♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 4, 2015

" မောင်က "မ"ဖြစ်.. မက "မောင်"ဖြစ်သွားကြတဲ့ ချစ်စရာကောင်းသော သဘာဝလွန် ချစ်သူနှစ်တို့အကြောင်း တစေ့တစောင်း "

 ဘယ်လိုပြောပြော မယုံနိုင်ပေါင်ကွယ်....
အသက် ၁၈ နှစ်အရွယ် Katie ဆို တဲ့ မိန်းက လေးနဲ့ သူရဲ့ ချစ်သူ ရည်းစား Arin (အသက် ၁၆ နှစ်) ဟာ လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေဖြစ် ကြပြီး သူတို့ နှစ်ဦးဟာ အိုကလာ ဟိုးမား ပြည်နယ်မှ လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေကို အ ထောက်အ ပံ့ပေးတဲ့ အဖွဲ့အစည်းမှာ ဆုံတွေ့ ကြရာမှ ချစ်သူတွေ ဖြစ်သွား ကြပါ တယ်။ နှစ်ယောက် စလုံးဟာ လိင် အင်္ဂါ ပြောင်းလဲဖို့ အတွက် ဟော်မုန်းနဲ့ ကုသ ထားသူ တွေဖြစ်ပြီး ကေတီဟာ သူ့အသက် ၁၈ နှစ် ပြည့်ပြီး ပြီးချင်းမှာ လိင် အင်္ဂါ ပြောင်း လဲဖို့ အတွက် ခွဲစိတ်ပြုပြင် ခဲ့ပါတယ်။




အသက် ၁၈ နှစ်အရွယ် ကေတီဟာ မွေးတုန်းက ရေတပ် စစ်ဗိုလ် တစ်ယောက် ရဲ့သား Luke ဖြစ်နေပြီး ယောက်ျား ဘဝနဲ့ ၁၅ နှစ် တိုင်တိုင် နေခဲ့ပါ တယ်။ သူ ဟာ သုံးနှစ် အရွယ် ကတည်းက မိန်းကလေး ဖြစ်ချင် နေပြီး အရုပ် နဲ့ပဲ ဆော့ ကစားချင် သူဖြစ် တယ်လို့ ဆိုပါတယ်။သူ၏ ယောင်္ကျား ကိုယ်ကို မုန်းတီးနေ သူလည်း ဖြစ်ပါတယ်။ အထက်တန်း ကျောင်းပြီး သွားတဲ့ ကေတီဟာ အခု အချိန်မှာ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင် ကုသမှုကို ပြီးဆုံးအောင် ခံယူထားတဲ့ အတွက်ဆီလီကွန် ထိုးစ ရာမလို လောက်အောင် သားမြတ် တွေဟာ သဘာဝ အတိုင်း ကြီးထွား နေရ တာကို ကေတီရဲ့ အဖေဟာ ပထမ တော့ သူရဲ့ ပထမ ဆုံးသားက မိန်းကလေး ဖြစ်သွားလို့ စိတ်ဆိုး နေပေမယ့် နောက်ကြာ လာတဲ့ အခါမှာ သူ့ကို သမီး အဖြစ် လက်ခံသွား တယ်လို့ ဆိုပါတယ်။
 
ကောင်လေးက အရင်က ကောင်မလေး...ကောင်မလေးက အရင်က ကောင်လေး
အေရင် ဟာလည်း မွေးဖွား စဉ်က မိန်းကလေး အယ်မရာ အနေနဲ့ အက ကျွမ်းကျင်သူ ဖြစ်ပြီး အလှ အပ ပြိုင်ပွဲ တွေမှာ ဆုရ ရှိခဲ့သူလည်း ဖြစ်ပါတယ်။ အေရင်ကို သူရဲ့အမေက ကချေ သည်အလုပ် လုပ်ခိုင်း ပေမယ့် သူအမှန် တကယ် ဝါသနာ ပါတာက သူ့အဖေ Mitch လို မော်တော် ဆိုင် ကယ်စီးတာ၊ အပြေး ပြိုင်တာနဲ့ တောင်တက်တာ တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ သူအသက် ၁၁ နှစ် အရွယ်မှာ သူ့အမေက သူ့ကို အလိုလိုက် ခဲ့ပါတယ်။ အေရင်ဟာ ခုချိန်မှာ သူရဲ့ သားမြတ်ကို ဖယ်ရှား လိုက်ပြီး
အမျိုးသား ဟော်မုန်း တက်စတိုစတီရုန်းတွေ ထိုးနေ တယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက်ဟာ အိုကလာ ဟိုးမား ပြည်နယ် တူဆာမြို့က လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေကို အထောက် အပံ့ ပေးတဲ့ အဖွဲ့ အစည်းမှာ ဆုံတွေ့ ကြပြီး ချစ်သူ တွေဖြစ် သွားကြ တယ်လို့ သိရ ပါတယ်။


Image result for katie and arin


Good Health

Credit : http://mmforward.blogspot.co.uk/2013/12/blog-post_9616.html?m=1

No comments:

Subscribe

လာလည်သူများ

free counters