♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 1, 2014

"ဘုံဆိုင်ထဲက ဟာသများ"

1
မှားပေလို့
အရက်မူးသမားနှစ်ယောက်သည် ပန်းခြံထဲမှာ အရက်သောက်ပြီး ကလေးများစကားကွင်းထဲသို့ သွားကာ ရိုလာကိုစတာတတ်စီးကြသည်။ နောက်ဆုံးမှာတော့ မူးနေသူတစ်ယောက်က ကျန်တစ်ယောက်ဘက်သို့ လှည့်ပြောလေ တော့သည်။
“ ဟေ့ကောင်၊ ငါတို့ ဘတ်စ်ကား မှားစီးမိပြီကွ”

2
ဆေးနည်းကောင်း
ဇနီးဖြစ်သူက ယောက်ျားအရက်သမားကို ကွာရှင်းတော့မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ရာ အိမ်နီးချင်းတစ်ယောက်က နောက်တစ်ကြိမ်ခန့် အခွင့်ရေးပေးလိုက်ပါဦးဟု ဖျောင်းဖျကြသည်။
“ ရှင် သူ့ကို ဆူညံပူညံလုပ်မဲ့အစား ကောင်းကောင်းမွန်မွန် ဆက်ဆံကြည့်ပါဦး” ဟု အိမ်နီးချင်းများကဆိုကြသည်။
နောက်တစ်နေ့ညတွင် ယောက်ျားဖြစ်သူသည် လူမှန်းသူမှန်းမသိအောင်မူးပြီး အိမ်ကို ဒယီးဒယိုင်ဖြင့် ပြန်ရောက်လာသည်။ မိန်းမဖြစ်သူက သူ့ကိုအရင်လို ဆူညံပူညံ မလုပ်တော့ဘဲ
သူ့အတွတ်လက်ဖက်ရည် တစ်ခွတ်ဖျော်ပေးသည်။ ခြေထောက်တွေကိုနွေးထွေးအောင်လုပ်ပေးသည်။ အင်္ကျီနှင့် လည်စည်းကိုပါ ချွတ်ပေး ပြီး ဆံပင်တွေကို ပွတ်သပ်ပေးသည်။
“ မောင်၊ ကျွန်မတို့အိပ်ရာဝင်ကြရအောင်” ဟုဇနီးကချိုသာစွာ ပြောသည်။
“အေး........ ကောင်းသားပဲ၊ ကိုယ်အိမ်ပြန်ရင် အိမ်ကမယားကြီးက ကုလားထိုင်ပေါ်မှာပဲ အိမ်ခိုင်းမှာ” ဟု ယောက်ျားဖြစ်ြသူက အာလေးလျှာလေးဖြင့် ပြောသည်။

3
ဒီလိုမကြည့်ပါနဲ့
အရက်မူသမားတစ်ယောက် ရေချိန်ကိုက်ပြီး ဆိုင်ထဲမှ ထွက်ကာ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့သည်။ သူသည်လမ်းလျှောက်နေရင်နှင့် တိရစ္ဆာန်ရုံထဲကို ၀င်မိလျက်သား ဖြစ်နေ၏။ သူ့မျက်လုံးအစုံကို ဖြဲကြည့်တော့မှ ရေမြင်းထည့်ထားသော လှောင်အိမ်ရှေ့သို့ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမူးသမားက ရေမြင်းကိုကြည့်ပြီး ပြောလိုက်သည်မှာ.....
“ငါ့ကို ဒီလိုကြီး မကြည့်ပါနဲ့ မိန်းမရယ်။ ဖြစ်ကြောင်း ကုန်စင်ကို ငါ ရှင်းပြပါ့မယ်”


4
နေစမ်းပါဦး
အမူးသမားတစ်ယောက်သည် ဘားဆိုင်ထဲသို့ဝင်သွားကာ
“ကျွန်တော်ကို ဂျင် နဲ့ တော်နစ်ပေးပါ”
“ခင်ဗျား မူးနေပြီ။ ပြန်တော့” ဟုဘားစာရေးက ပြောသည်။
ထိုအခါ အမူးသမားသည် ဆိုင်ထဲမှ ပြန်ထွက်သွားပြီး ထိုဘာလောက်ကို ပတ်လျှောက်ကာ ထိုဘားဆိုင်ထဲကိုပဲ ပြန်ရောက်လာသည်။
“ကျွန်တော်ကို ဂျင် နဲ့ တော်နစ်ပေးပါ”
“ခင်ဗျား မူးနေပြီ။ ပြန်တော့” ဟုဘားစာရေးက ဆိုပြန်သည်။
အမူးသမားသည် ဆိုင်ထဲမှပြန်ထွက် သွားပြီး ထိုဘာလောက်ကိုပတ်လျှောက်ကာ ထိုဘားဆိုင်ထဲကိုပဲ ပြန်လာပြန်သည်။
“ကျွန်တော်ကို ဂျင် နဲ့ တော်နစ်ပေးပါ”
“ခင်ဗျား မူးနေပြီ။ ပြန်တော့” ဟုဘားစာရေးက ဆိုပြန်သည်။
ထိုအခါ အမူးသမားက .....
“ဒါနဲ့နေပါဦး။ ဒီတစ်မြို့လုံးက လားဆိုင်တွေအားလုံး ခင်ဗျားတစ်ယောက်တည်း ပိုင်တာလားဗျာ”


5
အလျင်မှီအောင်လို့ပါ
တစ်ညနေတွင် အရက်သမားတစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်၌ အရက်ထိုင်သောက်နေ၏။ သူ့ဘေးစားပွဲရှိ လူတစ်ယောက် ၀ီစကီသောက်ပုံကိုကြည့်ပြီး သူစိတ်လေသွားသည်။ သူ့ဘေးစားပွဲကလူသည် စားပွဲထိုးလာချပေးသည့် ၀ီစကီတစ်လုံးကို တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်သည်။ ထိုသူမနေနိုင်တော့ပဲ ထိုလူ့ကို ပြောရသော့သည်။
“မိတ်ဆွေ ဒီလောက်ကောင်းတဲ့ ၀ီစကီကို ဒီလိုသောက်ဖြစ်တာ သိပ်နည်းလမ်းမကျဘူးဗျာ”
ထိုသူကလည်းပြောသည်။
“ကျွန်တော်သိပါတယ်ဗျာ။ မတော်တဆဖြစ်ခဲ့လို့ ဒီလိုသောက်မှ ဖြစ်တော့မှာမို့...အခုလို သောက် ရတာပါ။”
“ဘယ်လို မတော်တဆ ဖြစ်ခဲ့တာလဲဗျာ”
“မနိပ်ပါဘူးဗျာ။ ကျွန်တော် တံတောင်ဆစ်နဲ့ လုံးဝ မသောက်ရသေးတဲ့ အရက်ပုလင်းကို တိုက်မိခဲ့တာ၊ ကျကွဲသွားတယ်လေ”


6
မဖြစ်သင့်ဘူး
လူတစ်ယောက်သည် ဘုံဆိုင်ထဲသို့ ၀င်လာကာ ဘားစာရေးကိုမှာသည်။
“ဟေ့၊ ဒီဆိုင်မှာ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး ယမကာတစ်ခွက် ပေးစမ်းကွာ”
ဘားစာရေးက အရက်ချပေးသောအခါ ထိုလူက အရက်ကိုကုန်အောင်သောက်ပြီး ခွက်ကို ပြန်ချထားကာ ညည်းသည်။
“အင်း ကျုပ်မှာရှိတဲ့ ပိုက်ဆံနဲ့ ဒီအရက်ကို မသောက်သင့်ပါဘူးဗျာ”
“ခင်ဗျားမျာ ဘယ်လောက်ပါလဲ” ဟု ဘားစားရေးက မေးသည်။
“၁၀ ပြား”


7
သတ္တိရှိရင်
သွားကိုက်သည့် ဝေဒနာကို အလူးအလဲ ခံစားနေရသည့် လူတစ်ယောက်သည် ရှိသမျှသတ္တိတွေ အကုန်စုစည်းပြီး သွားဆရာဝန်ထံ သွားပြသည်။ ဆေးခန်းထဲက ထိုင်ခုံမှာ ထိုင်လျှင် ထိုင်းချင်း သူ့သတ္တိတွေ ဘယ်ရောက်သွားသည်မသိ။ ကြောက်စိတ်တွေ ၀င်လာသည်။
ထိုအခါ ဆရာဝန်က ...
“၀ီစကီတစ်ခွက် သောက်လိုက်ပါလား။ ဒါမှခင်ဗျား စိတ်ငြိမ်သွားမှာ ”
ထိုလူက ဆရာဝန်ပေးသော ၀ီစကီတစ်ခွက်ကို ပြောင်စက်အောင် သောက်ပစ်လိုက်သည်။
“အခု ဘယ်လိုနေလဲ” ဟု ဆရာဝန်ကမေးသည်။
“ကျွန်တော် ကြောက်နေတုန်းပဲ ဆရာ”
ထိုအခါ ဆရာဝန်က သူ့ကိုနောက်တစ်ခွက်ထက်ပေးသည်။ ဒီလိုနှင့် တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်ရာ ငါးခွက်မြောက်သွားလေသည်။
ထိုအခါ လူနာက လက်သီးလက်မောင်းတန်းကာ...
“ကျုပ်ပြောမယ် ... ဒီအချိန်ကစပြီး ကျုပ် သွားကို ထိရဲရင်ထိကြည့်။ မီးပွင့်သွားမယ်”


9
လေ့ကျင့်ခန်း
မိန်းမတစ်ယောက်သည် စူပါမားကတ်တစ်ခုတွင် ဈေးဝယ်ထွက်ရာ မိတ်ဆွေ တစ်ယောက်နှင့်တွေ့ပြီး သူ့ယောက်ျားအရက်သမားအကြောင်း စကားစပ်မိကြ သည်။
“စီးကရက်ရောင်းတဲ့စက်သာ ဘားဆိုင်နဲ့ ခြေလှမ်းသုံးလေးလှမ်းအကွာမှာ မရှိဘူး ဆိုရင်၊ ကျွန်မ ယော်ကျားဟာ နည်းနည်းလေးမှ လေ့ကျင့်ခန်း လုပ်ဖြစ်မှာ မဟုတ် ဘူးရှင့်”


10
မထူးပါ
သူငယ်ချင်းနှစ်ယောက်သည် အရက်ကို ဆိုင်ပိတ်ချိန် အထိ သောက်ကြ၏။ ဆိုင်ပိတ် မှ နှစ်ယောက်သား ယိုင်ထိုး၊ ယိုင်ထိုးနှင့် အိမ်ပြန်ခဲ့ကြသည်။ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်မှာ အမှုးလွန်နေလေသည်။ ထို့ကြောင့် သိပ်မမှုးသေးသူက အမှုးလွန် နေသူကို...
“ဟေ့ကောင်၊ မင်း ဒီပုံအတိုင်း လမ်းလျှောက်ပြန်ရင်တော့ မဖြစ်ဘူး။ ဘတ်စ်ကားစီး ပြီး ပြန်ပါလား”
ထိုအခါ အမှုးလွန်နေသူက...
“အဲဒါလည်းမထူးပါဘူး။ ငါဘတ်စ်ကားစီးပြီး ပြန်လည်း ငါ့မိန်းမက ဘတ်စ်ကားကို အိမ်ထဲ အ၀င်ခံမှာ မဟုတ်ဘူးကွ”

Photobucket
ကျေးဇူးကြီးလှပါတယ်
တရားသူကြီးက တရားခွင်တွင် တရာခံနေရာမှာ ရှိနေသူကို ကြည့်ပြီး...
“မောင်ရင် ဘာတွေဖြစ်နေတယ်ဆိုတာကို ကျုပ်ပြောပြမယ်။ အရက်...အ၇က်ကသာ မောင်ရင် လက်ရှိရင်ဆိုင်နေရတဲ့ ပြစ်မှုတွေရဲ့ အဓိက တရားခံပဲ။ အရက်ကြောင့် သာ ဒီအမှုတွေ ဖြစ်နေတာ”
ထိုအခါ တရာခံ အမှုးသမားက...
“ကျေးဇူးကြီးမားလှပါတယ် တရားသူကြီးမင်းခင်ဗျာ။ လူတိုင်းက ကျွန်တော့်အပြစ် ပဲလို့ပြောပြေနေကြလွန်းလို့ပါ”

12
လမ်းထောင့်
ရဲသားတစ်ယောက် ကင်းလှည့်နေရင်းနှင့် အမှုးသမား တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်၏။ ထိုအခါ အမှုးသမားက
“ဆရာ၊ လမ်းထောင့်က ဘယ်နားမှာလဲ ခင်ဗျာ”
“ခင်ဗျားရပ်နေတာ လမ်းထောင့်ပဲလေ”
“သြော်...ဒါကြောင့် မတွေ့မိတာကိုး”ဟု အရက်သမားက ငြီးတွားလိုက်လေသည်။

13
ကျန်ပါသေးတယ်
“မနေ့ညက ခင်ဗျား အရက်မှုးပြီး အိမ်ပြန်သွားတော့၊ ခင်ဗျားမိန်းမ ဒေါကန်နေသေး လားဗျ”
“သိပ်ဒေါမကန်ပါဘူးဗျာ။ ကျုပ်ရှေ့သွားတွေ မရှိတော့တာသာ ကြည့်ပေတော့။ အောက်သွားတွေ ကျန်နေသေးတယ်လေ”

14
မင်းကတော့ အဆင်ပြေပါတယ်
သူငယ်ချင်းနှစ်ယောက် အ၇ပ်ထဲက ပျော်ပွဲရွှင်ပွဲတစ်ခုမှာ သောက်စားပြီး အိမ်ပြန် လာခဲ့ကြလေသည်။
တစ်ယောက်က...
“ငါလမ်းလျှောက်တာ ယိုင်နေလား။ ငါယိုင်နေတယ်ဆိုရင် ငါ့မိန်းမက ရိပ်မိသွားလိမ့် မယ်။ ငါမှုးနေတယ်ဆိုတာ သူသိသွားရင်တော့ မလွယ်ဘူး။ ဆော်ပလော်တီးခံ၇လိမ့် မယ်။ မင်း၊ ဒီမှာ ခဏရပ်နေ။ ငါမင်းရှေ့က လျှောက်ပြမယ်။ ယိုင်တယ်၊ မယိုင်ဘူးဆို တာ ငါ့ကိုပြေပြ”ဟုဆိုကာ ရှေ့မှလျှောက်သွားသည်။
ကျန်တစ်ယောက်က ထိုလူလမ်းလျှောက်ပုံကို ကြည့်ပြီးပြော၏။
“မင်းလျှောက်တာကတော့ ဖြောင့်နေတာပဲ။ ဒါပေမဲ့ မင်းနဲ့အတူ လျှောက်နေတဲ့ ငနည်းကတော့ လမ်းပြည့်အောင် ယိုင်ထိုးပြီး လျှောက်နေတယ်ကွ”


Photobucket
ပြင်ဆင်မှု
မင်းခမ်းမင်းနားနှင့် သောက်သုံးနေကြသောဘားဆိုင်ထဲတွင် လူတစ်ယောက်သည် သူ ဘယ်လောက်သောက်နိုင်ကြောင်း လူတကာကို လိုက်ပြီး ကြွားလုံးထုတ်နေ၏။ သူ့ကြွားလုံး ဒဏ်ကိုသည်းမခံနိုင်သည့်အဆုံး ဆိုင်ထဲမှ ဖောက်ည် တစ်ယောက်က ထ၇ပ်ကာ သူ့ကို စိန်ခေါ် လေတော့သည်။
“ဟေ့လူ၊ ဟောဒီ ရေခဲထည့်တဲ့ ငွေရောင်ပုံးကို ကြည့်စမ်း။ အဲဒီပုံးထဲကို ကျုပ်ဘီယာ အပြည့် ထည့်ထားမယ်။ ခင်ဗျား တစ်ခါတည်း ကုန်အောင်သောက်နိုင်ရင် ပေါင် ငါးဆယ်ပေးမယ်”
ထိုအခါ ကြွားလုံးထုတ်သူသည် ဆိုင်ထဲမှ အပြင်သို့ ထွက်သွား၏။
ငါးမိနစ် ကြာသောအခါ ထိုသူသည် ဆိုင်ထဲသို့ ပြန်ဝင်လာပြီး ထိုပုံးထဲကို ဘီယာ အပြည့် ဖြည့်ခိုင်းလိုက် သည်။ ထို့နောက် ဘီယာကို သတ်မှတ်ထားသည့် စံချိန်အ တိုင်း သောက်ပြလိုက်သည်။
သည်တော့မှ စိန်ခေါ်သူက...
“ခင်ဗျားကို အရူံးပေးပါပြီဗျာ။ ဒါနဲ့ခုနက ခင်ဗျားဘယ်ကို သွားလိုက်တာလဲ”
ကြွားလုံးထုတ်သူက...
“ဘယ်မှမသွားပါဘူး။ ကျုပ်က ဒီလောက်အများကြီး အသောက်ဖူးတော့ ဘေးက ဘားဆိုင်မှာ သောက်နိုင် မသောက်နိုင် သွားစမ်းသောက်ကြည့်တာပါ”

Photobucket
သိပ်သိတာပေါ့
ကုမ္ပဏီတစ်ခု၏ ကော်မတီ အစည်းအဝေးပွဲတွင် အသင်းဝင်တစ်ယောက်မှာ ထိန်း မနိုင်၊ သိမ်းမရ မှုးနေ၏။ ထိုအစည်းအဝေးပွဲတွင် ယာယီအရာရှိနှင့် အမြဲတမ်းအရာ ရှိ လျာထားခန့်အပ်ရေးကို မေးမြန်းဖို့ အခြေနေ ရောက်လာသောအခါ မှုးနေသူက စကားပြောရန် ထရပ်လိုက်သည်။ ထိုအခါ ဘေးနားမှာ ရှိသူက...
“ထိုင်စမ်းပါဗျာ။ ခင်ဗျား သိပ်မှုးနေပြီ။ ယာယီနဲ့ အမြဲတမ်းဘာကွာလဲ ဆိုတာကို တောင် ခင်ဗျား သိမှာမဟုတ်ဘူး”
ထိုအခါ အမှုးသမားက...
“အိုး၊ သိပ်သိတာပေါ့။ ကျုပ် အခုမှုးနေတယ်။ အဲဒါယာယီ၊ တစ်ခဏပဲ။ ဒါပေမဲ့ ခင်ဗျားက လုံးဝ အသုံးမကျတဲ့ ငတုံးကြီးဗျ။ အဲ...ဒါကတော့ အမြဲတမ်းပဲ”

Photobucket
တူလွန်းလို့ပါ
အမျိုးသမီးတစ်ယောက်နှင့် အမှုးသမားတစ်ယောက် ဆလွန်းဘားထဲတွင် အပြန် အလှန် စကားများနေကြသည်။ အမှုးသမားက...
“မင်း ငါ့ကို ဒီလိုရန်စကားတွေ မပြောနဲ့ကွာ။ မင်းပြောပုံက ငါ့ အရင်မိန်းမကို ပြန်သတိရအောင် လုပ်သလို ဖြစ်နေတယ်”
ထိုအခါ အမျိုးသမီးက အော်ဟစ်ကာ...
“ကျုပ်က ရှင့်မယားကြီးပဲလေ”

Photobucket
စိတ်ဆိုးမှာလား
အိုင်းရစ်လူမျိုးနှစ်ယော် ဘုံဆိုင်ထဲတွင် စကားဖောင်ဖွဲ့ နေကြသည်။ မိုက်ကယ်က...
“ဟေ့ကောင် ပက်ထရစ်၊ ငါသေသွားခဲ့ရင် ငါ့သင်္ချိုင်းပေါ်ကို အကောင်းဆုံး ၀ီစကီ တစ်လုံးလောက် လောင်းချပေးပါကွာ”
ထိုအခါ ပက်ထရစ်က...
“လောင်းချပေးရမှာပေါ့ သူငယ်ချင်းရယ်။ ဒါပေမဲ့ အဲဒီဝီစကီကို ငါ့ကျောက်ကပ်ထဲ အရင်ဖြတ်ပြီးမှ လောင်းချပေးမယ်ဆိုရင် မင်း စိတ်ဆိုးမှာလား”

Photobucket
သွားပြီ
လူတစ်ယောက်သည် အမှုးလွန်ကာ ယိုင်ထိုး၊ ယိုင်ထိုး ဖြစ်နေ၏။ သူလှည့်သောက် သည့်ဆိုင်တွေကလည်း ကုန်သလောက်ဖြစ်နေပြီ။ ဘုံဆိုင်တွေ အားလုံးပိတ်သော အခါသူသည် အိမ်မပြန်ဘဲ လမ်းပျော်မလေးတစ်ယောက်နှင့် အတူနေလိုက်သည်။ မနက်ငါးနာရီထိုး သူအိမ်ပြန်ရောက်သွားသောအခါ သူ့မိန်းမ မအိပ်သေးဘဲစောင့်နေ သည်ကို တွေ့လိုက်ရသည်။ ထိုအခါ အရက်သမားသည် မမှုးသလိုလို၊ ဘာလိုလိုနှင့် အ၀တ်အစားတွေ ချွတ်သည်။ ရုတ်တရက် သူ့မိန်းမက လှမ်းပြောလိုက်သည်။
“ဘုရားသခင်၊ ရှင့် အတွင်းခံဘောင်းဘီ ဘယ်ရောက်သွားလဲ”
ထိုအခါ အရက်သမားက သူ့အောက်ပိုင်းကို ငုံ့ကြည့်လိုက်ပြီး အလျင်အမြန် စဉ်းစား ကာ ပြန်ဖြေလိုက်သည်။
“အို၊ ဘုရားသခင်။ ကိုယ် အလုခံလိုက်ရပြီ”

Photobucket
ကိစ္စမရှိပါဘူး
အမှုးသမားနှစ်ယောက်သည် ဒယီးဒယိုင်နှင့် ရထားသံလမ်းအတိုင်းလမ်းလျှောက် ပြန်လာကြ၏။
တစ်ယောက်က ဇလီဖားတုံးတွေပေါ် နင်းရင်း...
“ငါ့တစ်သက် ဒီလောက်များတဲ့ လှေကားထစ်တွေ မတွေ့ဖူပါဘူးကွာ”
ထိုအခါ ကျန်တစ်ယောက်က သံလမ်းကိုကြည့်ပြီး...
“လှေကားထစ်များတာက သိပ်ကိစ္စမရှိပါဘူးကွာ၊ လက်ရန်းက နိမ့်လွန်းလှတယ်”

Photobucket
အံ့သြစရာတော့ မဟုတ်ပါဘူး
လူတစ်ယောက်သည် အရက်အလွန်အကျွံသောက်ပြီး မှုးမှုးနှင့် သွားမိသွားရာ လျှောက်သွားနေရင်း သင်္ချိုင်းကုန်းထဲရောက်သွားသည်။ သူသည် မမြင်မကမ်းနှင့် လျှောက်သွားနေရာ တူးထားပြီးသား ကျင်းတစ်ခုထဲသို့ ပြုတ်ကျသွားသည်။ တွင်းထဲ ရောက်တော့မှ “ကယ်ကြပါ၊ ကယ်ကြပါ”ဟု တစာစာအောင်ဟစ်ကာ အကူအညီ တောင်းလေတော့သည်။
သူ့အသံကို မှုးပြီး အိမ်ပြန်လာသည့် သူ့လို အမှုးသမားတစ်ယောက်က ကြားသွား လေရာ...
ဘာများဖြစ်တာပါလိမ့်ဟု စဉ်းစားရင်း တွင်းနှုတ်ခမ်းမှာ သွားကြည့်သည်။
တွင်းထဲမှ အမှုးသမားက...
“ကျုပ်ကို ဆွဲတင်ပေးပါဦးဗျာ။ ဒီထဲမှာ သေမလောက် အေးတယ်”
တွင်းနှုတ်ခမ်းဝမှ အမှုးသမားက...
“အံ့သြစရာတော့ မဟုတ်လှပါဘူးလေ။ သူတို့ခင်ဗျားကို မြေဖို့ပေးဖို့ မေ့သွားတာပဲ ဖြစ်ရမယ်”

Photobucket
သူ့ကိစ္စသူရှင်း
အရက်သမားနှစ်ယောက် အရက်ဆိုင်မှာ သောက်စားနေကြ၏။ ည ကိုးနာရီ ထိုးသွားသောအခါ သူတို့နှစ်ယောက် ပိုက်ဆံပြတ်သွားသည်။ ထပ်သောက်စရာ မရှိတော့။
ထိုအခါ တစ်ယောက်က...
"ဟေ့ကောင်၊ ငါ အကြံရပြီ။ ငါ့အိမ်ကို ပြန်ပြီး ငါ့မိန်းမဆီက ပိုက်ဆံ သွားချေးမယ်"
ထို့နောက် သူတို့နှစ်ယောက် အိမ်သို့ချီတက်သွားကြလေသည်။ အိမ်ပေါ်ရှိ အိပ်ခန်းသို့ ယိုင်ယိုင်ထိုးထိုးနှင့် တက်သွားရာ အိပ်ခန်းထဲသို့ ရောက်သောအခါ အိပ်ခန်းထဲမှာ သူ့ဇနီးနှင့်အတူ လူစိမ်းယောက်ျား တစ်ယောက် ၇ှိနေသည်ကို တွေ့ကြ၏။ ထိုအရက်သမားကတော့ သူ့မိန်းမ လူစိမ်းယောက်ျားနှင့် အတူရှိနေသည်ကို သိပ်ပြီး တုန်လှုပ်ပုံမပေါ်။ သူနှင့်အတူပါလာသည့် အရက်သမားက ထိတ်ထိတ်လန့်လန့် ဖြစ်နေသည်။
ပထမ အရက်သမားက...
"ဟေ့ အချစ်လေး မင်းရဲ့ ချစ်ဒါလင်အတွက် ပိုက်ဆံလေး၊ ဘာလေး မရှိဘူးလား"
"ကျွန်မပိုက်ဆံအိတ်က အောက်ထပ် မီးဖိုချောင်ထဲက စားပွဲပေါ်မှာ။ ဒါနဲ့ ကျေးဇူးပြုပြီး ဒီအခန်းထဲက ကြွကြပါတော့ရှင်"
ထို့နောက် သူတို့နှစ်ယောက် အောက်ထပ် မီးဖိုချောင်ရှိရာသို့ ဆင်းသွားကြလေသည်။
ပထမ အရက်သမားက...
"ဟေ့ကောင်၊ ငါ့မိန်းမ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေ အများကြီးကွ၊ ငါတို့ တစ်ယောက်နှစ်ပက်စီ ကောင်းကောင်း သောက်လို့ရသေးတယ်"
"ဟုတ်ပါ့ကွာ။ ဒါနဲ့ မင်းမိန်းမအခန်းထဲက ငနဲကို ဘယ်လိုလုပ်မလဲ"
"အဲ့ဒီအကောင်ကို မေ့ထားလိုက်စမ်းပါကွာ။ သူသောက်ချင်ရင် သူ့ဘာသာသူ ၀ယ်သောက်လိမ့်မယ်"



မေ့ပစ်ချင်လို့
ဘားဆိုင်မှာ သောက်နေသည့် အရက်သမားက...
“ကျုပ်က မေ့ပစ်ဖို့ အရက်သောက်တာဗျ”
ထိုအခါ ဘားမှာ ထိုင်နေသူက...
“ဘာကိုမေ့ပစ်ဖို့လဲဗျ”
“ကျုပ်ဟာ အရက်သမားဆိုတာကို မေ့ပစ်ဖို့လေ”

အတွဲညီညီ
စကော့လူမျိုးနှစ်ယောက်သည် မှုးယစ်သောက်စားမှုနှင့် တလွဲတချော် လုပ်ဆောင်မှုတို့ကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ရလေသည်။ တရားသူကြီးက တရားလိုကို မေးလေသည်။
“မောင်မင်း၊ သူတို့နှစ်ယောက် မှုးနေတယ်ဆိုတာ”
“သေသေချာချာကို သိပါတယ် တရားသူကြိးမင်းခင်ဗျား။ တစ်ယောက်က ပိုက်ဆံအိတ်ကိုဖွင့်ပြီး လွှင့်ပစ်တယ်။ ကျန်တစ်ယောက်က ပိုက်ဆံတွေကို လိုက်ကောက်ပြီး အဲဒီလူကို ပြန်ပေးနေပါတယ် ခင်ဗျာ”

မှတ်မိလား
တစ်ညနေစောင်းတွင် ရဲစခန်း ရုံးခန်းတံခါး ၀ုန်းခနဲ ပွင့်သွားသည်။ အထဲကို ၀င်လာသူကား မှုးနေသည်ဟုပင် ပြောစရာမလို။ ခြေလှမ်းပင် မမှန်တော့။ ထိုအမှုးသမားက တာဝန်ကျရဲအရာရှိကို...
“ဆရာခင်ဗျား၊ ကျွန်တော့ကို မှတ်မိပါရဲ့လား။ အရင်တစ်ပတ်က ကျွန်တော့်အိမ် ဖောက်ထွင်းခံခဲ့ရတာလေ။ အိမ်သားတွေအားလုံး တစ်ယောက်မှတောင် မနိုးကြဘူးလေ”
ထိုအခါ ရဲအရာရှိက...
“မှတ်မိပါ့ဗျာ။ သိပ်မှတ်မိတာပေါ့”
အမှုးသမားက ထပ်မေးလိုက်သည်မှာ...
“ဒါဆို၊ ဆရာ ကျွန်တော့်ကို တစ်ခုကူညီနိုင်မလား။ အဲ့ဒီ ဖောက်ထွင်းဝိဇ်ဇာနဲ့ ကျွန်တော်တွေ့ချင်လို့ပါ။ သူ ကျွန်တော့်အိမ်ကို ဖောက်တုန်းက ကျွန်တော့်မိန်းမ မနိုးအောင် ဘယ်လိုဝင်သလဲ ဆိုတာလေးကို မေးကြည့်ရုံသက်သက်ပါပဲ”
Credit to   ♣☺☺☺☺☺ မေတ္တာရိပ် ☺☺☺☺☺♣


ကျေးဇူးတင်ပါတယ်...

No comments:

Subscribe

လာလည်သူများ

free counters