♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 3, 2015

" ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်စေဖို့  "


အမျိုးသား တစ်ယောက်ဟာ ကြံရည်ဖန်ရည် ကောင်းပြီး ငွေရှာကောင်း ရုံလောက်နဲ့ တော့ ယောကျာ်း ဂုဏ်ရည် နဲ့ ပြည့်ဝ သူရယ်လို့  မဆိုနိုင်လောက် သေးပါဘူး။ အိမ်ထောင် တစ်ခုလုံးကို ဦးစီး ဦးဆောင်ပြုရမယ့် အမျိုးကောင်းသား တစ်ယောက် အနေနဲ့  အသုံး အဖြုန်းမကြမ်းသူ၊ အသောက် အစား-အပျော် အပါး မခုံမင်သူ၊ အဌာရဿ ၁၈-ရပ်လုံး မဟုတ် တောင် ပြောင်းလဲလာတဲ့ ခေတ်ရေ စီးကြောင်းနဲ့ အညီ သိပ္ပအတတ်ကို မညံ့လွန်းသူဖြစ်ကာ၊ စာနာတတ်တဲ့ နှလုံး သားလေး တစ်စုံလည်းရှိဖို့ လိုအပ်ပါတယ်။
အထက်ကဖော်ပြခဲ့သလို အရည်အချင်းတော်တော်များများနဲ့ တော့ကိုက်ညီပါရဲ့ ။ သို့ သော် တစ်ကိုယ် ရည်သန့် ရှင်းမှု အားနည်း ပြီး ခေတ်နောက် ပြန်ဆွဲနေတဲ့ ကိုယ်ဟန်နေထား ပြင်ဆင်မှု မျိုးဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်မလာနိုင်တော့ ပါဘူး။

စတိုင်လ်ကျ စမတ်ကျတဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့ ဆိုရင်...

(၁) ဗိုက်ခေါက်ကြီးတွေထူနေရင် အသက်ကြီးတဲ့ ပုံပေါ်နေရုံသာမက၊ ဘာဝတ်ဝတ် အချိုးမကျ နိုင်ပါဘူး။ ရင်အုပ်ကျယ်ကျယ်၊ လက်မောင်းကြွက်သား အဖုအထစ်တွေက အားကိုးချင်စရာ လက္ခဏာရပ်တွေမို့  လေ့ကျင့်ခဏ်းလုပ်ဖို့  မပျင်းပါနဲ့ ။

(၂) ဆံပင်ပုံစံက ရုပ်ဆိုးသူကိုလှသွားအောင်ပြောင်းလဲပေးနိုင်သလို၊ လှနေတဲ့သူကိုလဲ အကျည်း တန်ေ စနိုင်တာကြောင့် မိမိရုပ် ရည်-မိမိအများဆုံးဝတ်ဆင်လေ့ရှိတဲ့ အ၀တ်အစားဒီဇိုင်းနဲ့  လိုက်ဖက်တဲ့ ဆံပင် ပုံစံမျိုးဖြစ်နေ ရပါမယ် (ဒါကြောင့် မိမိနဲ့  ကိုက်ညီမှုရှိတဲ့ ဆံသဆိုင်က ဆံပင်ညှပ် ဆရာကို သေသေချာချာ
မှတ်သားထားသင့်ပါတယ်)

(၃) “ယောကျာ်းလေးဘဲကွာ…ဒါတွေမလိုပါဘူး” ဆိုတဲ့ အတွေးမှားမျိုးဖြင့် အိမ်ပြင်ထွက်တဲ့အခါ၊ အ၀တ် အစားတွေကို ဖြစ်က တတ်ဆန်း မ၀တ်သင့်ပါဘူး။ လူတစ်ယောက်ရဲ့ အပြင်အဆင်ဟာ သူဘယ်အသိုင်း အ၀ိုင်းက လာတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်နေလို့ ပါ။

(၄) တကိုယ်ရည် သန့် ရှင်းမှုအတွက် တစ်နေ့ ၂-ကြိမ်ကျ ရေချိုးသင့်ပါတယ်။ သံပုရာရနံ့ ပါတဲ့ ကိုယ် တိုက် ဆပ်ပြာလေးတွေက အသားအရေကို လန်းဆန်း လတ်ဆတ်ရုံမက ကိုယ်သင်း ရနံ့ ကောင်းမွန်စေ ပါတယ် (ကိုယ်နံ့ ဆိုးထွက်ခြင်းက၊ လူ့ ဘောင်အ သိုင်းအ၀ိုင်းမှာ မနှစ်မြို့ စရာဖြ စ်စေတယ်လို့ ပါ)

(၅) သန့် ရှင်းသေသပ်စွာညှပ်ထားတဲ့ လက်သည်း/ခြေသည်းလေးတွေကလည်း အမျိုးသားတစ် ယောက် ရဲ့ ဆွဲဆောင်မှုတစ်ခုပါ။ 

(၆) အလှကုန်ဈေးကွက်ထဲမှာ အမျိုးသားသီးသန့် သုံး moisturizers(ခေါ်)အသားအရေ အစို ဓာတ်ကို ထိန်းပေးတဲ့ လိုးရှင်းလေး တွေရှိပါတယ်။ အဲဒီလိုးရှင်းလေးတွေက မျက်နှာနဲ့  လက်ဖ၀ါးတွေ ခြောက်သွေ့ ကြမ်းတမ်းခြင်းကို သက်သာပျောက်ကင်း စေပါတယ်။ (အထူးသဖြင့် မုတ်ဆိတ်ေ မွှးရိတ်ပြီးတိုင်း သုံးစွဲ သင့်တဲ့ ပစ္စည်းကောင်းလေးပါဘဲ)

(၇) ခြောက်သွေ့ တဲ့ နှုတ်ခမ်းတစ်စုံအတွက်၊ natural lip balm(ခေါ်)နှုတ်ခမ်းဆိုးဆေးအဆီိကို သုံးနိုင် ပါတယ်။ ဒီဆိုးဆေးအဆီ က နှုတ်ခမ်းကို ပူရှိန်းရှိန်းလေးခံစားရစေပြီးတော့၊ သဘာဝအရောင်အတိုင်း သာ နှုတ်ခမ်းသားကို စိုစိုထွေးထွေးလေး ဖြစ်နေ မှာပါ။ (အထူးသဖြင့် ဆေးလိပ်-အရက်သောက်သူတွေ သုံးသင့်ပါတယ်)

(၈) “တောင်းမှာအကွပ်၊ လူမှာအ၀တ်” ဆိုသလိုပါဘဲ မြန်မာဝတ်စုံ-အနောက်တိုင်းဝတ်စုံစတဲ့ ဘယ် အ၀တ်အစားမျိုးကိုမဆို ၀တ် ဆင်တဲ့အခါမှာ သေသေ သပ်သပ်ဖြစ်နေ သင့်ပါတယ် (နံမည်ကျော်တံ ဆိပ်ကောင်းတွေကို ဈေးကြီးကြီးပေးဝယ်ထားပြီး၊ မိမိ နဲ့ လိုက်ဖက်အောင် မ၀တ်ဆင်တတ်ရင် အချည်းနှီး သာဖြစ်စေပါတယ်၊ ဈေးနှုန်းချိုသော်လဲ အချိုးကျစွာဝတ်ဆင်ရတာက သက် တောင့်သက်သာရှိပြီး မိမိ ကိုယ်ကို ယုံကြည်မှု ပိုလာစေပါတယ်)

(၉) နေကာမျက်မှန်နဲ့  လက်ပတ်နာရီ တို့ အတွက်ကိုတော့ မနှမြောဘဲ တတ်နိုင်သလောက် ပစ္စည်းေ ကာင်းလေးတွေ သုံးပေးသင့် ပါတယ် (အဲဒီ accessories တွေရွေးသုံးတဲ့ အခါမှာ မိမိအသားအေ ရသာ မက၊ မျက်နှာ-မေးရိုး-လက်ကောက်ဝတ် အရွယ်အစား အသေး/ အကြီးအလိုက် သင့်တော်လိုက် ဖက် တာကို ရွေးချယ်တတ်မှုကလဲ အရည်အချင်းတစ်ရပ်ပါဘဲ)

(၁၀) ကိုယ်ဟန်အနေအထား၊ စကားပြောဆိုပုံ လေယူလေသိမ်း နဲ့ လက်ဟန်ခြေဟန်တွေက မိမိကိုယ် ကိုယုံကြည်မှု အပြည့်ရှိတဲ့ ပုံမျိုးပေါ်နေရပါမယ်။

(၁၁) တစ်ခါသုံး လန်းဆန်း မျက်နှာသစ် ပုဝါကို အိတ်ကပ်ထဲ အမြဲဆောင်းထားပြီး၊ နေ့ လည်စာစားပြီး တဲ့အခါ မျက်နှာသုတ်ပေး လိုက်ပါဦး၊ သူ ရဲ့ မွှေးကြိုင်တဲ့ရနံ့ က လူကို လန်းဆန်း သွားစေတဲ့အပြင် မျက်နှာ အသားအရေကိုပါ သန့် ရှင်းစင်ကြယ်သွား စေပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်....မျှဝေသည်)
-------------------------------------- 
 

No comments:

Subscribe

လာလည်သူများ

free counters