♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 30, 2014

"ပုဒ်ဖြတ်၊ ပုဒ်ရပ် မှန်အောင် ဖတ်ပေးပါ။ "

  မြန်မာစာ ဖတ်ကြရာမှာ ပုဒ်ဖြတ်၊ ပုဒ်ရပ်တွေ မှားခဲ့ရင် မူရင်း အဓိပ္ပါယ်တွေ ပျောက်ဆုံး

ပြောင်းလည်းသွားနိုင်ကြပါတယ်။ သာဓက အားဖြင့် .....

      ကျွန်တော်တို့ ငယ်ငယ်က ဒသမတန်း မြန်မာဖတ်စာမှာ သင်ခဲ့ရတဲ့ သင်ခန်းစာလေးထဲမှာပေါ့

အိမ်တစ်အိမ်မှာ “ မသာ ရထား ငှားရန်ရှိသည် ” လို့ ရေးထားတာကို လမ်းသွားသူ တစ်ယောက်က

ပုဒ်ဖြတ်၊ပုဒ်ရပ် မှားယွင်းစွာနဲ့ “ မသာရ ဓါးငှားရန် ရှိသည် ” လို့ ဖတ်လိုက်သတဲ့။

     တစ်ခါ ဆေးဆရာကြီး တစ်ဦးက ဆေးနည်းတစ်ခုကို မှတ်သားထားတဲ့ စာပိုဒ် တစ်ပိုဒ်ကို တပည့်
ဖြစ်သူက ပုဒ်ဖြတ်၊ ပုဒ်ရပ် မှားယွင်းတော့ သီချင်းစပ်ရေးထားတာ ထင်ပြီး .......


        “ လေညှင်းထန် မြစ်ယံက တိုး

          ရှိန်ခိုး တောင်ကြာဦး........

          ကြူး ........ ဆင်ချည့်   မိုး ........... ”

     လို့ အသံနေအသံထားနဲ့ ရွတ်ဖတ်လိုက်သတဲ့။ ဒါကို ကြားတဲ့ ဆေးဆရာကြီးက ဒါ သီချင်း မဟုတ်ဘူး

ငါ့တပည့်ရဲ့ ဆရာ ဆေးဖေါ်မယ့် ဆေးနည်းပါ အဓိပ္ပါယ်က ဆေးနည်းထဲမှာ သုံးရမယ့် ပစ္စည်းတွေ

 ရေးထားတာအဲဒါတွေကတော့ “ လေးညှင်း၊ ထန်းမြစ်၊ ယမ်း၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ဆင်ချေးမှို ”

တို့ ဖြစ်တယ်လို့ရှင်းပြလိုက်ရသတဲ့။

    အဲဒီလိုပဲ အခု သူငယ်ချင်းတို့အတွက် ပုဒ်ဖြတ်၊ ပုဒ်ရပ် မှန်ကန်ဖို့ အောက်ပါ စာကြောင်းလေးကို

ပုဒ်ဖြတ်၊ ပုဒ်ရပ် မှန်ကန်စွာနဲ့ ဖတ်ပေးရမှာပါ။ စာကြောင်းလေးကတော့ လင်မယားနှစ်ယောက် စကားပြော

နေတာလေးကို စဉ်းစားပြီး ဖြေပေးရမှာပါ

         “မယ်တော်တော်တောင်းကောတောင်းတောင်းတောင်းတောင်တောထဲတွေ့တယ်”  တဲ့

    ကဲ ဒီစာကြောင်းလေးကို ပုဒ်ဖြတ်၊ ပုဒ်ရပ် မှန်ကန်စွာနဲ့ ကြိုးစားပြီး ဖတ်ကြည့်ကြပါဦး။

အဖြေကို အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်နိုင်ကြပါတယ်။


        အဖြေကတော့

          ယောက်ျား။     ။ မယ်တော်

                မိန်းမ။     ။ တော်...... (ပြန်ထူးသံ)

          ယောက်ျား။    ။ တောင်းကော

                မိန်းမ။     ။ တောင်း..  တောင်း...... တောင်းတောထဲတွေ့တယ် (စဉ်းစားဟန် ပြုလျှက်)

                              သူငယ်ချင်းတို့ ပျော်ရွှင်ကြပါစေနော်။

 credit to     ဥာဏ်စမ်းကမ္ဘာ

No comments:

Subscribe

လာလည်သူများ

free counters