♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 4, 2015

" အမျိုးသား ချစ်သူတစ်ဦးက သူ့ချစ်သူ မဒီကညာ အတွက် ဝါးဖြင့် ပဲရစ်မြို့တော်မှ Eiffel မျှော်စင်အသေးစား ပြုလုပ်"

 
ချစ်သူရေ...မင်းအတွက်ဆိုရင် ငါလေ..ဘာပဲလုပ်က လုပ်က ..(ဟီးဟီး)
လုပ်ရ..လုပ်ရ... 
Eiffel မျှော်စင် တည်ဆောက်ပြီးလို့ ရာစုနှစ် တစ်ခုထက်မကကြာတဲ့အချိန်မှာ တရုတ်နိုင်ငံ Henan ပြည်နယ်က အမျိုးသားတစ်ဦးက ဝါးခြမ်းလေးတွေ အသုံးပြု၍ Paris မြို့ရဲ့အထင်ကရ သမိုင်းအဆောက်အအုံ ပုံစံကို ပြုလုပ်ခဲ့ပါတယ်။ Xie အမည်ရှိ ယင်းအမျိုးသားက Eiffel Tower ပုံစံငယ်တစ်ခုကို သူ့ချစ်သူ ကောင်မလေးအတွက် လက်ဆောင်အဖြစ် လုပ်ပေးခဲ့ပါတယ်။
မီတာနဲ့ချီမြင့် ၄င်းအဆောက်အအုံ အပြီးတည်ဆောက်ဖို့ ဝါးအချောင်း ၂၀၀ ကျော် အသုံးပြုထားပြီး ဗိသုကာပညာရပ်ကို အဓိက သင်ယူထားတဲ့ ယင်းအမျိုးသားကို အချိန် ၁ လကျော် ကုန်ဆုံးစေခဲ့ပါတယ်။ ဒီတမူထူးခြားတဲ့ လက်ဆောင်ပစ္စည်းကြောင့် အင်တာနက်ပေါ် ပွက်လောထစေခဲ့တယ်။
ကုသိုလ်ကံပါတဲ့ ကောင်မလေးအတွက် အများစုက မနာလိုဖြစ်ခဲ့ကြပါတယ်။ တချို့ကလည်း “နည်းပညာ သရဲ ပြုလုပ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် လက်ဆောင်ပစ္စည်း တစ်ခုပါပဲ” လို့ ချီးမွမ်း ကြပါတယ်။ သို့ပေမယ့်လည်းပဲ “Eiffel Tower ပုံစံ ငယ်လေးတော့ ကောင်းပါတယ်။ ဒါပေမယ့် Paris မြို့က
တကယ့် မျှော်စင်ကြီးဆီကို သူ့ချစ်သူကောင်မလေးကို ခေါ်သွားတာကမှဘာနဲ့မှ နှိုင်းစရာ
မရှိတာဖြစ်ကြောင်း” အဆိုးမြင်ဝါဒီတွေက ပြောဆိုခဲ့ကြတယ်။


ဘယ်သူတွေ ဘာပြောပြော ရောရောသမမွှေကတော့ ချစ်သူအတွက် အပင်ပန်းခံပြီး လက်ရာမြှောက်တဲ့
အချစ်မျှော်စင်လေးကို ဖန်တီးပေးနိုင်တဲ့ ချစ်သူကောင်လေးကို ချီးကျူးလေးစားပါတယ်...
 သူ့ရဲ့ စိတ်ရင်းစေတနာက ထူးခြားလှပါတယ်.....










Ref: CD

Credit : http://www.trend.com.mm/2015/04/01/news-6242

No comments:

Subscribe

လာလည်သူများ

free counters