတီဖွဲ့ရတု)
• ‘ရတု’ခြောက်မည်၊ အတည်တည်၊ မည်သို့ခွဲချမ်းပေလိမ့်နည်း။ (စွယ်စုံကျော်ထင် - ညသတ်)
• ဂိမန္တဟု၊ သာလှပျော်မှု၊ သည် ‘ရတု’ ၌၊ ညွန့်နုဆဲဆဲ ... ။ (ဂါထာ ၆၀-ပျို့)
• သုံးလီဥတု၊ လက်ဝယ်လုသား၊ ‘ရတု’သာစွာ့၊ လမဏ္ဍလင်၊ သဘင်ဂိမှန် ... ။ (ကပ္ပီလဝတ်ကြွခန်း - တောလားရတု)
တစ်နှစ်မှာ နွေမိုးဆောင်း သုံးရာသီရှိသလို ရတုမှာလည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိပါတယ်။ အကြောင်းအရာအားဖြင့် ရာသီဘွဲ့တွေကို အထူးဖွဲ့ဆိုခြဲ့ကတာလည်း ရှိပါတယ်။
(ဂ) ‘ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်း ‘ရတု’၊ ပျော်မှုတသီး ... ။ (သံဝရပျို့)
• တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာ ‘ရတု’၊ ရေးသားမှုနှင့် ... ။ (ရှင်မဟာရဋ္ဌသာရဆို -
ကိုယ်ရည်သွေးရတု)
• သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ ... ။ (နန်းတွင်းသူ မယ်ဖြူဆို -
ကိုယ်ရည်သွေးရတု)
• ဝှန်တက်ပညာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့် ... ။ (နန်းတွင်းသူ မယ်ညိုဆို -
ကိုယ်ရည်သွေးရတု)
• ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား ... ။ (မာန်လည်ဆရာတော်ရေး ရတုချီနည်းချနည်းလင်္ကာ)
စသဖြင့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို ‘ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု’ ရယ်လို့ဝိဂြိုဟ်ပြုသူက ပြုကြပါတယ်။ အနက်ကတော့ ... သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ ... လို့ အနက်ပြန်ထားပါတယ်။အဓိက ဆိုလိုချင်တာကတော့ ရတု ဆိုတဲ့ စကားလုံးကို အ ဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပြီး သုံးစွဲလေ့ရှိတယ်၊သုံးစွဲနိုင်တယ်ဆိုတာပါပဲ။ ရတု လို့တွေ့ရတိုင်း ကဗျာပဲ လို့ မပြောနိုင်ပါဘူး။ တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးနိုင်ပါတယ်။“ရိုးသားလှသော အမျိုးသမီး” လို့ အဓိပ္ပာယ်ရတဲ့ “ရတူ” ဆိုတဲ့ ပါဠိဘာသာကနေ ရတု-ဖြစ်လာတယ် လို့လည်း မှတ်သားဖူးပါတယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ် စတဲ့ ကဗျာတွေလို အချိုးအဆစ် အက္ခရာလုံးရေအားဖြင့် အဆန်းတကြယ် ဖွဲ့နွဲ့စီကုံးခြင်း
မဟုတ်ဘဲ အချိုး မဖက် ၄-လုံးစပ် ရိုးသားတဲ့ မိန်းမပျိုလေးလို ရိုးရိုးကလေးစီကုံးတဲ့ အဖွဲ့အနွဲ့ဟာ ရတုမည်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ရတုသွားတွေကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။
မြန်မာမှုမှာ ဥတု ၃-ပါး၊ ဥတု ၆-ပါးကို ရတု ၃-ပါး၊ ရတု ၆-ပါးလို့ ဆိုလေ့ရှိသလို၊ အနံ့ကို ရနံ့ ဆိုပြီး ပြောဆိုသလိုရတုဆိုတာဟာလည်း အတုနှင့် အတူတူပဲဖြစ်တယ်။ ‘အတု’ ဆိုတဲ့ မြန်မာစကားမှာ ‘အ’ နေရာမှာ ‘ရ’ ကိုသွင်းပြီး ရတုဖြစ်လာတယ်လို့လည်း ဆိုသင့်ကြောင်း ပြောကြပါတယ်။ ဒါ့အပြင် ရတုကို မြန်မာဝေါဟာရအနေနဲ့ စဉ်းစားကြသူတွေကတော့ရတု ဆိုတာ ရ နှင့် တုကို ပေါင်းထားတာဖြစ်လို့ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုတဲ့ ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။
ရကန်-ဆိုတဲ့ကဗျာလင်္ကာစီကုံးရာမှာတပါးသူတို့ရဲ့စာသွားစာလာကိုကန်ကျောက်တွန်းလှန်ပြီး ရေးစပ်ရ
တယ်လို့ဆိုပါတယ်။ ရတု ကတော့ ဒီလိုမဟုတ်ဘဲ ရှေးသူဟောင်းတွေရဲ့ စာသွားစာလာကို အတုယူပြီး စီကုံးဖွဲ့နွဲ့ကြရပါတယ်။ရှေးပုဒ်အချီအချကို နောက်ပုဒ်က အတုလိုက်ပြီး ချီရ-ချရပါတယ်။ ဒါကြောင့် အတုအပ အပြိုင်အဆိုင် စပ်ဆိုတဲ့ ကဗျာတမျိုး၊အတုယူကာ အတုပြုကာ ဖွဲ့ဆိုရတဲ့ အဖွဲ့ကို ရတု-လို့ ဆိုလိုပါတယ်။

                                            (၂) အမျိုးအစားအားဖြင့်
ရတုဟာ ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့ မတူဘဲ စည်းကမ်းကြီးတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရတုအမျိုးအစားတွေကို
ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေအထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့်
အပိုဒ်ရေအရ ခွဲခြားပြီးပြောပါတယ်။
ဒီလိုခွဲခြားတ့အဲ ခါ ...
(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။ နောက်ပိုင်းမှာ အသေးစိတ်
ဆက်လက် ဖော်ပြပါမယ်။
အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...
(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး ထပ်ခွဲပါတယ်။ရေးဖွဲ့တ့အဲ ကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရားကနေစပြီးပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေတင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊
ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတ့ရဲ တုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီးပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာမက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတေအွ ပြင်
ရာသီဥတုနဲ့ ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတောရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့တောလားရတု၊ ရေလားရတု စတာတွေအပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊
အလိုက်ရတု၊ သျှိုးလိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့်အတိအကျသတ်မှတလို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာအသေးစိတ် ဖော်ပြပါမယ်။

                                                   (၃) ပိုဒ်ရေအားဖြင့်
တကယ်တော့ ရတုဟာ လကာင်္ ကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲဖြစ်ပေမဲ့ လကာင်္ လို မဟုတ်ဘဲ ဖွဲ့ဆိုရာမှာ စည်းစံနစ်ရှိပါတယ။် လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖဲ့နွိုင်သလို အဖျားချမှာလည်း စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာတော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖဲ့စွ ပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ်ဘယ်လောက်ထက်သန်တဲ့ သူပဲဖြစ်စေ၊ ရတုကို သုံးပိုဒ်ထက် ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်း
များသောအားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေသုံးပိုဒ်မကအများကြီးဖွဲ့ ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ် အပါအဝင် ပဒ (အပိုဒ်ငယ်)အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အထိ ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။
အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ (၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေအများဆုံး ၃၅-လုံးအထိ အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန်နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။
                                                (၄) အချီအချအားဖြင့်
ရတု ချီနည်း ချနည်းတွေက အမျိုးမျိုး ရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။ ပထမဆုံးကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ ...
                                             (၁) ထူးဆန်းထွေလာ
                                             (၂) ညွန့်ရှင်
                                             (၃) ပေါက်ပြ
                                             (၄) ငုံဖူး
                                             (၅) ပုလဲသွယ်
                                             (၆) လည်ကုပ်ချီ
                                             (၇) အဖျားကောက်
                                            (၈) ရွှေလောင်းပျံ
                                            (၉) သော်တာရောင်
                                           (၁၀) ကက္ကူဆူးချီဆူးချ
                                           (၁၁) နေရောင်ခြည်ပြေ
                                           (၁၂) ဖျောက်ဆိပ်လလယ်
                                           (၁၃) ညွန့်ဟုံ
                                           (၁၄) ခိုင်ညွန့်ခက်ဖြာ
                                          (၁၅) မဏိဆံကျင်
                                          (၁၆) အာသာဝတီဝစ္ဆံ
                                          (၁၇) မဏိဦးပြည်း
                                          (၁၈) ဇော်တခိုင်လုံး
                                          (၁၉) မပြတ်ကေသာ
                                          (၂၀) ဇမ္ဗူ့သပြေသီးမှည့်
                                          (၂၁) ချိန်ခွင်လျှာ
                                          (၂၂) ဘီလူးရယ်
                                          (၂၃) စာကျိုး
                                          (၂၄) စာဆန်း
                                          (၂၅) စာတုံး ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခရာလုံးရေအရသတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး ချတဲ့ အာသာဝတီဝစံ၊္ဆ ၁၅-လုံးချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု၇-မျိုးတွေ့ရပါတယ်။
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...
                      (၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
                      (၃) အာသာဝတီဝတ်ဆံ
                      (၄) မဏိဥပည်း
                      (၅) ဇော်တခိုင်လုံး
                      (၆) မပြတ်ကေသာ
                      (၇) ဇမ္ဗူ့သပြေသီးမှည့်
                      (၈) ထူးဆန်းထွေလာ
                      (၉) ညွန့်ရှင်
                      (၁၀) ပေါက်ပြ
                      (၁၁) ငုံဖူး
                      (၁၂) ပုလဲသွယ်
                      (၁၃) လည်ကုပ်ချီ
                      (၁၄) အဖျားကောက်
                     (၁၅) ရွှေလောင်းပျံ
                     (၁၆) သော်တာရောင်
                     (၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
                     (၁၈) နေရောင်ခြည်ပြေး
                     (၁၉) ဖျောက်ဆိပ်လလယ်
                     (၂၀) ညွန့်ဟုံ
                     (၂၁) ချိန်ခွင်ညှာ
                      (၂၂) ဘီလူးရယ်
                      (၂၃) စာကျိုး
                       (၂၄) စာတုံး
                       (၂၅) စာဆန်း
                         (၂၆) အစပြတ် -
                      (၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
                        (၂၈) မြင်းဆက်ခွ
                       (၂၉) မြင်းဆက်ခွန့်
                        (၃၀) ပွဲ့ကဆီ
                        (၃၁) ဝမ်းပိုဒ်ကြီး
                        (၃၂) လည်တို
                       (၃၃) ညွန့်တက်
                       (၃၄) ညွန့်လန်း
                        (၃၅) ညွန့်တုံး
                        (၃၆ ပိုဒ်စုံစကြာ
                       (၃၇) ကိုယ်တွင်းပြည့်
                       (၃၈) စာဖြတ်
                        (၃၉) စာရိ
                        (၄၀) ထောင့်တဲတွန့်
                         (၄၁) သုံးလွန်းတင် ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁) အထိ ၁၆-မျိုး ပိုတာကိုတွေ့ရပါတယ်။ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။ ။ ညွန့်ရှင် - မူကား၊ ထူတမ်းခွန်ဆင့်၊
စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှမျှတည့်။ ။ ထိုမှတထူး၊ ငုံဖူးနှိုက်ကား၊၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။ သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊
ဟုချတပြီး၊ စာထင်းမီးနှင့်၊ တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊တခုခုဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက်နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊ သတ်ရွေ့ချလော့။ ။ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ
ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံးနောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆ့ငဲါး။ ။ ပိုင်းခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ဘီလူးရယ်မူ၊ တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-
အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်းတည့်။ ။ စာဆန်းမှာသော်၊လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊ ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။
ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
                                       (ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)
စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...
စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်ကို၊ ပေါက်ပြ ဆိုရှင့်၊ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊ က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်း၊ထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ်
ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊ ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊စာစပ်ရေးကား၊ လေဝဂါဒိ၊ အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊
အဖျားကောက် ချီ၊ တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊
အသတ်မညီ၊ အချီမမျှ၊ ရှိကအထူး၊ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။ ။
ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခ့ပဲါတယ် ...
မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်
(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊ မတူချီချ၊ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအက့၊ဲ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊ င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊
အမြဲသိလော့၊ သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မ့တဲုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သမုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊
အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊ မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊ လင်္ကာချဉ်းသည်။ ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။ ။
(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်တမူ၊ သတ်တူသံတူ၊ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊ ဧကဒွယာ၊ အကြားပါလတ်၊ သတ်မ့အဲ က္ခရာ၊
ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ပဉ္စဝီ ကား၊ တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမလာတည့်၊
နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။ ။ မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။
ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညနွ့်မဲ့ နဲ့ ထင်းမီးစ ကအတူတူပါပဲ။
ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တ့အဲ ခါ ကျမ်းတွေမှာပါတ့နဲ ည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့် အမျိုးမျိုးရှိပေမဲ့
၁) လုံးရေ အရ
၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး အဓိက အားဖြင့်တော့ (၂)မျိုးပဲ ရှိပါတယ် … တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲများပြီး တခြားချနည်း
ဒီတော့ နည်းနည်း အသေးစိတ် ထပ်ကြည့်ပါမယ်။
                                       (  ချီနည်းများ)
ရတုချီနည်းတွေက သိပ်မများလှပါဘူး။ လုံးရေအလိုက် ကြည့်မယ်ဆိုရင်၃-လုံးချီ
တွေ့ရခဲပါတယ်။ “မှားခြဲ့ပီ - သွားတ့ဆဲီ - အားနွဲ့ မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုးပါ။
၎-လုံးချီအသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး မဲဇာတောင်ခြေရတုမှာချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။၅-လုံးချီတွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ ချီထားပါတယ်။၇-လုံးချီဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေမှာတော့သက်တော်ရနဲ့ စတ့ဘဲုရားတိုင်ရတုမှာ .... “သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲးဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မေ”ွရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ .... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတော နှင့် ကျိုက်ပေါမွေ - မဟာနော နှင့်
သက္ကောမွေ”ကျိုက်ပတံနဲ့ စတ့ဘဲုရားတိုင်ရတုမှာ .... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ - ကျိုက်မောင်းမ နှင့်ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည် - တမ်းဘိသည်လည်းတမ်းဘိသည်” ...
ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
ဒီ ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။
                                         ( ချနည်းများ  )
လုံးရေအလိုက်ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။
***၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။ နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီမယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။” ဆိုပြီးသုံးလုံးချထားတာကို တွေ့ရပါတယ်။
***၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတ့အဲ ခါ “နေလျှင် - ဆွေးရ၏။ ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံးချနိုင်ကြောင်း ညွှန်ပြထားပါတယ်။
***၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး ချနည်းဖြစ်ပါတယ်။“ခုနစ်လုံးမှတ်၊ချတုံလတ်၊ခိုင်ညွတ်ခက်ဖြာခေါ်။”လို့ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
 ပြထားပါတယ်။
***၈-လုံးချ
ဒီနည်းကိုဇမ္ဗူ့တန်ဆောင်လို့ ခေါ်ကြောင်းကဗျာဖွဲ့နည်းနိသျည်းစာအုပ်မှာ ဖော်ပြထားပါတယ်။
 ရှေးကျမ်းတွေမှာတော့မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချတယ်လို့ ဥပမာ ပြထားပါတယ်။
***၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။” လို့
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။ “ပူဆာလွန်ကဲ၊တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလကာင်္ သစ်၊ ပိုဒ်ရေ-၁၂၂ မှာ မန်လည်ဆရာတော်ကြီးချထားတာ တွေ့နိုင်ပါတယ်။
***၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့်ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။
***၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားတာတွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။
နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမဝန်းစေသောဝ်။ထက်ခွင်ဝန်းလည် လေပြည်စမယွန်းစေသောဝ်။ ကောင်းကင်ထွေလည်
 မြရည်ချမ ဖြန်းစေသောဝ်။”ရယ်လို့၁၁လုံးနဲ့ချထားတာတွေ့ရပါတယ်။ဒီချနည်းကိုနဝဒေးကြီးရဲ့တခြား
ရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။” လို့ ၁၂-လုံးနဲ့
ချထားတာ တွေ့နိုင်ပါတယ်။
***၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊
ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့သည်။” လို့တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁ မှာလည်းမန်လည်ဆရာတော်က “နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။
***၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ... “စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်စောင်ကြုံးမို့ကို။” ရယ်လို့အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။
***၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတ့နဲ ည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါတယ်။
***၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူတိမ်ဖျား၊ငှက်ခြေကြား၌၊လိုက်သွားပါရှာရ၏လေး။”လို့မန်လည်ဆရာတြော်ကီး ရေးဖွဲ့ခဲ့တာ
 တွေ့ရပါတယ်။
***၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်းမှာ ဆိုထားပါတယ်။
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ရတုတော့ ရှာလို့မတွေ့သေးပါဘူး။
***၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်းမတော်၊ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော် ရေးဖွဲ့ထားတာအရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါတယ်။ သည့်ထက်ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို
(မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊ သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ၂၅-လုံးချတာကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့
ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေကျမ်းလာ၊လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာမန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလန်ွတွေ့ရခဲတ့၊ဲ အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။
                                       (အက္ခရာ အသတ် အလိုက်)
အက္ခရာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေလည်းရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။
ထူးဆန်းထွေလာပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်းနည်း ကွဲလွဲပြီး ချထားတာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီကိုးရာ …. ဦးထက်ဆင်ရ သည်ဘုရား။
ဗောဓိမျိုးလျာ …. ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ...မတ်များတင်ကြ သည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးကရေးဖွဲ့ထားပါတယ်။
ညွန့်ရှင်..အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေးတည်း။ ဆိုပြီး ချထားတာမျိုးပါ။
ပေါက်ပြ
ဆက်ရေးရန် ....
                                     ((၅) အက္ခရာလုံးရေ အားဖြင့်)
ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတ့အဲ နက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ အက္ခရာ ၄-လုံးစီ အ တိအကျထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။ မပေါ်လွငတ့်ဲ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တ့အဲ ခါမှာ အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး အ နေနဲ့ ရေတွက်ရပါတယ်။
                  ချွင်းချက်အနေနဲ့ အချီပိုဒ်မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့အလွန်တွေ့ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံးနဲ့ပဲ
                                     (၆) အစပ်ကာရန်အားဖြင့်
အစပ်ကာရန်အနေနဲ့ ဆိုရင် အစပ် ၆-ပါး ရှိတ့အဲ နက် (‘၄-၃-၂’ လို့ခေါ်တ့)ဲ သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာအကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။ ဒါပေမဲ့ တခြား စပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား(၃) - အစပ်၊ အဟပ် မှာ အစပ် (၆)ပါးအကြောင်းကို
အသေးစိတ် ပြန်ကြည့်နိုင် ပါတယ်။
                                    (၇) လေပြင်းလေလျော့ (ဂရု၊လဟု) အားဖြင့်
ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တေကွို ရေးစပ်သီကုံးတ့ေဲ နရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတ့ေဲ နရာမှာဖြစ်ဖြစ်၊ လေပြင်း လေလျော့(အသံ) ဟာ အ လွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ (ဂီတရဲ့ Rhythm နဲ့ ကဗျာရဲ့ Rhythm မတူပါဘူး)။ ကာရန်ထက်တောင် ပိုပြီးအရေးကြီးပါတယ်။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေတာကို တွေ့ရပါလိမ့်မယ်။
လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ေ လလျော့သံအက္ခရာ(ဂရုသံ) တို့ကိုသာ ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း လေလျော့လိုသာ (အသံမဖြတ်ဘဲ၊မချဘဲ) သီဆိုရပါမယ်။
စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ (လဟုသံ) တို့ကိုသာ ထားရှိရပါမယ်။လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊ ချပြီး) သီဆိုရပါမယ်။
        ဥပမာ ..
မဲဇာတောင် ခြေ၊ (လျော့)
စီးတွေတွေ တည့်၊ (ပြင်း)
မြစ်ရေဝန်း လည်၊ (လျော့)
မြိုင်တောစည် က၊ (ပြင်း)
ရွှေပြည်ကို သာ၊ (လျော့)
စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင်အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတ့အဲ ခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရတုတိုင်းကတော့ ဒီလိုအတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ အရေးကြီးတ့အဲ ချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်ဆိုတ့အဲ ခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေတင်သာမက ယူထားတဲ့ ကာရန်တွေကိုလည်းအဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါတယ်။
                                    (၈) အပြစ်ဒေါသအားဖြင့်
ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွါထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ဆိုထားပါတယ်။ဝက်နင်းဆိုတာက … ဥပမာ ဆိုရင်
                  နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ စပ်ဆိုထားတာမျိုးဟာဝက်နင်းဒေါသ သင့်ပါတယ်။
                   ခွါထောက်ဆိုတာကတော့ …
နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။
ဒီမှာတော့ တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွါထောက် ဒေါသသင့် ပါတယ်။
ဒီလို ၀က်နင်းနဲ့ ခွါထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။
ဆိုခြဲ့ပီးတဲ့ (၈) ပါးကို အောက်ပါအတိုင်း ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။
နန္ဒမေဓာ၊ ထေရ်ဆရာက၊
သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
အပြီးပုံသေ၊ စပ်မြဲပေတည့်၊
သို့လေတမင့်၊ ဆင်မသင့်၍၊
အခွင့်မသာ၊ ယင်းအခါ၌၊
ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
လေးပေါ့သံသာ၊ စီကုံးရှာသည်၊
ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။ … ။
ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး အက္ခရာလေးလုံး ဆိုတဲ့ စာပိုဒ်မှာ ၅-လုံးဖြစ်နေတာကို တွေ့ရပါမယ်။ ဒီနေရာမှာ အက္ခရာ = အက်ခရာ ဆိုတဲ့ စကားလုံးကို ၃-လုံးအနေနဲ့ မယူဘဲ ခ-သံကမထင်ရှားထာကြောင့် … အက် (၁) + ခရာ (၁) = ၂-လုံး အနေနဲ့သာယူရပါ မယ်။
                             *** ဦးဟယ်ရီလင်း  ရဲ့ရှင်းလင်းပြချက်များဖြစ်ပါတယ်..။
(များတော့များတယ် ...ဖေ့ဘုတ် မက်ဆေ့ခ်ျကနေ အစ်ကိုတစ်ယောက်ပို့ပေးတဲ့အချက်အလက်များ
ဖြစ်ပါတယ်..ရတုအကြောင်းစုံစုံလင်လင်သိချင်သူများအတွက်ပြန်လည်တင်ပြပေးထားပါကြောင်း...)
                     ကိုမင်းကြည်ညိုကို ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါသည်။
Credit : yatuthit.blogspot

No comments:

Subscribe

လာလည်သူများ

free counters