♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 2, 2015

"ထိုင်းနိုင်ငံက ကင်းမြီးကောက် ဘုရင်မ "

 It's not a job for the feint-hearted, but a Thai woman known  officially the Scorpion Queen - covering her body daily in the deadly critters
ထိုင်းနိုင်ငံမှာ ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အဆိပ်ပြင်း တဲ့ ကင်းမြီးကောက်တွေ ကို ကိုင်တွယ်ပြခဲ့ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေ  လာရောက် လည်ပတ် တဲ့ ပတ္တရားမြို့ရှိ Tiger Zoo မှာ ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ဟာ လာရောက် တဲ့ ဧည့်သည်တွေ ကို ကင်းမြီးကောက်တွေ ကို သေ ချာ ရှင်းပြမှု ပြုလုပ်ခဲ့ သလို ရင်းနှီးစွာ ကိုင်တွယ် ပြခဲ့တာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ရတာပါ။ 

သူ့ကို ကင်းမြီးကောက် ဘုရင်မ အဖြစ် လူသိများ ကြပါတယ်။ သူဟာ နာမည် နဲ့ လိုက်အောင် ကင်မြီးကောက်တွေ ကို ပုံစံ အမျိုးမျိုး နဲ့ ကိုင်တွယ်ပြခဲ့ပါတယ်။ 

ကင်းမြီးကောက် အကောင်ကြီးတွေ ကို အ၀တ်အစား မှာ ချိတ်တွယ်ပြခဲ့ ပါတယ်။ ကမ္ဘာလှည့် ခရီးသွား တွေ ဟာ ကင်းမြီးကောက် ဘုရင်မ နဲ့ တွဲဖက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒါကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက် မှာ တင်ရှိ ထားတာ ဖြစ်ပါတယ်။

ကင်းမြီးကောက် ဘုရင်မ လို့ခေါ်ဆိုကြတဲ့ အမျိုးသမီး ရဲ့အမည် ကိုတော့ သိရှိခြင်း မရှိပါဘူး။ ဒါပေမဲ့ အမျိုး သမီး ဟာ ကင်းမြီးကောက်တွေ ကို ကိုင်တွယ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ ရဲ့ အ၀တ်အစားတွေ မှာ ချိတ် ဆွဲခဲ့ ပါတယ်။ 

ဒီနေရာ ကို သွားရောက် ခဲ့တဲ့  အီယန်မက်ကလင်း ကင်းမြီးကောက် ဘုရင်မ ပာာ ကြောက်ရွံ့ခြင်း မရှိပေ မယ့် ကမ္ဘာလှည့်တွေ ကတော့ စိုးရိမ်နေကြကြောင်း၊ မိမိ အနေဖြင့်  ထိတ်လန့် စရာ ကောင်းခြင်း ကို ပြန်ပြော လိုခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

၂၀၀၈ မှာ ထိုင်း အမျိုးသမီး တစ်ဦးဟာ ကင်းမြီးကောက်တွေ အများအပြား နဲ့ နေထိုင်ပြီး စံချိန်သစ် တင်ရှိ ခဲ့ပြီး သေနေတဲ့
ကင်းမြီးကောက် ကို ပါးစပ် ထဲ (၂) မိနစ် ခန့် ထည့်သွင်း ဖူးကြောင်း သိရပါတယ်။
         
ကမ္ဘာ မှာ ကင်းမြီးကောက် အမျိုးအစား ( ၂၀၀၀ ) ကျော် ရှိပေမယ့် အဆိပ် ရှိတဲ့ အမျိုးအစား က ( ၄၀) ကျော် သာ ရှိတယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ အဆိပ် ရှိတဲ့ ကင်းမြီးကောက် တွေဟာ လူကိုသေအောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ 

ကင်းမြီးကောက် တွေ ဟာ ကြွက် နဲ့ အင်းဆက် ပိုးမွှားတွေ ကို စားလေ့ ရှိပေမယ့် တစ်နှစ် အထိ အစာမစား ဘဲ နေထိုင်နိုင်ကြောင်း သိရပါတယ်။ 

ကင်းမြီးကောက်တွေ ပာာ မျက်လုံး ( ၁၂) လုံး အထိ ရှိပေမယ့် အမြင် အာရုံ ကောင်းမွန်ခြင်း မရှိဘဲ အနံ့ခံပြီး သွားလာ နေတာဖြစ်တယ် လို့ ဆိုထားပါတယ်။

 The woman wows tourists with her bizarre show of bravery at the Tiger Zoo in tourist hotspot Pattaya, Thailand



Credit : http://www.searchmyanmar.com/link/frame/cid/53484

No comments:

Subscribe

လာလည်သူများ

free counters