♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 24, 2014

" ဝိဇ္ဖာ ပရဗိုဇ် တို့၏ မဟာ ပီယဆေးတော်ကြီး ဖော်စပ်နည်း"

အချစ်တွေတိုးလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ဘို့အရေး...နောက်ပြီး ဘယ်နေရာကိုသွားသွား 
ဘယ်သူနှင့်ဘဲတွေ့တွေ့ ကိုယ့်ကို ချစ်ခင်ပြီး အရေးတယူ ဆက်ဆံလာအောင် ပီယဆေး ဆိုတာ
ကိုဆောင်ထားမှ ကိုယ့်အလိုပြည့်နိုင်မှာ ဖြစ်ပါတယ်.......လောကမှာ ပီယဆေးလေး သာ ကိုယ့်ရဲ့
အပါးမှာရှိနေရင် ပျိုပျိုအိုအို ဘယ်သူမဆို ကိုယ့်ကိုတွေ့လိုက်တာနှင့် မခေါ်ခင်က ထူး၊ မကြည့်ခင်က
ပြ၊ မသိယင်တောင်နှုတ်ခေါ်ဆက်၊ မပြောမှီက ဟုတ်ကဲ့ထူး၊ မဆွတ်ခင်က လက်ထဲပါ၊ မလှမ်းမှီက
ရှေ့ကိုတိုး၊ မနမ်းမှီက ပါးထိုးပေး၊ မတောင်းခင်က လက်ထဲထည့်၊ မဆွဲမှီက လက်ကိုကမ်း၊ မဟမှီက
ခေါင်းတွင်တွင်ငြိမ့်၊  မဖက်မှီက ကိုယ်ထဲရောက်၊ မခိုင်းမှီက အသင့်ဖြစ်၊ မဖိတ်မှီက အိမ်ဦးခန်းထိုင်၊
မရိုက်မှီက ကျောဆင်းပေး အစရှိသည့် အစွမ်းအားပိုင်ဆိုင်ရရှိလိုသော်..အလွန်ဆစွမ်းထက်သည့်
"ပီယဆေး"ကို ဆောင်ထားရပေမည်.....

ထိုဆေးနည်းကား ရှေးရှေးယဝိဇ္ဖာ ပရဗိုဇ်များရဲ့ ထုံးနည်းများအရ အလွန်သိဒ္ဓိမြောက်သည့် "မဟာ
ပီယဆေးတော်ကြီး"ပင် ဖြစ်သည်။ မန္တာန်။  ။ သလွန်တောင် ရသမောဘိုးဘိုး၊ ထီးတော်ဖြူ ဇရပ်နန်းမှ ဥစ္စာစောင့် တစ်ရာ၊ ကြက်မိုးမျှော် ဆင်ဖြူ တော် မျက်ချေး၊ ရွှေနတ်ကွန်း ရဇမတ်ကွက်၊ တောင်ထက်၌ ဇရစ်မြည်၊ မြနန်းတော်ပြသာဒ် ချယားချပ်၊ ချယားပွင့်၊ မယ်ဇလီအဖူး၊ ဇရစ်ဆင့်၊ အဆောင်တော်မမ
ဘုရား၊ နတ်သမီးအမွှာ၊ ပလ္လင်ထက်စံ၊ ရွှေနှင်းဆီရံ၊ မြလေးရုံ ဥစ္စာစောင့်၊ တောင်ဘက်ကဝါးရုံ၊ ဆေး
အစုံ၊ မြေမှုံကဝင်းဝင်း၊ သိင်္ဂီရွှေဝါ၊ မုတ္တာပုလဲ၊ အဟုတ်သာကဲပေတော့၊ ဓါတ်လုံးတော် သိဒ္ဓိမြောက်၊
အောင်ဇေယျတု။ ဇေယျာ အဟိ၊ ဇေယျာ အဟုံ၊ ဇေယျာ အဟော၊ ဇေယျာ အဟေး၊ ဇေယျာ အဟိန်၊
မနန်းစိန် ထလော့၊ တချက်ဝင် အသက်ရှင်၊ ကျောက်ပျဉ် အထက်၊ တင်လရက်။ ရေမှုတ်တခွက်
ဆေးတဘက်၊ အောင်း၊ အောင်း၊ အောင်း၊ သမ္ဘူလ၊ အမရာ၊ ယသောဓယာ၊ ဖော်စရာဆေး၊ အောင်း၊
အောင်း၊ ဘဝသရဏီ၊ မခချေ။ မစချေ ၊ ခြေနှစ်ဘက် အရှေထွက်လို့၊ နေထွက်သည့်ဘက်မျက်နှာမူ၊ အနောက်မှာတတိုင်း၊ ကာရံသိုင်း၊ မြောက်ဘက် ကြက်ဥ၊ ဒါနပြု၏၊ တောင်ဘက် စနေ၊ မောင်သက်
ရှည်၏၊ သူရိယ၊ သူရိယ၊ မဟူသိတော၊ မဟူနိယော၊ မဟူ ဧက၊ ဟဲ့ စရိယ အမိန့် နာချေသိမ့်လော့။
အဲ့ဒိ မန္တာန်ကို ဖတ်ရမှာ ဖြစ်ပြီး.... ကျန်တဲ့ လုပ်စရာ အပိုင်းကိုတော့    ( ဒီနေရာ လေးမှာ နှိပ်ကြည့် လိုက်ပါ)။     အရေးကြီးတဲ့ အတွက် ဒါက လျှို့ဝှက်ချက်ဖြစ်ပါတယ်။

No comments:

Subscribe

လာလည်သူများ

free counters