♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 23, 2014

"မြန်မာနိုင်ငံတွင် ပထမဦးဆုံးရွေ့လျား ကရ၀ိက်ရေပေါ်ဟိုတယ် မကြာမီဖွင့်လှစ်တော့မည်"



 
မန္တလေး   အောက်တိုဘာ   ၂၂

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဖြစ် မြစ်အတွင်း ရွေ့လျားသွားလာ နိုင်သော   ကရဝိက်ကမ္ဘာ့အဆင့်မီ ရေပေါ်ဟိုတယ်ကြီးတစ်ခုကို မြန်မာ နိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်း ၌ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးအတတ် ပညာများဖြင့်တည်ဆောက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်ပြီး မကြာမီဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်ဟု သိရသည်။


ကရဝိက်ဟိုတယ်တည်ဆောက် မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ရန်ကုန်ကန်တော်ကြီး၌     လည်း ကောင်း၊  ကျောက်ဆည်မြို့၌လည်း ကောင်း၊ ယခင် မန္တလေးတွင်လည်း ကောင်း ကရဝိက်ပုံ အဆောက်အအုံ များရှိခဲ့သော်လည်း   မြစ်အတွင်း သဘာဝ   ငှက်ကရဝိက်များကဲ့သို့ ရှင်သန်သွားလာနေသော  ရေပေါ် ကရဝိက်ဖောင်တော်ကြီးအား တည် ဆောက်လိုခြင်းဖြစ်ကြောင်း မန္တလေး သား တစ်ယောက်အနေဖြင့် မြန်မာ့ လက်မှု  ပန်းဆယ်မျိုးအနုပညာများ အား ကမ္ဘာကသိရှိစေလိုပြီး  မြန်မာ နိုင်ငံတွင်     နိုင်ငံတကာခရီးသွား လုပ်ငန်းများ တိုးတက်လာမှုနှင့်အတူ တစ်မူထူးခြားသော ရေပေါ်ဟိုတယ် တစ်ခုတည်ဆောက်ပြီး မြန်မာ့ခရီး သွား လုပ်ငန်းအား တစ်ဖက်တစ်လမ်း မှ ပိုမိုတိုးတက်စေရေးအတွက် ရည် ရွယ်ကာ    တည်ဆောက်ခြင်းဖြစ် ကြောင်း အုပ်ချုပ်မှုဒါရိုက်တာဦးထွန်း ထွန်းက ပြောကြားသည်။

ကရဝိက်  ရေပေါ်ဟိုတယ်တွင် အထပ်သုံးထပ်ပါရှိပြီး အပေါ်ဆုံးထပ် အတွင်း လူ ၂၅ဝဆံ့ မင်္ဂလာခန်းမ တစ်ခု၊ နှစ်ယောက်အိပ်အခန်း ၂၆ ခန်း၊ နှစ်ယောက်အိပ်အထူးခန်းလေး ခန်းနှင့် မိသားစုခန်းသုံးခန်း စုစုပေါင်း  ၃၉ ခန်းပါဝင်မည်ဖြစ်ပြီး  အလျား ၁၈ပေ၊  အနံ ၁၂ ပေရှိသည့် ရေစိမ် ကန်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။

တည်းခိုခနှုန်းထားများကိုလည်း နိုင်ငံ တကာအဆင့်ထက်မပိုသော  အဖိုး အခ၊  ပြည်တွင်းကုန်းပေါ်ရှိ ဟိုတယ် များထက်မပိုသော ဈေးနှုန်းများဖြင့် သာ ဝန်ဆောင်မှုပေးသွားမည်ဟုဆို သည်။

ဟိုတယ်ပေါ်မှနေ၍ မြန်မာ့ ရေ၊ မြေ၊ တော၊တောင်၊ သဘာဝအလှအပများ၊ ပတ်ဝန်းကျင်ရှိ  ကျေးလက်တောရွာ များ၏ အလှအပရှုခင်းများကိုတစ်ပြိုင် တည်းကြည့်ရှုနိုင်မည်   ဖြစ်သည်။ ကရဝိက်ဖောင်ကြီးကို နေ့စဉ် နံနက် ၄ နာရီမှ ညနေ ၆နာရီအထိ မင်းကွန်း ပုထိုးတော်ကြီးကို အနီးကပ်ဖူးမြော်နိုင် ရန် မန္တလေးတောင်ပေါ်ရှိ ဘုရားများ၊ စစ်ကိုင်းတံတားကြီးနှင့် မင်းဝံတောင် ရိုးရှိ စေတီပုထိုးများအား  မြစ်အတွင်း မှ  ဖူးမြော်နိုင်ရန်၊  နေဝင်ဆည်းဆာ အလှများနှင့်   မန္တလေးရှိ  သိသင့် သိထိုက်သည့် နေရာများအားကြည့်ရှု နိုင်စေရန်ခုတ်မောင်းမည်ဟု  သိရ သည်။ အစားအသောက်များ အနေ ဖြင့်လည်း ဥရောပ၊ အာရှအစားအစာ၊ တရုတ်အစားအစာနှင့် မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါးအကြော် စုံအစရှိသည့် အစားအစာများလည်း ရရှိနိုင်မည်ဖြစ်သည်။

ယင်းကရဝိက် ရေပေါ်ဟိုတယ် ကြီးကို  ၂ဝ၁၃ခုနှစ်  မတ်  ၃ ရက် က    စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး သုံးထပ်ဆောင်အမျိုးအစား အလျားပေ ၂၅ဝ အနံပေ ၇ဝ ရှိကာ ဧရာဝတီမြစ်ရေပြင်အထက် သုံးထပ် ဆောင်ထိပ်ထိ အမြင့် ၃၄ ပေ ၈ လက်မရှိပြီး ရွေ့လျားသွားလာနိုင်ရေး အတွက်  မြင်းကောင်ရေ  ၃၆ဝ ရှိ ရှစ်လုံးထိုးအင်ဂျင်နှစ်လုံး  တပ်ဆင် ထားသည်။  ကရဝိက်၏ နံရံများပေါ် တွင် ရုပ်လုံးရုပ်ကြွကနုတ်ပန်းများကို ထားရှိပြီး သင်္ဘောအတွင်း အခန်း ၁၂ခန်းမှာလည်း ၁၂ လရာသီ၏ သဘောသဘာဝကို   ဆောင်သည့် ၁၂ ရာသီပွင့်သော ပန်းများလည်း ထားရှိသွားမည်ဖြစ်သည်။

ထူးခြားချက်    အနေဖြင့် ကရဝိက်ဟိုတယ်ကို  သစ်သားများ ဖြင့်သာတည်ဆောက်ထားပြီး ကွမ်း သီးပင်၏ အသားများကို အသုံးပြုထား ကာ ပိုမိုခိုင်မာစေရေးအတွက်Steel Structure၊ သံဖရိန်များဖြင့် ထိန်းညှိ ပေးထားသည်။ ထို့နောက် ဖောင် တော်၏ အမြီးပိုင်းတွင်လည်း ခုနစ်နေ့  ခုနစ်ရက်  နေ့နံအလိုက် အဓိပ္ပာယ် ရှိသော ကနုတ်များနှင့် ၂၄ ပစ္စည်း  စက်ဝိုင်းပုံသဏ္ဌာန်ပါသော ကနုတ် ပန်းများဖြင့်  ခြယ်သထားသည်။

ဖောင်တော်ဦးထိပ်တွင် ထားရှိ သော  ဆင်ဖြူတော်  နှစ်ကောင်မှာ လည်း  ပန်းဆယ်မျိုးအတတ်ပညာ များအနက်မှ ပန်းခြောက်မျိုးတို့ဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။

ထို့နောက် မြန်မာ ဘုရင်များ၏ မင်းခမ်းမင်းနား အဆောင်အယောင်   ရုပ်တုများ၊ မေခလာနတ်သမီးရုပ်တု၊ နတ်မင်းကြီး လေးပါးရုပ်တု၊ ရုပ်သေး ပညာ၊ တစ်ပင်တိုင် ခြင်းလုံးပညာ၊ တိုင်းရင်းသားရိုးရာအကများကိုလည်း  မင်္ဂလာခန်းမအတွင်း ခင်းကျင်းပြသ မည်ဖြစ်သည်။

ဟိုတယ်  ဝန်ထမ်းများကို မြန်မာ့ ယဉ်ကျေးမှု  ဖော်ဆောင်နိုင်သော    ဧည့်ဝတ် ကျေပွန်မှုများကို ကမ္ဘာက သိအောင်ဆောင်ရွက်မည်  ဖြစ်ပြီး ဝန်ဆောင်မှု    အနေဖြင့်လည်း   ဟိုတယ်အတွင်း   အတွေ့အကြုံ ကောင်းရှိသည့်  မြန်မာနိုင်ငံသား  သင်္ဘောသား  ဝန်ထမ်း ၂ဝ၊ ဟိုတယ် ဝန်ထမ်း ၉ဝ ကျော်ဖြင့် ဖွဲ့စည်းထား သည်။

အရည်အချင်းရှိသော ဝန်ဆောင် မှု အပြည့်အဝပေးနိုင်သော ဝန်ထမ်း များဖြစ်စေရေး ဟိုတယ်မဖွင့် လှစ်မီ သုံးလအကြိုမှပင်  လစာပြည့်ဖြင့် သင်တန်းများ ပို့ချပေးလျက်ရှိသည်။

သစ်သားဖြင့် တည်ဆောက် ထားသော အဆောက်အအုံဖြစ်သည့် အလျောက်   မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိုလည်းဆောင် ရွက်ထားကြောင်း၊  ဟိုတယ်အတွင်း တည်းခို    နေထိုင်သူများအတွက်  ကျန်းမာရေးဆေးမှူးများကိုလည်း  ထားရှိဆောင်ရွက်သွားမည်   ဖြစ် ကြောင်းလည်း  သိရ သည်။

အဆိုပါကရဝိက် ရေပေါ်ဟိုတယ် ကို   American   Certificate  ၂ဝ၁၁-၂ဝ၁၂ နှင့် ရုရှားနိုင်ငံမှ ပေး အပ်သော ရေကြောင်းသိပ္ပံပညာရှင် လက်မှတ်ရ မြန်မာနိုင်ငံသားပညာ ရှင်တစ်ဦးက   ဒီဇိုင်းရေးဆွဲကာ ပြည်တွင်း လက်မှုအနုပညာရှင်များဖြင့် သာတည်ဆောက်ခြင်းဖြစ်ပြီး အောက် တိုဘာ ၁၈ ရက်က လူဦးရေ ၁ဝဝဝ ကျော်တင်ဆောင်ပြီး စမ်းသပ်မောင်း နှင်မှုများလည်း  ဆောင်ရွက်ခဲ့ကာ နိုဝင်ဘာလအတွင်း  အပြီးသတ် မည်ဖြစ်ပြီး မကြာမီတွင် ဖွင့်လှစ်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇင်ဦး
ဓာတ်ပုံ-အောင်ပိုင်
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မှကူးယူတင်ပြထားပါသည်။

No comments:

Subscribe

လာလည်သူများ

free counters