♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 1, 2015

" ကမ္ဘာ့ပထမဆုံး အရည်မပျော်တဲ့ ice cream ရေခဲမုန့် "

ကမ္ဘာ့ပထမဆုံးအရည်မပျော်တဲ့ ရေခဲမုန့်ထွက်ပေါ်လာပါပြီ။အနောက်တိုင်းဒေသ တွေအတွက်တော့ နွေရာသီမှာ စားသုံး ဖို့ အဆင်ပြေသွားတဲ့ ရေခဲမုန့် ပဲ ဖြစ်ပါတယ်။

ထို အရည်မပျော်တဲ့ ရေခဲမုန့် တွေကို ၀ယ်ယူစားသုံးဖို့ Alton Towers အမှတ်တံဆိပ် ရေခဲမုန့် ရောင်းတဲ့ကား တွေမှာ ပထမ ဆုံး လာရောင်တန်းစီ သူ အယောက် ၅၀ ကိုလည်း တစ်ခုစီ အခမဲ့ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Alton Towers Resort က ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု တစ်ခုအရ ဗြိတိန် နိုင်ငံမှာ ရှိတဲ့ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ ရေခဲမုန့် တစ်ခု စားသုံးတဲ့အခါ ကုန်သွားအောင် စားလို့ မရကြပါဘူး။
 နွေရာသီရဲ့ အပူချိန် မြင့်တက်နေမှုဟာ ရေခဲမုန့်ကို ချက်ချင်းဆိုသလို အရည်ပျော်သွားစေခဲ့တာကို
သိခဲ့ရပါတယ်။

ဗြိတိန် နိုင်ငံသား တွေကို ဗြိတိန် နွေရာသီနဲ့ ပတ်သက်ပြီး စိတ်အပျက်ဆုံး အရာ တစ်ခုကို စစ်တမ်းကောက်ယူမေးမြန်းခဲ့တဲ့အခါမှာလည်း ရေခဲမုန့်တွေ အရည်ပျော် မှု ဟာ စိတ်ပျက်စရာ အကောင်းဆုံး ဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။



Alton Towers Resort က ရေခဲမုန့် ရောင်းချတဲ့ ဗင်ကားကနေ တစ်ဆင့် အသစ်တစ်မျိုးဖြစ်ပြီး သာမန် ရေခဲမုန့်တွေထက် အဆင့်မြင့်တဲ့ 99 flake ရေခဲမုန့်တွေကို စတင်ရောင်းချလိုက်တဲ့နောက်မှာ အားလပ်ရက် အပန်းဖြေဖို့လာရောက်တဲ့ မိသားစုတွေအတွက် ရေခဲမုန့် တစ်ခုလုံးကို အရသာ မပျက် စေပဲ လက်ချောင်းတွေမှာ လည်းစေးကပ် ခြင်းမရှိတော့အောင် ဖန်တီးပေးလိုက်ပါတယ်။

ထို အရည်မပျော်တဲ့ ရေခဲမုန့်တွေဟာ "innovation kitchen" ဆိုတဲ့ ကျွမ်းကျင် စားဖိုမှုး အဖွဲ့ဟာ ရေခဲမုန့်တွေ ရဲ့ ပါးလွှာတဲ့ ကိုယ်ထည် အနေအထားကြောင့် အပူချိန်ကို ကြာရှည်မခံနိုင်ဘူးဆိုတာကို သတိထားမိခဲ့ပြီး Heston Bllmenthal လို့ ခေါ်တဲ့ အရသာ တစ်မျိုး ရဲ့ အစွမ်းသတ္တိ အသုံးပြုပြီး ကြာရှည်ခံအောင် ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ထို အရည်မပျော်တဲ့ ရေခဲမုန့်ကိုတော့ ဗနီလာ အရသာ နဲ့ နာမည်ကြီး Flake တွေ ထည့်သွင်းကား ကတော့ နဲ့ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

Credit : Mario - သစ်ထူးလွင်
Ref : Mirror
Credit :  http://www.lwinpyin.com/2015/08/blog-post_143.html?m=1

No comments:

Subscribe

လာလည်သူများ

free counters