♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 19, 2014

သရဲကိုတကယ်မြင်ချင်သလား???










ခွေးမျက်ချည်းသုတ်ပြီးကြည့်ရင်သရဲတွေ့သတဲ့..

ကိုယ်တွေ့ပါကွယ်.. ၇နှစ်သမီးတုန်းကပေါ့.. အဲ့တုန်းကတာမွေမေတ္တာညွှန့်ထဲမှာနေတာပေါ့အဘိုးရဲ့မွေးနေ့ဆို အိမ်မှာလူဆုံတတ်ပါတယ်.. အဘွားကသားသမီး၁၁ ယောက်(အခုတော့၇ ယောက်ပဲရှိပါတော့တယ်) မွေးထားတာဆိုတော့
 မြေးဖြစ်တဲ့မေဗေစ့်တို့လဲမောင်နှမအုပ်စုတောင့်ပါတယ်.. အားလုံးပေါင်း မြေးကြီးကနေ မြေးအငယ်အထိ ၂၀ ကျော်မယ်ထင်ပါတယ်(၂၀၀၀)ခုနှစ်လောက်ကပေါ့ ပေါက်ကရလုပ်ကြဖို့ကြံကြတယ်.. မေဗေစ့်တို့မောင်နှမတွေကခွေးချစ်တတ်ပါတယ်.. ခွေးလေးလေးကောင်မွေးထားပါတယ်.. အစ်ကိုတစ်ယောက်ကထပြီးခွေးမျက်ချီးကွင်းကြည့်ရင်သရဲတွေ့ရတတ်တယ်လို့အစဖော်ပါတယ်.. ကျန်တဲ့လူတွေကလဲဗေဂျိဆိုထကမယ့်လူတွေဆိုတော့ခွေးလေးတွေကိုခေါ်မျကချီးဆေးဖော်ကြတော့တာပေါ့.. အဲ့လိုနဲ့ပြီးတော့မှ..လက်ဘက်ရည်ဆိုင်ထိုင်ကြမယ်ဆိုပြီးလူကြီးတွေကိုလိမ်ပြောပြီး. ထွက်ကြပါတယ်..

၁၁း၀၀ လောက်ကြီးဆိုတော့လဲလူကရထားလမ်းပေါ်လူပြတ်နေပါပြီ.. ရထားလဲမလာတော့လို့ ၇ုံစောင့်ကြီးလဲအိပ်နေပြီပေါ့..မီးလေးမှိန်မှိန်၇ထားလမ်းပေါ်တက် တောင်လျှောက်မြောက်လျှောက်လုပ်ကြတာပေါ့ အဲ့လိုနဲ့ရှေ့ကနေတစ်ယောက်တစ်နေရာဆီသွားနေတဲ့အစ်ကိုတွေဘာမပြောညာမပြောနဲ့ပြေးကြရော.. မေဗေစ့်ကိုလဲမမကလက်ဆွဲထားတော့ပြေးလို့မရဘူးပေါ့.. မမကမပြေးပဲတောင့်တောင့်ကြီးရပ်နေတော့ကလေးပီပီဆွဲပြေးရတာပေါ့.. အဲ့တော့မှအားခနဲ့အော်ပြီးလိုက်ပြေးတော့တာပဲ..

အိမ်လဲရောက်ရောအမေတွေကရိုက်ကြနှက်ကြနဲ့အုတ်အော်သောင်းနင်းပဲ..အစ်ကိုနှစ်ယောက်ကိုတော့ပရိတ်ရေတိုက်ရတယ်.. ပြီးမှစကားပြောနိုင်တယ် သူတို့ပြောပြတာတော့..လက်ပြတ်တွေခြေပြတ်တွေအရင်တွေ့တယ်တဲ့ပြီးမှ မျက်နှာချင်းဆိုင်မှာ၇ုတ်တရက်ပေါ်လာပြီခေါင်းမပါတဲ့ကိုယ်ခန္ဓာကြီးက ခေါင်းပြန်ပေးလို့တောင်းတော့ကြောက်အားလန့်အားနဲ့ပြေးတာတဲ့.. မမကကြတော့မေဗေစ့်ကိုညာဘက်ကတွဲထားတာ..(မေဗေစ့်ကဆောင့်ဆွဲတဲ့အချိန်)ဘယ်ဘက်လက်ကိုနောက်ထက်လက်တစ်ဖက်ကလာတွဲထားလို့အော်လိုက်တာတဲ့..မေဗေစ့်ကတော့ကလေးပဲ၇ှိသေးလို့လား.. မျက်ချီးပဲနည်းသွားလားတော့မသိဘူး..ဘာမှကိုမတွေ့ခဲ့ရတာ..!

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer

No comments:

Subscribe

လာလည်သူများ

free counters