♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 29, 2014

" အံ့သြဘွယ်ကောင်းတဲ့ အိုက်စခရင် ပူပူလေး "

ရောသမ ဆိုဒ်လေးကို လာရောက်အားပေးကြတဲ့ ချစ်မိတ်ဆွေတွေ ကို အထက်မှာ ရေးပြတင်ထားတဲ့
အတိုင်း အလွန်ထူးဆန်းတဲ့ ice cream လေးအကြောင်း အတိုချုပ်တင်ပြလိုက်ပါမယ်....ရယ်ဘို့လဲ
ကောင်းသလို အံ့သြဘိုလည်း ကောင်းမယ်လို့ထင်တာပါဘဲ.....လောကကြီးထဲမှာ ရေအေးထဲမှာငါး
လေးတွေ ရှင်သန်နေကြတာကို လူတိုင်းမြင်ဘူး သိဘူးနေကြတာဟာ မဆန်းပါဘူး။ တစ်ခါ ရှမ်းပြည်
က တချို့ ရေပူစမ်းတွေမှာ ရေအပူထဲမှာ ရှင်သန်နေတဲ့ ငါးလေးတွေရှိပါတယ်။ သူတို့ကို ရေအေးထဲ
ပြောင်းထည့်လိုက်တာနှင့် ချက်ချင်း သေဆုံးသွားတတ်ကြပါတယ်။ အအေးထဲ နေတဲ့ ငါးရှိသလို အပူ
ထဲနေတဲ့ ငါးလည်းရှိပြန်သေးတယ်။ တခါ အာဖရိကတိုက်ရဲ့ တချို့ ရေအိုင်ကြီးတွေဟာ မိုးရေတွေစု
စည်းထားမှုကြောင့် ကာလတစ်ခုအတွက် ကြီးမားတဲ့ရေအိုင်ကြီးတွေဖြစ်နေပြီး အဲ့ဒိထဲမှာ ငါးတွေ အ
ကောင်တွေပေါက်ဖွားရှင်သန်လာကြတယ်။      တခါ ရေခမ်းသွားရင် အကုန်သေသွားပြီး သူတို့ရဲ့ဥ
တွေက မြေမှုံ၊ ဖုန်မှုန့်တွေထဲရောက်သွားပြန်တယ်၊ တခါမိုးရာသီရောက်လာရင် အဲဒိဥတွေက ငါးတို့
ဖားတို့တွေ ပြန်ပေါက်လာတာပါဘဲ။    တချို့ ငါးရံ့ကြီးမျိုးတွေကတော့ ရေခြောက်လာခါနီးမှာ ကန်ရဲ့
အောက်သားမြေပြင်ကို ထိုးဖောက်ပြီး ရွှံ့တွေ ရေအစိုဓါတ်တွေ အမြဲရှိနေတဲ့နေရာအထိ တူးပြီးနေကြ
ကာ အိပ်စက်နေတတ်ကြတယ်။ မိုးရာသီရောက်လို့ ရေတွေပြည့်လာရင် ကန်အထက်ကို ပြန်တက်
လာကြပါတယ်။ ကျွန်တော်လည်း လိုရင်းကို မရောက်နိုင်ဘူး စကားကြောရှည်နေမိပြန်တယ်။ အရာ
ရာဟာ ကိုယ်ထင်ထားသလိုတသမတ်တည်းရှိနေတာမဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ ဟောာာ
အခုလည်း   ice cream  ဆိုတာ အအေးဘဲရှိတာမဟုတ်လား။ အခုလည်း ရောသမ"ဟာသကဏ္ဍထဲ
မှာ " မြက်ပင်ကနေ ထုတ်လုပ်ထားတဲ့ warm grass ice cream ပူပူလေးကို အံ့သြစရာကောင်းလွန်း
လို့ တင်ပေးလိုက်ပါတယ်။ မိတ်ဆွေတို့ စိတ်ဝင်စားမယ်ဆိုရင် ကြည့်နိုင်ပါတယ်။     အဓိကသိထား
သင့်တဲ့ အချက်က အိုက်စ်ခရင်မ် ဆိုတာ အအေးချည်းဘဲ မဟုတ်ဘူး  အပူလည်းရှိပါသလားလို့မှတ်
လိုက်ကြပါ။ အားလုံးသော ချစ်မိတ်ဆွေများ ပျော်ရွှင်ရယ်မောနိုင်ကြပါစေ။
                                    ဒီကြယ်ပွင့်လေးတွေကို တချက်နှိပ်လိုက်ပါ (*****) 

No comments:

Subscribe

လာလည်သူများ

free counters