♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 5, 2015

" ချစ်သူက လမ်းခွဲစကားပြောလို့ အထပ်မြင့်တိုက်ဝရံတာတစ်ခုမှ ခုန်ချတဲ့ မိန်းကလေး "

 
Women jumps off building, Boyfriend catches her
 
လင်မယားဖြစ်ဖြစ်ချစ်သူရည်စားပဲဖြစ်ဖြစ်အတွဲတွေကြားမှာလမ်းခွဲပြတ်စဲကြတယ်ဆိုတာဟာ ကြောက်
မက်ဖွယ်ရာ ကောင်းလောက်အောင် ပျက်စီးဆိုးရွားမှု အဖြစ်အပျက်ကြီးဖြစ်နိုင်ပါတယ်။ တစ်ချို့ဆို အချစ်ဟောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားဖို့ နှစ်နဲ့ချီကို အချိန်ယူရတာပါ။ ဒါပေမဲ့ လမ်းခွဲစကားပြောခံရလို့ မိမိအသက်ကို ရန်ပြုတာမျိုးတော့ ရှားပါတယ်နော်။
တရုတ်နိုင်ငံ ဟာဘင်မြို့မြောက်ပိုင်းမှ အသက် ၂၀ ရှိအမျိုးသမီးတစ်ဦးဟာ သူမချစ်သူနဲ့ မပြေလည်အဆုံးမသတ်ခဲ့တဲ့ အငြင်းပွားအချင်းများမှု ပြဿနာတစ်ခုရှိခဲ့ပါတယ်။ အမျိုးသားဖြစ်သူဟာ တစ်အုံနွေးနွေးပြဿနာဖြစ်ပွားပြီးနောက် အဆိုပါအမျိုးသမီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

တိုက်ခန်းတစ်ခုထဲမှာ သူတို့နှစ်ဦး ရန်ဖြစ်နေရင်းကပဲ အမျိုးသမီးလေးက အမျိုးသားကို အပြင်တွန်းထုတ်ကာ အခန်းတံခါးကို ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုလုပ်ရင်းကပဲ အမျိုးသမီးက တစ်ခုခုပြောခဲ့ပုံရပါတယ်။ အမျိုးသားဖြစ်သူက အခန်းတံခါးကိုထုဖွင့်လို့မရတဲ့အခါ အောက်ထပ်အခန်းကို သွားရောက်အကူအညီတောင်းကာ အခန်းဝရံတာအထိ သွားရောက်လို့ အပေါ်ထပ်သူတို့အခန်းရဲ့ ၀ံရံတာကို မော့ကြည့်လိုက်တဲ့အခါ အမျိုးသမီးလေးက ခုန်ချဖို့အသင့်ပြင်နေတာကို တွေ့ရပါသတဲ့။ မရှေးမနှောင်းမှာပဲ အမျိုးသမီးလေးက အောက်ကိုခုန်ချလိုက်ပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ အမျိုးသားရဲ့ လက်တစ်ဖက်က အမျိုးသမီးရဲ့လက်တစ်ဖက်ကို အမိအရဖမ်းဆုပ်နိုင်ခဲ့လို့ အသက်မသေခဲ့ပါဘူး။ အမျိုးသားဖမ်းဆုပ်ထားစဉ်မှာပဲ ကယ်ဆယ်ရေးသမားတွေနဲ့ မီးသတ်သမားတွေရောက်ရှိလာပြီး သူမကို
အခန်းထဲပြန်ရောက်အောင် အောက်ကနေတွန်းတင်၊ အပေါ်ကနေဆွဲတင်ပြုလုပ်ခဲ့ကြပါတယ်။ သူမခုန်ချတဲ့အချိန်ကစပြီး သူမကို ကယ်ဆယ်ခဲ့ကြတဲ့အချိန်အထိ တိုက်အောက်က လမ်းသွားလမ်းလာတွေက မိုဘိုင်ဖုန်းနဲ့ ဗီဒီယိုရိုက်ယူခဲ့ကြပြီး အင်တာနက်မှာ တင်ခဲ့ကြပါတယ်။ ငါးထပ်အမြင့်ကနေ ခုန်ချခဲ့တာလို့ သိရပါတယ်။

 


Credit: http://www.phothutaw.com/2015/09/blog-post_526.html
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

မူရင်းဆိုက် :  http://www.trendingnewsportal.com/2015/04/a-woman-attempted-to-jump-off-her.html

No comments:

Subscribe

လာလည်သူများ

free counters