♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 5, 2015

"မိန်းကလေးဆိုပြီး အထင်သွားမသေးနှင့်မောင်... သိုင်းတတ်တဲ့ အမျိုးသမီးထံမှ ပစ္စည်းလုယူခဲ့လို့ အဖြစ်ဆိုးနဲ့ ကြုံတွေ့သွား "

ဘရာဇီးလ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့ အမျိုးသမီးတစ်ဦးထံကနေပစ္စည်းလုယူဖို့ကြိုးစားခဲ့
တာကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်နိုင်ငံ အနောက်ပိုင်း၊အကိုင်လာဒိုင်ယာမြို့မှာ
 အေအာဂျို အမည်ရ အမျိုးသားတစ်ဦးဟာ အဖော်ဖြစ်သူနဲ့ အမျိုးသမီးတစ်ဦးထံကနေ ပစ္စည်းလုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

      ဒါပေမဲ့ အမျိုးသမီးဖြစ်သူဟာ ကိုယ်ခံပညာ တတ်ကျွမ်းပြီး အသတ်အပုတ် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရရှိခဲ့ဖူးတာကြောင့် ပစ္စည်းလုယူဖို့ ကြိုးစားတဲ့ အမျိုးသားဟာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူဟာ ဘက်စ်တို့စ်လို့ အမည်ရပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲဖြစ်တဲ့ MMA ပြိုင်ပွဲမှာ ချန်ပီယံ ခြောက်ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

      ပစ္စည်းလုယက်သူဟာ ဘက်စ်တို့စ်ထံမှ ဖုန်းကို လုယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဘက်စ်တို့စ်ဟာ ပစ္စည်းလုယူသူကို ထိန်းချုပ် ကိုင်ပေါက်ခဲ့ပြီး လည်ပင်းကို ခြေထောက်နဲ့ မိနစ် (၂၀) လောက် ညှပ်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာမှသာ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပစ္စည်းလုယူသူဟာ အလွန်ထိတ်လန့်ခဲ့ပြီး ကိုင်ချုပ်ခံထားရစဉ် ကယ်တင်ဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ ပါးစပ်ထဲကနေ အကုန်လုံးကို တိုင်တည်ပြီး အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေသာ အချိန်မီ ရောက်မလာရင် လည်ပင်းကျိုးသွားနိုင်ဖွယ် ရှိနေပါတယ်။ အသက် (၂၃) နှစ် အရွယ်သာရှိသေးတဲ့ ဘက်စ်တို့စ်က မိမိ၏ဖုန်းကို လုယူသွားခြင်းကြောင့် ပြန်လည် ရယူခြင်းဖြစ်ကြောင်း ၊
ပစ္စည်းလုယူသူကို မြေကြီးပေါ်မှာ လဲကျပြီး ထိန်းချုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပစ္စည်းလုယူသူကတော့ ပြစ်မူကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုထားပါတယ်။ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့သူကိုမှ ပစ်မှတ်ထားပြီး ပစ္စည်းလုခဲ့တဲ့ အေအာချိုကတော့ မှတ်လောက်သားလောက် ရှိသွားပြီး မိန်းကလေးဆိုပြီး အထင်သေးတာကြောင့် ပြန်လည် တိုက်ခိုက်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။



Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=44163

No comments:

Subscribe

လာလည်သူများ

free counters