♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 31, 2014

"ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး"

ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

မိုးကြီးနိုင်လို့ လက်ရှိစပါးရိတ်သိမ်းချိန်ရာသီချိန်မှာ လယ်သမားတွေအနေနဲ့
အထူးသတိထားကြဖို့ ဦးထွန်းလွင်က အခုလိုပြောပါတယ်။

"လယ်သမားတွေကတော့ သတိထားရမှာပဲ၊ မွန်၊ ကရင်၊ တနင်္သာရီကတော့ တော်တော်ရွာတယ်၊ မြစ်ဝကျွန်းပေါ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်တို့ကတော့ မိုးက ကွက်ကြားလောက်ရွာတယ်၊ ရွာတော့ရွာတယ်၊ သတိတော့ထားရမှာပဲလေ၊ မိုးမိမခံနိုင်တဲ့ဟာတွေကတော့ ကြိုတင်မြန်မြန်ဆန်ဆန်လုပ်ဖို့နဲ့ အမိုးအကာအောက်ဖို့တော့ ဂရုစိုက်ရမှာပေါ့၊ တစ်ချက်မိလိုက်ရင် သွားမှာပဲ"

အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကို ဦးတည်ဝင်ရောက်နိုင်ကြောင်း၊ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တွေအပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ ချိန်ခါမဟုတ်မိုးကြီးနိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အတွင်း လက်ကျန်မုန်တိုင်းတွေရှိနေသေးတာမို့ နိုဝင်ဘာလကုန်ပိုင်းအထိ မိုးရွာနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပြောကြားထားပါတယ်။



RFA Burmese

No comments:

Subscribe

လာလည်သူများ

free counters