♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 29, 2014

"မင်းနှလုံးသားကတော့ ကြားရပါလိမ့်မယ် မိနီ"

အချစ်တဲ့....ဘာမှန်းလည်းမသိခဲ့ပါဘူး
အချစ်ရူးရူးနေတဲ့သူတွေကို တွေ့တော့
တော်တော်ဘဲ အံ့သြမိပါတယ်..မူးယစ်
ဆေး တစ်မျိုးထိခံ ထားရတာနှင့် တူတာ
ပါဘဲ....သူတို့ကိုကြည့်မိရင် ပူသလိုလို
အေးသလိုလိုနှင့် ငှက်ဖျားရောဂါကပ်နေ
သလိုပါဘဲ... မျက်စိကလည်း...သူချစ်တဲ့

သူလာမည့် လမ်းဘက်ကို တကြည့်ကြည့်
နှင့်..စကားပြောနေရင်းနှင့်တောင် အာရုံ
တွေက လွတ်တချက် မလွတ်တချက်နှင့်
အသိစိတ်တွေက ဝင်တချက်မဝင်တချက်
ကိုယ်ပြောနေတဲ့ စကားကို ကြားတချက်
မကြားတချက်...ဒါဘာဖြစ်တာလည်းကွာ
ရောသမမောင်စိုး ကားမောင်နေသလိုဘဲ
စတီယာရင်ပေါ် သူ့လက်ကရောက်လို့
ကားစက်ကိုနှိုးပြီး လီဗာပေါ်ခြေဖဝါးတင်
ပြီး မိုင်ကုန်တင်ကာ ဖီလင်တွေတက်လို့
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးစိစိနှင့် ပါးစပ်
ဖျား ခြင်တုတ်ခံရသလို မချိုသလိုချိုသလို
မချဉ်သလို ချဉ်သလို မခါးသလိုခါးသလို
အရူးပိုပို မူးပိုပိုနှင့် အာရုံဝင်ဝင် မုန်ဝင်ဝင်
ခက်တော့တာဘဲ ....စိုးစိုးမိုးမိုး ပိုင်ပိုင်နင်း
နင်း အာရုံတွေ လွင့်ပျောက်လို့ သူ့အရိပ်
သူ့အလှ သူ့အသံ သူ့စကား သူ့မျက်နှာ
သူ့အပြုံး သူ့အပြော သူ့အထွေး သူ့အ
တွေ့ သူ့အထိ သူ့အနမ်း သူ့ရနံ့ သူ့
အယုယ သူ့နားလည်မှုလေးတွေက ငါ့
ငါ့ ငါ့ ငါ့ကိုများ ရူးစေခဲ့ပြီလား..ငါဘဲတကယ်
ရူးမိပြီလား....ငါရူးနေတာလား...ငါရူးခဲ့
တာလား  ငါရူးတော့မှာလား... အိုးးးး
ငါနှင့် ဘာဆိုင်လို့လဲ....သူများအကြောင်း
ပြောရင်းးးငါက ဘာဖြစ်လို့ အချစ်ယစ်ယစ်
ညစ်တစ်တစ် ဖြစ်လို့ အချစ်စူးစူး ယစ်မူးမူး
ကြားထဲက ဖြစ်သွားရပါလိမ့်.......အိုးတ
ကယ်တော့ ငါဟာလည်း အသွေးနှင့်ကိုယ်
အသားနှင့် ကိုယ် နှလုံးနှင့်လူ အသိနှင့်လူ
ပါလားးး အချစ်ဆိုတဲ့ အားအင်တွေ လှုပ်
ရှားမှုတွေ အချစ်ဆိုတဲ့ လူးလွန့်မှုတွေ
ပူဆွေးမှုတွေ အချစ်ဆိုတဲ့ မက်မောမှုတွေ
ခံစားမှုတွေ အချစ်ဆိုတဲ့ ပျော်လိုမှုတွေ
ကြည်နူးမှုတွေ အချစ်ဆိုတဲ့ သာယာမှု
တွေ ရွှင်လန်းမှုတွေ အချစ်ဆိုတဲ့ စိုးရွံ့မှု
တွေ ရင်ခုံမှုတွေ အချစ်ဆိုတဲ့ ကြောင့်ကြ
မှုတွေ သဝန်တိုမှုတွေ အချစ်ဆိုတဲ့ စူးနစ်
မှုတွေ ခိုင်မြဲမှုတွေ အချစ်ဆိုတဲ့ လန်းဆန်း
မှုတွေ လိုက်လျောမှုတွေဟာ ငါ့နှလုံးထဲ
မှာ ရှိနေပါရော့လားးးး တကယ်တော့ငါဟာ
လည်း အချစ်နှင့် မကင်းတဲ့ အချစ်မူးသမား
အချစ်ရူးသမား အချစ်စူးထားခံရတဲ့ ရောသမ
ထဲက ရောသမအချစ်သည်တစ်ယောက်ပါလား???
ငါ မင်းကို တကယ်ချစ်ခဲ့တာပါ တကယ်ချစ်
နေသေးတယ် တကယ်ချစ်နေမယ်..ငါ့ရင်ခုံသံ
ကို မင်းမကြားနိုင်ပေမဲ့ မင်းနှလုံးသားကတော့
ကြားရပါလိမ့်မယ် မိနီ......(ပေါက်စီပေါ်က နီနီ)
((ရောသမ ပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters