♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 31, 2015

" လည်ပင်းကြီးရောဂါအတွက် "

 
 
လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ်နေတာ ဟုတ်ပါသလား။ လည်ပင်းကြီးရောဂါမှန်း မည်သို့ သိနိုင်ပါမည်လဲ။ ဆရာ၏ ‘အစာအိမ်ကင်ဆာ’ ဆောင်းပါးကို ဖတ်၍ မရှင်းတာလေး မေးခွင့်ပြုပါ။ အစာမကျေသလိုဖြစ်ပြီး လေတွေလဲ ခဏခဏ တက်ပါတယ်။ အစာခံမိရင်လည်း လေက အရင် တက်လာပါတယ်။ ပြီးတော့ ဝမ်းပျက်တာလဲ မကြာမကြာဖြစ်တတ်ပါတယ်။ လေတွေ တအားတက်လာရင် မူးပြီး အန်ချင်လာပါတယ်။ အဲဒီအချက်တွေက အစာအိမ် ကင်ဆာနှင့် ဆက်နွယ်မှု ရှိနိုင်ပါသလား။

လည်ပင်းကြီးနေရင် Goitre လည်ပင်းကြီးရောဂါ ခေါ်ပါတယ်။ Thyroid gland ကြီးနေတာပေါ့။ လည်ပင်းကြီးနေတာကို မမြင်ရဘဲနဲ့လည်း လည်ပင်းကြီးနဲ့ ဆိုင်တဲ့ ရောဂါ ရှိနိုင်သေးတယ်။ လည်ပင်းကြီးဖြစ်စေတဲ့ အကျိတ် Thyroid gland ကနေ လူတိုင်းမှာ (သိုင်းရွိုက်) ဟော်မုန်း ထုတ်ပေးနေတာ။ အဲဒီ ဟော်မုန်းတွေ လိုတာထက် များနေရင်ဖြစ်တဲ့ Toxic Goitre, Hyperthyroidism ကလည်း ဒီ လည်ပင်းကြီးရောဂါ အုပ်စုထဲမှာ ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် အခုတလော ဒုက္ခသည် ဆေးခန်းလေးကို လာပြသူတွေထဲမှ အမျိုးသမီး ၃-၄ ယောက် အဲဒါမျိုး လာတွေ့နေရတယ်။
သူတို့လည်ပင်းက သိသိသာသာကြီးမနေ
လို့၊ အသေအခြာစမ်းမှ သိနိုင်တယ်။ (ကွန်ပလိမ့်) ကတော့ အတူဘဲ။ တယောက်က မေးတယ် “ကျမ လည်ပင်းကြီး နေသလား”။

နောက်တယာက်က လည်ပင်းအကြောင်း
ဘာမှမပြောဘူး။ ရင်တုံတယ်သာပြောတယ်။ မျက်စိက လည်ပင်းကြည့်၊ လက်က လက်ကောက်ဝတ် သွေးခုန်တာစမ်း။ သံသယဝင်လာတော့ ဆက်မေးရတယ်။ စိတ်တိုတတ်သလား။ တိုတယ်။ ဘေးလူတွေကို မေးရပြန်တယ်။ အလုပ်လုပ်တာမှာ အရင်ကထက်၊ သူများတွေထက် သွက်သွက် လက်လက်၊ ဟောဟော ဒိုင်းဒိုင်း၊ လုပ်တယ်။ (သွက်တိုင်းလည်း မကောင်းတာ သတိထားပါ။) သူများထက် ပိုပြီး အိုက်တတ်တယ်။ လင်မယားမှာ ယောက်ျား လုပ်သူကနေ အရင် သတိထားမိမယ်။ တယောက်က ပြူတင်းပေါက်ဖွင့် အိပ်ချင်၊ တယောက်က ပိတ်အိတ်ချင်။ အရင်ကထက် စိတ်တိုတယ်။

နောက်တယောက်ကိုေ
တာ့ တခြားရောဂါ လာပြတုံး မြင်တာနဲ့ ဆရာက သံသယရှိတယ်။ သူ့မျက်လုံးက ပိုပြီးသိသာနေ၊ ပြူးချင်နေတယ်။ (သမင်မထက် မျက်လုံး ပိုပြူးရင် သတိထား။)
Goitre ထဲမှာ အမျိုးမျိုးတော့
ရှိတယ်။ အများဆုံးဖြစ်ကြတာက (အိုင်အိုဒင်း) ဓါတ်ဆား နည်းလို့ လည်ပင်းကြီးနေတာကို အဝေးကတောင် မြင်နေရတာမျိုး ဖြစ်ရတယ်။ တောင်ပေါ်ဒေသ၊ တောင်ကုန်းရှိရာ အရပ်တွေမှာ ဖြစ်တာမျိုး။ ယောသားတွေနေတဲ့ တောင်ပေါ်ကို တခါကနယ်လှည့်ဆေးကုတယ်။ တရွာမှာ လက်ညှိုးထိုးမလွဲ လည်ပင်းကြီးတွေ တွေ့ခဲ့ရတယ်။ ရွာလုံးကြွတ်ဖြစ်တာမျိုး။
နောက်ပြီး လည်ပင်းကြီးအကျိ
တ် ကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့အကျိတ် ရောဂါတွေလည်းရှိတယ်။
အစာလမ်းကြောင်းန
ဲ့ဆိုင်တဲ့ မေးခွန်းတွေ ကြည့်ရတာ လေနာကိုအရင် စဉ်းစားလို့ ရတယ်။ “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါအုံး။ Antacid ဆိုတဲ့ အက်စစ်ဓါတ်ပျယ်ဆေးကိုတော့ စားဖြစ်မယ် ထင်တယ်။ အစာကို အချိန်မှန် စားပါ။ အမျိုးအစားလည်း စားနေကြစားပါ။ အဆာမခံနဲ့။ တဝကြီး မစားနဲ့။ စားပြီး ၅-၁ဝ မိနစ် နားနေပါ။ ထမင်းစားပြီး အသီးတခုခု စားပါ။ ရေများများ သောက်ပါ။ လိုသေးရင် Digestive enzyme စားဆေးကို ထမင်းစားပြီး၊ ၁ တောင့်(လုံး) သောက်ပါ။ အမြဲသောက်စရာ မလိုဘူး။ မရသေးရင် Omeprazole ဆေး 20-40 mg တနေ့ ၁ကြိမ် သောက်ပါ။
 
 ရေးသူ - ဒေါက်တာတင့်ဆွေ
 
 
Credit : မြ၀တီ

No comments:

Subscribe

လာလည်သူများ

free counters