Tencent News ရဲ့ ဖော်ပြချက်အရ ဟင်နန်ပြည်နယ် ပင်ဒင်ရှန်မြို့ ပန်းခြံရဲ့ တိရိစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီကလေးဟာ ဝက်ဝံကို အစားကျွေးဖို့ ရည်ရွယ်ချက်နဲ့ လုံခြုံရေးလက်ရန်းကိုကျော်ပြီး ဝင်ခဲ့တာဖြစ်ပါတယ်။
လှောင်အိမ်ထဲလက်ထည့်ပြီး အစာကျွေးတဲ့အခါ ဝက်ဝံဟာ ကောင်လေးကို တိုက်ခိုက်ပြီး လက်ကိုခဲထားခဲ့ပါတယ်။


ကောင်လေးဟာ ရုန်းထွက်နိုင်ခဲ့ပေမဲ့ လက်ကတော့ ဝက်ဝံဆီမှာ ကျန်ခဲ့ပါတယ်။
မိဘများနဲ့ တာဝန်ရှိသူတွေရောက်လာချိန်မှာတော့
ဝက်ဝံဟာ ကောင်လေးရဲ့လက်နဲ့ လှောင်အိမ်ထဲမှာ ဆော့နေတယ် လို့ဆိုပါတယ်။
ပန်းခြံဟာ ကောင်လေးရဲ့ ဆေးကုသစရိတ်အတွက် ယွန် ၈၀၀၀ ထောက်ပံ့ခဲ့ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
No comments:
Post a Comment