♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 3, 2015

"အသက်ရှည် ကျန်းမာဖို့အတွက် "ဆေး" မသောက်ပဲ "ဆီး" သောက်ကြသော လူတစ်စုအကြောင်း" (မယုံမရှိပါနှင့်)



တရုတ်နိုင်ငံမှာ ကျင်ငယ်ရည်သောက်ရင် ရောဂါမျိုးစုံပျောက်တယ်လို့ ယုံကြည်တဲ့ အဖွဲ့တစ်ဖွဲ့ရှိနေတယ် ဆိုရင် အံ့သြကောင်းအံ့သြမိ ကြပါလိမ့်မယ်။ အဲဒီအဖွဲ့ကို တရုတ်ကျန်းမာရေးဝန်ကြီးက တရားဝင်အသိအမှတ်ပြုထား တာ မဟုတ်ပေမယ့် အဲဒီအဖွဲ့ကို ၂၀၀၈ ကတည်းက ဟောင်ကောင်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျင်ငယ်ရည်သောက်ရင် ကျန်းမာရေးကောင်းစေတယ်လို့ မယုံကြည်သူတွေ ရှိနိုင်ပေမယ့် သူတို့အဖွဲ့မှာတော့ လက်ရှိအဖွဲ့ဝင် ၁၀၀၀ နီးပါးလောက် ရှိနေပါတယ်။ အသက် ၇၉ နှစ်အရွယ် ဘာအိုရာဖူဆိုသူဟာ ကျင်ငယ်ကုထုံးအဖွဲ့ရဲ့အကြီးအကဲအဖြစ် ၂၀၁၀ ကတည်းက တာဝန်ယူခဲ့ပြီး ကိုယ့်ကျင်ငယ်ရည်ကို ပြန် သောက်တာကြောင့် သူတို့ရဲ့ဖခင်တွေ ပြန်လည်ကျန်းမာလာတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျင်ငယ် ရည်ကို ပထမဆုံးစသောက်ရာမှာ အခက်အခဲရှိခဲ့ပေမယ့် ခုချိန်မှာတော့ တနေ့ကို ၁၀၀ မီလီလီတာ သောက်ရာ ကနေ ၃၀၀ မီလီလီတာအထိ သောက်နိုင်လာပြီလို့ ဆိုပါတယ်။
 
 ဘာအိုက ကျင်ငယ်ရည်ကြောင့် ပြောင်နေတဲ့ သူ့ခေါင်းမှာ ဆံပင်တွေ ပြန်ပေါက်လာပြီး ၂၂ နှစ်တာအတွင်း အအေးမိတာတောင် မဖြစ်ခဲ့ဖူးကြောင်း၊ကျင်ငယ်ရည်ဟာတရုတ်ရိုးရာတိုင်းရင်းဆေးတွေထက်တောင်အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ဖြစ်
ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ ကျောက်ကပ်အထူးကု တရုတ်ဆရာဝန် ချန်ဝမ်လီကတော့ ဆီးထဲမှာ ကျောက်ကပ်ကနေ စွန့်ထုတ်လိုက်တဲ့ အဆိပ်သင့်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျင်ငယ်ရည်သောက်တာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဘာအိုကတော့ သူ မနက်အိပ်ရာထတိုင်း ကျင်ငယ်ရည်ကို သောက်လာ
ခဲ့တာကြောင့် အသက် ၇၉ နှစ်အရွယ်အထိ ကျန်းမာကြံ့ခိုင်ပြီး အမြင်အာရုံလည်း လူငယ်တွေလို ကြည်လင်အားကောင်းနေဆဲ
ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဘာအိုဦးဆောင်တဲ့ အဲဒီအဖွဲ့က ကျင်ငယ်ရည်ဟာ ကင်ဆာရောဂါကိုတောင် ပျောက်အောင် စွမ်းဆောင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

Ref – South China Morning Post

Planet Myanmar Network
 

No comments:

Subscribe

လာလည်သူများ

free counters