ဆရာဝန်က လိုအပ်တာ စမ်းသပ်စစ်ဆေးပြီး၊ သူ့ကို ဆေးစာတစ်စောင် ရေးပေးလိုက်တယ်။
လူနာကလည်း မေ့တတ်တဲ့သူဆိုတော့ အဲဒီဆေးစာကို အိပ်ကပ်ထဲ ထည့်ထားလိုက်တာ၊ နောက်ရက် ပြန်ဖတ်တော့ ဘာရေးထားမှန်းလဲမသိ ဘာစာရွက်မှန်းလဲမသိဘူး ဖြစ်နေတယ်တဲ့။
ဒါနဲ့…အဲဒီစာရွက်ကို ပြပြီး… …
1. ဘတ်စ်ကားစီးတာ ၂နှစ်လောက် ကြာတယ်။
2. ရုပ်ရှင်သွားကြည့်တာ ဆယ့်ငါးခါရှိပြီ။
3. ဘောလုံးပွဲ ဝင်ကြည့်တာ တရာသီလုံးကုန်ရော။
4. နိုင်ငံခြားက လာပြတဲ့ သံစုံတီးဝိုင်းကြည့်တာက တစ်ခါ။
5. နောက်အလုပ်ပြောင်းတော့ အရင်သူဌေးက ပေးလိုက်တဲ့ ထောက်ခံစာဆိုပြီး ပြလိုက်တာ
လစာကောင်းကောင်းရတယ်။
6. နောက်ဆုံး အဲဒီစာရွက်ကို အထားမှားလိုက်တာ၊ သူ့သမီးလေးကတွေ့ပြီး စန္ဒယားနုတ်စ် မှတ်လို့ သီချင်းတီးပြီး ဝင်ပြိုင်လိုက်တော့ ဆိုကရေးတီးမှာ ပထမဆု ချိပ်လိုက်တယ် တဲ့။
… …အံ့ရော
.
.
.
သန်၎ကို – ရမ်းဘာသာပြန်သည်
Credit : http://www.searchmyanmar.com/link/comment/cid/53564
No comments:
Post a Comment