♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 3, 2015

" ကလေးများ အပေါ် အမြဲ ပြောဆို သင့်သော စကားလုံးများ "

အရမ်း ကြိုက်လို့ ကောက်နူတ် ဘာသာပြန် လိုက် ပါတယ်။ မိဘများ ကြိုက်နှစ်သက် နိုင်ပါစေ၊ အသုံး ၀င်နိုင်ပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်။ အချို့နေရာ မှာ ဖတ်ရူ့လို့ ကောင်းအောင် “ သားသား” “ ဖေဖေ” လို့ သုံး ထားပေမဲ့ မီးမီး နဲ့ မေမေ အတွက် လည်း အတူတူပဲ ဖြစ်ပါတယ်။ မိမိ သားသမီးများ အပေါ် မိဘများ အမြဲပြောဆို သင့်တဲ့ စကားများ ကတော့.............................................................၁။ သားသား အရမ်း လိမ္မာတာပဲ ၊ ဖေဖေမေမေ သားသားကို အရမ်းချစ်တာ။ ။ 

ကလေးများဟာ မေတ္တာ ငတ်မွတ်လို့ မရပါဘူး။ မိဘများဆီက မေတ္တာဆို ပိုမို အရေးကြီးပါတယ် ။ ဒီစကားလုံးလေး တွေဟာ ကလေးကို အားကိုးရာ ရှိစေပါတယ်။ ကလေးများရဲ့ ရင်ကို နွေးထွေးစေ ပါတယ်။ ကလေးများရဲ့ အတွင်း စိတ်ကို ပိုမိုလုံခြုံစေပါတယ်။
၂။ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်းတာပဲ။ ။

ပညာသင်ကြားခြင်း နဲ့ ပျော်ရွှင်စရာကောင်းခြင်းဆိုတဲ့ အသိနှစ်ခုကို တွဲမိသွားအောင်၊ ကလေးစိတ်တွင်း မှာ စွဲသွားအောင် Autosuggestion သဘောအရ “ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်း တာပဲနော်” ဆိုတဲ့စကားမျိုး အမြဲပြောဆိုပေးပါ။ အဖေအမေ ခေတ်တုန်းက ဆိုရင် ဘယ်လိုဘယ်လို ဒုက္ခခံပြီး ကြိုးစားရတာမျိုး ကလေးကို မပြောမိပါစေနဲ့။ လူ့ရဲ့သဘောသဘာဝ အရ “ဒုက”္ခလို့ လက္ခံ သွားတဲ့ မည်သည့် အရာကိုမဆို ရှောင်ရှား တတ်တဲ့စိတ် ရှိတတ်လို့ပါ။

၃။ သားသား တစ်ယောက်ထဲ ပြီးမြောက်အောင် လုပ်နိုင်ပါတယ်။ ။

ဒီစကားဟာ ကလေးကို အားပေးအားမြောက် ပြုရင်းနဲ့ ကိုယ့်ကိုကို ယုံကြည်လာအောင်၊ ကိုယ့်ကိုကို အားကိုးတတ်အောင်

ပျိုးထောင်ပေးတဲ့ သဘောပါ။
၎။ သားသားလုပ်တာ သိပ်ကောင်းတယ်။ ဒီအတိုင်းဆက်လုပ်၊ ဖေဖေ မင်းကို လုံးဝယုံတယ်။ ။ 

အားပေးတဲ့ စကားပါ။ ယုံကြည်မူ တိုးလာအောင်၊ တိုးတက်ချင်စိတ်ကို ပျိုးထောင်ပေးတဲ့ စကားလုံးလေး တွေပါ။
၅။ သားသား အရမ်းတော်တယ်၊ အဖေမင်းအတွက် ဂုဏ်ယူတယ်၊ ၀မ်းလည်းသာတယ် ။ ။ 

Autosuggestion အဆိုအရ မိဘများက ခဏခဏ အသိအမှတ်ပြုပေးရင် အသိအမှတ် ပြုတဲ့အတိုင်းဖြစ် သွားပါတယ်။
၆။ သားဒီလိုလုပ်တတ်တာ အဖေတော့ အရမ်းသဘောကျတယ်ဟေ့။ ။

ကလေးက တစ်ခုခုလုပ်တာ ကောင်းမွန်စွာ ပြီးမြောက်သွားတဲ့ အခါတိုင်း ပြောဆိုပေးသင့်ပါတယ်။ မင်းနောက်ကို ဒီအတိုင်းပဲလုပ် ဆိုတဲ့သဘောကို သွယ်ဝိုက်ပြီး စံ တစ်ခုသပ်မှတ်ပေးလိုက်တဲ့ သဘောပါ။

၇။ ဖေဖေနဲ့မေမေ သားရဲ့ရွှေးချယ်မူ့ကို သဘောကျတယ်။ ။

သားမှန်မှန်ကန်ကန် ရွေးချယ်တတ်တာကို ယုံကြည်စိတ်ချတဲ့ သဘောနဲ့ ပြောဆိုတာပါ။ ကလေး ရဲ့ ရွေးချယ်နိုင်မူ စွမ်းရည်ကို မြင့်တင်လိုတဲ့ သဘော၊ ယုံကြည်စိတ်ကို တိုးတက်အောင် အားပေးတဲ့ သဘော ဆောင်ပါတယ်။

၈။ သားကြီးလာပြီပဲ၊ ကိုယ့်ပြသနာကို ကိုယ်ရှင်းတတ်ရပြီ။ ကိုယ့်ရဲ့ အချိန်ကိုလည်း ကိုယ့်ကိုကို စီမံတတ် ရပြီပေါ့။ ။

ကိုယ့်ကိုကို ရပ်တည်နိုင်အောင်၊ တဖြည်းဖြည်းနဲ့ ဆွဲခေါ်တဲ့ ပြောဆိုမူမျိုးပါ။ ကိုယ့်ကိုကို တာဝန်ယူတတ် အောင်၊ ယူလည်းယူရဲအောင် မွေးထုတ်တဲ့သဘောဆောင်ပါတယ်။ ဆုံးဖြတ်ချက် ချတတ်အောင် လမ်းလည်း ခင်းပေး လိုက်ပါတယ်။ အလွတ်သဘောနဲ့ စဉ်းစားတတ် သွားမယ်။ ကိုယ့်ကိုကို တန်ဖိုးထား တတ်တဲ့စိတ်၊ မိမိကိုမိမိ ယုံကြည်စိတ်၊ တိုးတက်လိုတဲ့စိတ်၊ တာဝန်ယူရဲတဲ့စိတ် အားလုံးပါသွားပါတယ်။

၉။ လူတိုင်းဆီမှာ အတုယူစရာ ကောင်းကွက်ကိုယ်စီလေးတော့ ရှိကြပါတယ်။ ။ 

ဒီစကား အမြဲပြောပေးရင် သူများကောင်းကွက်လေးကို မြင်တတ်သွားမယ်၊ အတုယူတတ်မယ်။ ကိုယ့် ကိုကို နှိမ့်ချတတ်တဲ့ စိတ်ထားမျိုးကို မွေးမြူပေးတဲ့ သဘောပါ။

၁၀။ ဖေဖေမေမေ မှားသွားပြီ။ ဆောရီးနော် သား။ ။

မိမိကလေးကို မှားယွင်းပြီး အပြစ်တင်မိရင်၊ “ဆောရီး”ပြောဖို့ မိဘများ ၀န်မလေးသင့်ပါ။ အမှားဝန်ခံ တတ်ခြင်းကို ကလေးများအတွက် ရှေ့ဆောင်လမ်းပြ အဖြစ်နမူနာ ပြထားသင့်ပါတယ်။ ၀န်ခံတတ်တဲ့ အကျင့်၊ ၀န်ခံရဲတဲ့အကျင့် ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လောလောဆယ် အလိုအပ်ဆုံး သတ္တိ လို့တောင် ပြောရမလိုဖြစ်နေပါပြီ။ 


အောင်ကိုလတ်
https://www.facebook.com/aung.k.latt.5?hc_location=timeline
-------------------------------- 



Credit to
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

No comments:

Subscribe

လာလည်သူများ

free counters