♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 1, 2015

" မိန်းကလေး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံး ပုံစံ"

 
အသေးစိတ်ကျကျ စီစဉ်ထားတဲ့ ရင်ခုန်ဖွယ်ရာ လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်လမ်းတွေကို ကြားဖူး၊ဖတ်ဖူး ကြမှာပေါ့။ ရဟတ်ယာဉ်ပေါ်မှာ လက်ထပ်ခွင့်တောင်းတာ၊ လေယာဉ်မီးခိုးတန်းနဲ့ စာတန်းဖော်ပြီး လက်ထပ်ခွင့်တောင်းတာ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း မိန်းကလေးတွေ လိုချင်တာ ဘယ်လိုမျိုး ဖြစ်မလဲ။

ကြင်စဇနီးမောင်နှံအတွဲ ၄၀၀ ကို သူတို့ မျှော်လင့်တဲ့ စိတ်ယူးယဉ်လက်ထပ်ခွင့်တောင်းတဲ့ပုံစံ၊ တကယ်တောင်းခဲ့တဲ့ ပုံစံနဲ့ ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာစစ်တမ်းကောက်ယူခဲ့ရာမှာ အောက်ပါအဖြေ ထွက်လာခဲ့ပါတယ်။လူသိထင်ရှား လက်ထပ်ခွင့်တောင်းတာမျိုးက အကောင်းဆုံးစံပြပုံစံမျိုး မဟုတ်ဘဲ  စုံတွဲ ၆၉ ရာခိုင်နှုန်းဟာ နှစ်ကိုယ်ကြား သီးသန့် လက်ထပ်ခွင့်တောင်းမှုကို ပိုမိုနှစ်သက် လိုလားကြတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် တကယ်တမ်း လက်ထပ်ခွင့်တောင်းမှုဟာလည်း မျှော်လင့်ထားသလောက် စိတ်ကူးယဉ်မဆန်ပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
 နောက်ထပ်တွေ့ ရှိချက်အရ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးအချိန်က ညနေခင်းနဲ့ နေ၀င်ရီတရော အချိန်လေးမှာ ဖြစ်ပြီး
အသင့်တော်ဆုံးနေရာက ပင်လယ်ကမ်းခြေ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် က ပြုလုပ်ခဲ့တဲ့ လေ့လာစစ်တမ်းတစ်ခုမှာ လူသုံးပုံတစ်ပုံဟာ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးရက်က ခရစ်စမတ်အကြိုနေ့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်တစ်နှစ်ရဲ့ စိတ်ကူးယဉ်အဆန်ဆုံးရက်တွေဖြစ်တဲ့ ချစ်သူများနေ့ နဲ့ နှစ်သစ်ကူးအကြိုနေ့ တို့ ကလည်း အကောင်းဆုံးရက်တွေဖြစ်ပါတယ်။
Ref: yourtango

Credit : http://www.trend.com.mm/2015/08/31/relationships-7537

No comments:

Subscribe

လာလည်သူများ

free counters